part 143

3.5K 471 2
                                    

Unicode

အမှိုက်ကောင်ပြန်ရှင်လာပြီ

အပိုင်း (၁၄၃)

မူဟွိုင်က မှော်စွမ်းအင်နှင့် သိုင်းပညာ နှစ်မျိုးကျင့်ကြံသူဖြစ်သည့်ပြီး မူတင်းရွှယ်ကလည်း အလားတူဖြစ်သည်။ နှစ်ယောက်လုံးက အဆင့်ခုနှစ်ဖြစ်ကြကာ တူညီသည့်သိုင်းကို အသုံးပြုကြသည့်အတွက် လက်ရည်ညီနေသည်။

မိုးပြာရောင်အလင်းများက လှည့်ပတ်နေကာ နှစ်ယောက်လုံးက ဖျက်ကနဲဆိုလျင် အကွက်ပေါင်း ရာကျော် တိုက်ခိုက်ပြီးသွားသည်။

‘‘မင်းက ဘယ်သူလဲ၊ ဘာလို့ ငါ့ရဲ့မိသားစုသိုင်းကို တတ်နေတာလဲ’’
မူဟွိုင်က ဒေါသတကြီးပြောသည်။

မူတင်းရွှယ်က သူ့ကိုအေးစက်စွာကြည့်ပြီး တည်ငြိမ်စွာပြော၏။
‘‘ပြောချင်တာပြော’’

မိုးပြာရောင်စွမ်းအင်များက ပျံ့နှံ့နေခဲ့ကာ မူတင်းရွှယ်နှင့် မူဟွိုင်တို့ကို လှည့်ပတ်နေပြီး သူတို့ နှစ်နာရီဆက်တိုက် တိုက်ခိုက်ပြီးနောက်တွင် နှစ်ယောက်လုံး ပင်ပန်းသွားကြသည်။ မည်သူကမှ အနိုင်မရခဲ့ပေ။

မူဟွိုင်က မူတင်းရွှယ်ကို ကြည့်ကာ သံသယများ ပြည့်လာသည်။ မူမိသားစုမှ ဘိုးဘေးချမှတ်ခဲ့သည့် သင်္ကေတတစ်မျိုးကို မပိုင်ဆိုင်ထားလျှင် ထိုသူက မူမျိုးနွယ်မှ ဆက်ခံသူ မဟုတ်လျှင် ထိုသိုင်းကို ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ပေ။

မူဟွိုင်က ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ အရှိန်အဝါကို ထုတ်ဖော်လာသည်။

မူတင်းရွှယ်က မူဟွိုင်၏ ပုံစံကို ကြည့်ကာ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
‘‘မူဟွိုင်က တိုက်ကွက်ကြီးလှုပ်ရှားတော့မယ်’’

ဓားအရှိန်အဝါများ ထွက်ပေါ်လာခဲ့ကာ မီးပန်းဖောက်သကဲ့သို့ မူတင်းရွှယ်ထံသို့ ပျံသန်း ဝင်ရောက်လာသည်။ ဒါက ဓားတစ်သောင်းလှောင်အိမ် ဓားသိုင်းဖြစ်သည်။

မူတင်းရွှယ်က ထိုအကွက်အတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဓားတစ်သောင်းကျဆင်းလာချိန်တွင် အသာအယာပင် နှစ်ခြမ်းခြမ်း လိုက်နိုင်၏။ မူကလန်မှ ဓားသိုင်းဓားတစ်သောင်းလှောင်အိမ်ဟာ မူကလန်မှ ဓားရေစက်သိုင်းနှင့် ညီမျှနေကာ ထိုသိုင်းဖြင့် ပယ်ဖျက်နိုင်စွမ်း ရှိသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now