part 133

3.8K 550 5
                                    

Unicode

အမှိုက်ကောင်ပြန်ရှင်လာပြီ

အပိုင်း (၁၃၃)

သူတို့ရထားလုံးက တောင်တန်းပေါ်သို့ တက်လာချိန်တွင် ကျွင်းဟောင်က ရီဖန်နှင့် မူတင်းရွှယ်တို့ ရထားလုံး မောင်းနေသည့်နေရာနားသို့ ရောက်လာသည်။ ရီဖန်က ရုတ်တရက် ထွက်ပေါ်လာသည့် ကျွင်းဟောင်ကို ကြည့်ကာမေး၏။

“သခင်လေးကျွင်း ဘာဖြစ်လို့လဲ”

“ဆက်မသွားနဲ့တော့”

“ဘာလို့လဲ”
ရီဖန် ပဟေဠိဖြစ်သွားသည်။ ကျွင်းဟောင်က ပြုံးကာပြော၏။

“ဒီတောအုပ်က တစ်ခုခုမှားနေတယ်၊ ငါတို့ ဒီနေရာမှာတစ်ပတ်ပတ်နေတာ လွန်ခဲ့တဲ့ တစ်နာရီကတည်းကပဲ”

ရီဖန်က မျက်မှောင်ကြုတ်သည်။
“မဖြစ်နိုင်တာ”

“ငါ မမှားဘူး”

ရီဖန်က ကျွင်းဟောင်ကိုကြည့်သည်။
“သခင်လေးကျွင်း ဒီနေရာကိုတစ်ယောက်ယောက်က တစ်ခုခုလုပ်ထားတယ်လို့ ပြောချင်တာလား”

ကျွင်းဟောင်က ခေါင်းည်ိတ်သည်။
“အဲတာက ပျောက်ဆုံးနေတဲ့ မြေခွေးတောင်ဖြစ်လောက်တယ်”

ယွမ်စီရင်စုတွင် ပြိုင်ဘက်ကင်းသည့် အင်အားစုများစွာရှိကြကာ တစ်စုံတစ်ယောက်က ယွမ်စီရင်စုမှ လူများကို ရှန်းမန်အဖွဲ့သို့ မသွားစေချင်လျှင် ဖုန်းယွမ်ကိုကုသခြင်းမှ တားဆီးရန် လိုအပ်ပေလိမ့်မည်။

ရီဖန်က မေးသည်။
“တကယ်လား”

ရှန်းယွမ်ကလည်း ထွက်လာသည်။
“ကျွင်းဟောင်ပြောတာမမှားဘူး ၊အားဟောင်က ရွှေအဆင့်သားရဲသခင်ဆိုတော့ သူ့ရဲ့မြင်နိုင်စွမ်းက ထူးခြားတယ်”

ရီဖန်က တွေးလိုက်သည်။
ကျွင်းဟောင်နှင့် ချီရှောက်ရုန် ဒီလောက် အတူရှိတာ ကြာတာကို နတ်ဆိုးသမားတော်က ချီရှောက်ရုန်မှန်းမသိခဲ့တာက အမြင်စူးရှတယ်ဟုတ်လား ရယ်စရာပဲ။

ကျွင်းဟောင်က သူ၏မှော်တုတ်တံကိုရမ်းလိုက်သည့်အခါ မိုးကြိုးများထွက်ပေါ်လာခဲ့ကာ တောအရှေ့ရှိ သစ်ပင်တစ်ပင်ကို သွားမှန်သည်။ ရီဖန်တို့ရှေ့ရှိ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွား၏။ ရီဖန်က မျက်မှောင်ကြုတ်ကာ မှင်သက်သွားသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now