part 131

4.1K 602 15
                                    

Unicode

အမှိုက်ကောင်ပြန်ရှင်လာပြီ

အပိုင်း ၁၃၁

ရီဖန်က ကျွင်းဟောင်၏အနားသို့ လျှောက်လာကာ ပြော၏။
“သခင်လေးကျွင်းက ဘယ်နေရာသွားသွား ကျော်ကြားနေတာပဲ”

ကျွင်းဟောင်က ရီဖန်ကို ကြည့်သည်။
“ဟုတ်လား၊ ရှောက်ရုန်က မင်းကို မကြိုက်တာ ဆိုးတာပဲ”

“သခင်လေးက အမြင်ကောင်းရှိတယ်၊ သခင်လေးကျွင်းက အရမ်းကောင်းတာမှန်ပေမယ့် ကျွန်တော့်သခင်လေးရဲ့ အဆင့်အတန်းကို မမှီသေးဘူးလေ”
ရီဖန်က ပြောသည်။

ကျွင်းဟောင် “…”

“မင်းရဲ့သခင်လေးက အဲဒီလောက် မျှော်လင့်ချက်ကြီးနေမှတော့ တစ်ယောက်နဲ့မှ ရမှာမဟုတ်ဘူး၊ ဒါကိုသိလား”
ရှန်းယွမ်က မေးသည်။

ရီဖန်က ရှန်းယွမ်ကို ကြည့်ကာ ပြော၏။
“သခင်လေးရှန်း၊ သခင်လေး ကိုယ့်ကိုယ်ကိုပဲ စိတ်ပူသင့်တယ်ထင်တယ်၊ ကျွန်တော့်ရဲ့သခင်လေးကို စိတ်ပူဖို့မလိုအပ်ဘူး၊ ကျွန်တော့်သခင်လေးက အရမ်းကံကောင်းတာ၊ ကျွန်တော့်သခင်လေးက ကံကောင်းရုံတင်မကဘူး၊ စီးပွားရေးလုပ်ငန်းကြီးတွေကို ပိုင်ဆိုင်ထားသေးတော့ ဘယ်သူမဆို ယူလို့ရတယ်လေ”

ရှန်းယွမ်က ပြောသည်။
“ဒါဆို မင်း ဒီနားကို ဘာလာလုပ်တာလဲ”

“လုပ်ငန်းတစ်ခုပေါ့”

“ဘာလုပ်ငန်းလဲ”

ရီဖန်က သူ၏အိတ်ကို ဖွင့်ပြသည်။
“ကြိုက်ရာယူလိုက်”

ရှန်းယွမ်က ထိုအိတ်ရှိအရာတွေကို ကြည့်ပြီးမျက်နှာမဲ့သွားသည်။
“ဒါက လူသားသားရေမျက်နှာဖုံးတွေပဲ၊ ရုပ်ဆိုးလိုက်တာ”

ရီဖန်က ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ လီပြည်နယ်ကို သွားဖို့လိုအပ်တယ်၊ မြန်မြန်သွားဖို့လိုအပ်တော့ ကျွင်းဟောင်က လိပ်ပြာတွေကို အရမ်းဆွဲဆောင်နေလို့ အရှိန်ကိုလျော့ကျစေတယ်”

ရှန်းယွမ်က ဘူးထဲမှ မျက်နှာဖုံးများကို ထုတ်ကာ ပေးသည်။
“အားဟောင် မင်း တစ်ခုတော့ ရွေးသင့်တယ်၊ မင်းသာ ရုပ်ဆိုးသွားမယ်ဆိုရင် ဘယ်သူကမှ မင်းကို လိုက်ကပ်နေတော့မယ် မထင်ဘူး”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now