part70

6.1K 901 5
                                    

unicode

အပိုင်း ၇၀

“ကျွင်းဟောင်က တကယ် သန်မာပါတယ်။ တစ်ချက် လှုပ်ရှားရုံနဲ့ အဆင့်ခြောက် သားရဲနယ်မြေကို ရှင်းပစ်နိုင်မတတ်ပဲ။ ဒါပေမယ့် မင်းသာ သူ့နားက သိုလှောင်နားကပ်ကို ယူလိုက်ရင် ရှန်းဟွမ်အကယ်ဒမီက သည်းခံနိုင်တော့မှာ မဟုတ်ဘူး။ လုမင်ရဲ့ မျက်နှာကို တွေ့လား အိုးဖင်လိုပဲ မည်းတူးနေပြီ”
ဟူဖုန်းက ပျော်ရွှင်စွာ ရယ်နေသည်။

ဟူဖုန်းက နောင်တအပြည့်ဖြင့် ပြောသည်။
“နှမြောစရာ ကောင်းတာက၊ အချိန်သာ နည်းနည်းပိုရရင် မင်း ခါးပတ်အကြောင်း သိသွားမှာပဲ”

“နှမြောစရာ မကောင်းဘူး။ ပေါင်ဒါမှုန့်ရဲ့ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိတယ်။ အချိန်ကြာတာနဲ့ ကျွင်းဟောင် ပြန်သက်သာသွားမှာပဲ”

“ကျွင်းဟောင်က ပါရမီတွေနဲ့ မွေးဖွားလာတာ မင်း သူ့ကို ရင်ဆိုင်ဖို့ မလိုပါဘူး”

“…”

ထိုအခိုက် လီဟုန်က အနားသို့ ရောက်လာကာ ဟူဖုန်းကို ပြောသည်။
“ ကျောင်းအုပ် ရီဟောင်တော့ ထွက်လာပြီ။ ရီပင်း ထွက်မလာသေးဘူး”

လျှို့ဝှက်နယ်မြေထဲမှ မထွက်လာနိုင်သည်မှာ နှစ်မျိုးသာ ရှိသည်။ တစ်မျိုးက အဆောင်ပျောက်သွားခြင်း ဖြစ်ပြီး အခြားတစ်မျိုးကမူ သူတို့ အသတ်ခံရခြင်းသို့ သေသွားခြင်းသာဖြစ်သည်။

ချီရှောက်ရုန်က ရီဖန်ကို ကြည့်လိုက်သည်။ ရီဖန်က ပျင်းတိပျင်းရွဲ ရပ်နေ၏။

“ရှန်းယွမ်နဲ့ ရီပင်းက ရေစွမ်းအားသုံး မှော်ပညာရှင်တွေပဲ။ သူတို့ အခြေအနေ တူနေတာ အံ့သြစရာ မရှိတော့ဘူး”
ဟူဖုန်းက အော်ရယ်နေသည်။

“ဒီလိုဆိုမှ ရီပင်း အဆင့်(၇)သားရဲ နယ်မြေထဲ ဝင်သွားတာ ငါ မြင်လိုက်တယ်။ သားရဲတွေ သတ်လို့ သေပြီထင်တယ်”
လီဟုန်က ပြောသည်။

“ဒါက လုမင် စိုးရိမ်ရမယ့် ကိစ္စပဲ။ ငါတို့နဲ့မဆိုင်ဘူး”

“သူတို့က ဒုတိယနေရာ ရအောင် လုပ်နိုင်ခဲ့ပေမယ့် ဒါက ကျွင်းဟောင်ကြောင့်ပဲ။ ဒါနဲ့တင် အတော် ရယ်နေရပြီ”
ဟူဖုန်းက အော်ရယ်နေသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now