အပိုင်း ၄၁ နတ်ဆိုးသမားတော် ဘယ်ရောက်သွားတာလဲ
ကျွင်းဟောင်သည် နတ်ဆိုးသမားတော်က ရီမိသားစုမှ ပြဿနာလာရှာမည်ကို ထိတ်လန့်၍ ခေတ္တရှောင်ရှား နေသည်ဟုသာ ထင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အချိန်ကြာလာသည့်အခါ သူ မသက်မသာဖြစ်လာသည်။
ချီရှောက်ရုန်က ချီမိသားစုမှ သူ့အတွက် ပြင်ဆင်ပေးထားသည့် အိမ်တော်တွင်နေသည်။ ရက်အနည်းငယ်အထိ မည်သည့်ဧည့်သည်မှ မရှိခဲ့ပေ။
ထို့နောက် ကျွင်းဟောင်က နောက်တစ်ရက်တွင် လာလည်သည်။
ချီရှောက်ရုန်က အပြုံးဖြင့် ကျွင်းဟောင်ကို ကြည့်ပြီးပြော၏။
“သခင်လေးကျွင်းတောင် ရောက်လာတာပဲ၊ သခင်လေးကျွင်းက ဒီရက်တွေမှာ လုပ်စရာအလုပ်တွေ မရှိဘူးနဲ့တူပါတယ်”
“ဒီလိုရောက်လာရတဲ့အတွက် စိတ်မကောင်းပါဘူး”
“ကျွန်တော် ဖျက်သိမ်းခဲ့တဲ့ကိစ္စအတွက်လည်း တောင်းပန်ပါတယ်”
ချီရှောက်ရုန်က လက်ကာပြသည်။
“အဆင်ပြေပါတယ်၊ ငါက အပျော်ဂေဟာလေးတစ်ခု ဖွင့်ထားတာဆိုတော့ ဗီလိန်တွေကို မြင်ဖူးပါတယ်၊ ဒီတော့ သူတို့ရဲ့ဆွေမျိုးတွေကိုတောင် မမှတ်မိဘဲ ပြဿနာလာရှာတဲ့သူတွေကိုလည်း မကြာခဏ တွေ့နေရတာပဲ၊ ဒါကြောင့် ကိစ္စမရှိပါဘူး”
ကျွင်းဟောင်”…”
ရှန်းယွမ်”…”
ချီရှောက်ရုန်က ရှန်းယွမ်ကို ကြည့်ကာ ပြောသည်။
“သခင်လေး ရှန်း၊ သခင်လေးက အမြဲတမ်း အားလပ်နေတာပဲနော်၊ နေရာတိုင်းကို တွေ့နေရတော့တာပဲ”
ရှန်းယွမ်”…”
သူ မလိုက်လာခဲ့သင့်တာပါ။
“စတုတ္ထညီငယ် အခုတလော ဘယ်လိုအခြေအနေရှိလဲ”
ချီရှောက်ဖူက ပြောသည်။
ချီရှောက်ရုန်က ချီရှောက်ဖူကို ပြုံးကာ ပြောလိုက်သည်။
“အဆင်ပြေပါတယ် အစ်ကို သုံး၊ အခုပဲကြည့်လေ၊ ကျွန်တော် ဘယ်လောက်ချောလာလိုက်သလဲ”
ချီရှောက်ရုန်က မှန်လေးကို ထုတ်ကာ ပွတ်လိုက်လေပြီး သူ့မျက်ခုံးနှင့် မျက်လုံးတွေကို ကြည့်လိုက်သည်။
“အစ်ကို သုံး ဒီနေ့လာတာက ကျွန်တော် အသက်ရှင်နေသေးသလားလို့ လာကြည့်တာတော့ မဟုတ်ပါဘူးနော်၊ ဘာကိစ္စရှိလို့လဲ ပြောပါ”
ချီရှောက်ရုန်က မှန်ကိုကြည့်ကာ မျက်နှာချေကို ပြင်နေရင်းမှ ပြောလိုက်သည်။
“ရှောက်ရုန် မင်းနဲ့ နတ်ဆိုးသမားတော်က အရမ်းရင်းနှီးကြတာ မဟုတ်လား၊ သူ ဘာလို့ ပျောက်သွားသလဲဆိုတာကို သိလား”
ချီရှောက်ဖူက ပြောသည်။
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“သိတာပေါ့”
“သူက ဘယ်ရောက်သွားလဲ”
ကျွင်းဟောင်က အလောတကြီးမေးလာသည်။
ချီရှောက်ရုန်က မေးကို မော့ကာ ပြောသည်။
“အင်ပါယာမြို့တော်မှာ ဘာစိတ်ဝင်စားစရာမှ မရှိတော့လို့ သူ့ရဲ့ တွေးတောမှုအတွက် မသင့်လျော်ဘူးဆိုပြီး ထွက်သွားတာလေ”
ကျွင်းဟောင်၏ အကြည့်တွေက ထက်ရှသွားသည်။
“သူ တကယ်သွားပြီလား”
“သွားပြီလေ”
ကျွင်းဟောင်က မျက်မှောင်ကြုတ်ပြန်သည်။
“ဘာလို့ သူ မသွားခင်မှာ ငါ့ကို မနှုတ်ဆက်သွားတာလဲ”
ချီရှောက်ရုန်က ပုခုံးတွန့်ပြသည်။
“ဘယ်သိမှာလဲ”
“ဒါဆို နှုတ်ဆက်ပါတယ်”
ကျွင်းဟောင်က ပြောပြီးသည်နှင့် ထွက်သွားတော့ပေသည်။
“သခင်းလေးကျွင်းကိုလည်း နှုတ်ဆက်ပါတယ်”
ချီရှောက်ရုန်က လှမ်းအော်လိုက်သည်။
ကျွင်းဟောင် ထွက်သွားပြီးနောက် ရှန်းယွမ်ကလည်း ထွက်သွားသည်။ ချီရှောက်ဖူသာ ကျန်နေရစ်ခဲ့၏။
"စတုတ္ထညီလေး နတ်ဆိုးသမားတော်က တကယ် ထွက်သွားပြီလား”
ချီရှောက်ဖူက ချီရှောက်ရုန်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
ချီရှောက်ဖူက လေးနက်စွာ ပြန်ကြည့်လာသဖြင့် ချီရှောက်ရုန်က ပြောလိုက်၏။
“တကယ်လို့ သူ မထွက်သွားဘူးဆိုရင် ရီမိသားစုက သူ့ကို ပြဿနာ လာရှာတော့မှာပေါ့”
ချီရှောက်ဖူက သက်ပြင်းချကာ ပြောသည်။
“ရီမိသားစုက တကယ်ကို အရှုပ်အထွေးတွေထဲ ရောက်နေတာ၊ ရီရွှမ်းက မိသားစုကနေ ရီဖန်ကို ထုတ်ပယ်လိုက်ပြီဆိုတာ မင်းသိလား”
ချီရှောက်ရုန်က အံ့ဩသွားသည်။
“ရီဖန်ကို မိသားစုကနေ ထုတ်ပယ်လိုက်ပြီ ဟုတ်လား၊ ဘာဖြစ်သွားတာလဲ”
ချီရှောက်ဖူက ပြောပြသည်။
“ရီဟောင်က သေမလို ဖြစ်သွားတာကိုတောင် ရီဖန်က ရောက်မလာဘူးလေ၊ ဒါကြောင့် ရီရွှမ်းက ဒေါသထွက်ပြီး ရီဖန်ကို မိသားစုကနေ ထုတ်ပယ်လိုက်တော့တာပေါ့”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ရီရွှမ်း တော်တော် ဒေါသထွက်သွားတာပဲ၊ ဒါပေမယ့် ရီဖန်ကတော့ မမှားပါဘူး”
ချီရှောက်ဖူက အထိတ်တလန့် ပြောလာသည်။
“ရှောက်ရုန် ဒါမျိုးတွေ မပြောရဘူးနော်၊ ရီဖန် သူက ပုန်းကွယ်နေလို့ မရဘူး၊ ရီဟောင်က ဒီလိုခက်ခဲတဲ့အချိန် ရောက်နေတဲ့အချိန်မှာ သူက အပြင်ကို လျှောက်သွားနေတာကိုး”
ချီရှောက်ရုန်က ဖန်ခွက်ထဲရှိရေတွေကို တစ်ချက်ကြည့်နေပြီးနောက် ပြောလိုက်သည်။
“ရီမိသားစုက ကောင်းတဲ့နေရာမှ မဟုတ်တာ၊ ဒီတော့ စောစောထွက်သွားတာက အကောင်းဆုံးပါပဲ”
ချီရှောက်ဖူက ချီရှောက်ရုန်၏ အခြေအနေကို တွေးမိကာ ငြိမ်သက်သွားသည်။ ချီရှောက်ဖူနှင့် ချီရှောက်ရုန်တို့က စကားအနည်းငယ် ပြောပြီးသည်နှင့် ချီရှောက်ဖူ ထွက်သွားတော့ပေသည်။
အားလုံးပြန်သွားသည့်အခါ အနက်ရောင်ဝတ်စုံနှင့်လူက အခန်းထဲသို့ရောက်လာသည်။
“မင်း ရောက်လာတာ မြန်လိုက်တာ၊ သူတို့သွားတာ ကောင်းတယ်၊ မဟုတ်ရင် သူတို့ ညစာစားတဲ့အချိန်အထိ နေနေလို့ကတော့ ငါ သူတို့ကို ချက်ပေးနေရလိမ့်မယ်”
ချီရှောက်ရုန်က အေးစက်စွာပြောသည်။
“သူတို့က သခင်လေးရဲ့လက်ရာကို စားရဖို့အထိ မတန်ပါဘူး”
သူကလည်း ပြောသည်။
“ဂုဏ်ယူပါတယ် မင်း နောက်ဆုံးတော့ မိသားစုကနေ ထွက်လို့ရသွားပြီ”
ချီရှောက်ရုန်က ရီဖန်ကို တစ်ချက်ကြည့်လိုက်သည်။
ရီဖန်က ခုံတွင် ဝင်ထိုင်ပြီးနောက် ပြောလာသည်။
“ဒါက ငါ ထင်ထားတာထက်တောင် မြန်နေပါသေးတယ်”
ချီရှောက်ရုန်က ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မင်း နောက်ဆုံးတော့ ထွက်လိုက်ရတာပဲ မဟုတ်လား”
“ဟုတ်တယ် ငါမှ မဟုတ်ပါဘူး သခင်လေး၊ သခင်လေးကရော ဘယ်လိုဖြစ်ပြီး နတ်ဆိုးသမားတော်အဖြစ်ကို လက်လျော့လိုက်တာလဲ”
ချီရှောက်ရုန်က ခေါင်းခါကာ ပြောသည်။
“ဒီအတိုင်းတွေးမိလို့ပါ၊ ကိစ္စတွေက ငါ စီစဉ်ထားတာထက် ချော်ထွက်နေတယ်”
“ဘာလို့လဲ၊ သခင်လေးကျွင်းက နတ်ဆိုးသမားတော်ကို ချစ်မိသွားလို့လား”
ချီရှောက်ရုန်က ရီဖန်ကို ကြည့်သည်။
“ပေါက်ကရတွေ မပြောစမ်းနဲ့၊ ကျွင်းဟောင်ကို နတ်ဆိုးသမားတော်က အသက်(၇၀) ကျော်ပြီလို့ ငါ ပြောပြီးသား”
“ဒါပေမယ့် ကျွင်းဟောင်ကတော့ စိတ်ထဲထားပုံမရဘူးလေ၊ ကျွင်းဟောင်က ဒီတစ်ကြိမ်မှာ အရမ်းကို အလေးအနက်ဖြစ်နေတဲ့ပုံပဲ၊ အဲဒီခွေးမ ရီချူးရွှယ်က သခင်လေးကို အနှောင့်အယှက်ပေးလိုက်တော့ ကျွင်းဟောင် ဘယ်လောက် ဒေါသထွက်သွားသလဲ သိလား၊ ရီချူးရွှယ်က ဒီကိစ္စကြောင့်ပဲ ကျွင်းဟောင် ကြိုက်နေတာက နတ်ဆိုးသမားတော်ဆိုပြီး လျှောက်ဖွလိုက်တာလေ”
ချီရှောက်ရုန်က ပြောသည်။
“မင်းအများကြီး တွေးနေပြီ၊ ကျွင်းဟောင်က နို့နံ့တောင်မစင်သေးတဲ့ ကလေးတစ်ယောက်ပဲ၊ သူက ငယ်ရွယ်ချိန်မှာ ရူးနှမ်းတာက ပုံမှန်ပါပဲ”
“သခင်လေးက တကယ်အံ့ဩဖို့ ကောင်းလိုက်တာ၊ သခင်လေးက မျက်နှာတောင် မပြဘဲ လှည့်ဖြားလိုက်နိုင်တယ်၊ တကယ်ကိုအဆိပ်ပြင်းတဲ့မြေခွေးပဲ”
ရီဖန်က စသည်။
“ငါ့အကြောင်းတွေ မပြောစမ်းပါနဲ့၊ ငါကြားတာတော့ မင်းနဲ့မူရွှယ်လန်က အတူနေနေတုန်းဆို”
ချီရှောက်ရုန်က ပြောသည်။
ရီဖန်က ခေါင်းညိတ်၏။
“ဟုတ်တယ်၊ အဲဒီမိန်းမက တကယ်ထူးဆန်းတယ်၊ ကျွန်တော်နဲ့ ကွာရှင်းချင်တယ်ပြောပြီး အခုအချိန်အထိ အိမ်ကနေ ထွက်မသွားသေးဘူးလေ”
ချီရှောက်ရုန်က ခေါင်းကိုခါနေသည်။
“သခင်လေး ကျောင်းတွေက ဖွင့်တော့မယ်နော်”
ရီဖန်က ပြောသည်။
ချီရှောက်ရုန်က ခေါင်းညိတ်၏။
“ဟုတ်တယ်၊ ဒီလိုဆိုမှ မင်းက ငါ့ရဲ့စီနီယာပဲ အကြံဉာဏ်လေးများရှိသလား”
“ကျွန်တော်လည်း ဒီနယ်ပယ်မှာ သိပ်မတော်ဘူး၊ ထျန်းလန်အကယ်ဒမီရဲ့ ကျောင်းအုပ်က သာမန်လူတွေအတွက်တော့ အဆင်ပြေပါတယ်၊ အထက်တန်းလွှာတွေနဲ့ သာမန်လူတွေကြားက တိုက်ပွဲတွေ ရှိမယ်ဆိုရင်တောင်မှ ကျောင်းအုပ်က သာမန်လူတွေဘက်က လိုက်ပေးလိမ့်မယ်၊ သခင်လေးက ချီမိသားစုရဲ့ သခင်လေး ဆိုပေမယ့် အကယ်ဒမီက သာမန်လူတွေနဲ့ ပြဿနာမဖြစ်တာက အကောင်းဆုံးပါပဲ”
ရီဖန်က ပြောလိုက်သည်။
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ငါ သိတယ်၊ ကျောင်းအုပ်က စိတ်ရင်းကောင်းမယ့်ပုံစံပါပဲ၊ ရီဖန် အထူးတန်းက ဘာတွေ သင်သလဲဆိုတာကို သိသလား”
“အထူးတန်းက အထက်တန်းလွှာက သူတွေ ပိုက်ဆံကြေးမြင့်မြင့် ပေးတက်တဲ့ အတန်းပါပဲ”
“ဥပမာအားဖြင့် အရေးပေါ်ကုသဖို့လိုအပ်တဲ့ ဆေးဝါးတန်းတွေ၊ ပြီးတော့ ရှားပါးတဲ့ဆေးပင်တွေအကြောင်းတွေ၊ ထူးဆန်းတဲ့ရတနာအကြောင်းတွေ၊ စီးပွားရေးအကြောင်းတွေ စသဖြင့်ပေါ့၊ ပြောရရင် စီးပွားရေးသမားတွေအများစုတော့ တက်ကြတယ်လို့ ပြောရမှာပဲ”
ချီရှောက်ရုန်က ရီဖန်ကို ကြည့်ကာ ပြောသည်။
“အကယ်ဒမီက ဒီလိုကျောင်းသားတွေကို အခွင့်အရေးထူးတွေ မပေးဘူးလား”
“ချမ်းသာတဲ့သူတွေအတွက်ကတော့ ထျန်းလန်အကယ်ဒမီရဲ့ အထူးတန်းက တန်ကြေးမြင့်မြင့်ပေးပြီး အခွင့်ထူးတွေ တောင်းခံလို့ရတယ်ဆိုတာကို သိထားကြတာပဲ၊”
ချီရှောက်ရုန်က ရီဖန်ကို ကြည့်ကာ မေးသည်။
“တကယ်လို့ ငါက အတန်းမတက်ဘူးဆိုရင် ဖြေရှင်းလို့ရမယ့် နည်းလမ်းရှိသလား”
“ဒါပေါ့ ရှိတာပေါ့၊ ထျန်းလန်အကယ်ဒမီက အကယ်ဒမီစာကြည့်တိုက်ရှိတယ်၊ အတန်းတက်တက် မတက်တက် သင်ခန်းစာရှစ်ခုကို ပိုင်နိုင်နေပြီး စာသင်နှစ်အဆုံးမှာ အောင်မြင်မယ်ဆိုရင် အဆင်ပြေတာပဲလေ၊ တကယ်လို့ မအောင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်၊ ရွှေပြား ငါးထောင်သာ ပေးလိုက်၊ ဆရာတွေက ဖြစ်တဲ့နည်းနဲ့ အောင်အောင် လုပ်ပေးလိမ့်မယ်”
ချီရှောက်ရုန် သိချင်သွား၏။
“ရွှေပြားငါးထောင်ဟုတ်လား၊ တန်ကြေးသတ်မှတ်ထားတာလား”
“ဟုတ်တယ်”
ချီရှောက်ရုန်”…”
ရီဖန်က ဆက်ပြောသည်။
“အကယ်ဒမီက ဒီအထူးတန်းဆိုတာက ပိုက်ဆံရှာဖို့သက်သက်အတွက်ဆိုတာ သိသာနေတာပဲလေ၊ ပြောရမယ်ဆိုရင် ကလန်တွေက စီနီယာတွေက ဂရုမစိုက်တဲ့ ကျောင်းသားတွေကပဲ ဒီအထူးတန်းကိုတက်ကြတာ၊ ဒါပေမယ့် သူတို့က နောက်ခံက ကောင်းမွန်တော့ ရွှေပြားငါးထောင်လောက်ပေးပြီး အတန်းကို အောင်မြင်အောင် လုပ်လိုက်ကြတာပေါ့၊ ဒါကြောင့် တစ်နှစ်တစ်နှစ် ရွှေပြားသောင်းကျော် ပေးရတယ်”
ရီချူးရွှယ်က ရီရွှမ်း၏ ပစားပေးထားသော သမီးတစ်ယောက်ဖြစ်သည့်တိုင်အောင် ရီချူးရွှယ်အနေဖြင့် တစ်လလျှင် ရွှေပြား နှစ်ရာသာ ကိုင်တွယ်နိုင်ပေသည်။
“ငါ သိပြီ”
မိသားစုကြီးတွေက ချမ်းသာသည့်တိုင်အောင် အားလုံးက ခေါင်းဆောင်တွေကသာ ကိုင်တွယ်ထားလေပြီး သခင်လေး၊ သခင်မလေးတွေကို အနည်းငယ်သာ ပေးထားပြီး သူတို့တွင် အင်အားအပြည့်အဝ မရှိပါပေ။
“အားလုံးက သခင်လေးလို မဟုတ်ဘူးလေ၊ သခင်လေးကတော့ ငယ်ငယ်ရွယ်ရွယ်မှာတောင် ဒီလောက်အထိ အများကြီးရှာဖွေနိုင်နေပြီ”
ချီရှောက်ရုန်က လက်ကာပြလိုက်ကာ ပြောလိုက်သည်။
“ဒီလောက်အထိ ထည့်ပြောဖို့ မလိုအပ်ပါဘူး၊ အနာဂါတ်မှာ အခွင့်အရေးတွေ အများကြီး ရှိနေဖို့ပဲ မျှော်လင့်ရတာပဲ”
ရီဖန်က ပြုံးလိုက်သည်။
“ဒါဆိုရင် သခင်လေးကို စောင့်ဆိုင်းနေပါ့မယ်”
ချီရှောက်ရုန်က ခရီးဆောင်အိတ်နှင့်အတူ အကယ်ဒမီထဲသို့ ဝင်လိုက်သည်။ ချီရှောက်ယွီက ချီရှောက်ရုန်အနားမှ လျှောက်လာကာ စကားပြောသည်။
“အစ်ကို(၄) အဖေက အစ်ကို ထျန်းလန်အကယ်ဒမီမှာတက်ဖို့အတွက် ပိုက်ဆံအများကြီး ရှာပေးထားတာ၊ ကောင်းကောင်း ပြုမူရင်ကောင်းမယ်၊ ကောင်းကောင်းပြုမူလို့ ထျန်းလန်အကယ်ဒမီက ဘွဲ့ရပြီးပြီဆိုရင် အဖေက နင့်ကို မိသားစုကောင်းတစ်ခုရှာပြီး လက်ထပ်ခိုင်းလိမ့်မယ်”
ချီရှောက်ရုန်က စိတ်ရှုပ်ထွေးဖွယ်ကောင်းလှသည့် အတွေးတွေနှင့် ပြည့်နှက်နေသည်။ ချီရှောက်ယွီဟာ သူ့ကို မိန်းမတစ်ယောက်ကဲ့သို့ တွေးတောနေသည်လား မသိပေ။ သည်ကုန်းမြေတွင် ထိုသို့ လက်ထပ်သည်က ပုံမှန်ဖြစ်နေသည့်တိုင်အောင် သူသည်လည်း ဇနီးမယားတွေနှင့် လက်ထပ်နိုင်သေးပေ၏။
ချီရှောက်ရုန်က ရပ်လိုက်ကာ ချီရှောက်ယွီကို ပြောလိုက်သည်။
“ညီမငါး မင်း ငါ့နောက်ကို လိုက်ဖို့မလိုဘူး၊ ငါ့ဘာသာ ငါ သွားနိုင်တယ်”
ချီရှောက်ယွီက ချီရှောက်ရုန်ကို မကျေမနပ်ကြည့်ကာ ပြောသည်။
“အစ်ကို လေး ငါက နင့်နောက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ လိုက်ချင်တယ်လို့ ထင်နေတာလား၊ အဖေကသာ မပြောထားရင် ငါက လိုက်မယ်လို့ထင်နေလား၊ အစ်ကို လေး ဒီမှာရှိတဲ့သူတွေက ကောင်းတဲ့သူတွေ တစ်ယောက်မှ မရှိဘူး၊ နင့်လိုမျိုး မှော်ပညာ မလေ့ကျင့်နိုင်တဲ့ဟာတွေချည်းပဲ၊ အစ်ကို လေး ဒီတော့ အကယ်ဒမီကို ဝင်သွားတဲ့ အချိန်ကျရင် ကောင်းကောင်း ပြုမူရင်ကောင်းမယ်၊ တကယ်လို့ တစ်ခုခုသာ ဖြစ်ပျက်လာမယ်ဆိုရင် မိသားစုက နင့်ကို ကာကွယ်ပေးနေမှာ မဟုတ်ဘူး”
ချီရှောက်ရုန်က မျက်လုံးကို မှိတ်လိုက်ကာ အသက်ပြင်းပြင်းရှူရင်း ပြောလိုက်သည်။
“ငါ သိပါတယ် ညီမငါး ကျေးဇူးပြုပြီး ဒါတွေကိုပဲ ထပ်ခါတလဲလဲ မပြောဘဲနေလို့ရမလား၊ မပင်ပန်းဘူးလား”
ချီရှောက်ယွီ”…”
“ငါကြားတာတော့ နတ်ဆိုးသမားတော် ပျောက်ကွယ်သွားပြီဆို”
ချီရှောက်ယွီက မသိသလို မေးလာသည်။
ချီရှောက်ရုန်က မျက်ဝန်းထဲ အလင်းရောင်တွေ လက်သွားပြီးသည့်နောက် လက်ကာပြလိုက်ကာ ပြောလိုက်သည်။
“ဟုတ်တယ် သူက ခရီးထွက်သွားပြီလေ”
“ဘယ်ကို သွားတာလဲ”
ချီရှောက်ရုန် ပုခုံးတွန့်လိုက်သည်။
“နတ်ဆိုးသမားတော်က အပျော်ဂေဟာတွေကို သွားတာ ကြိုက်တယ်မဟုတ်လား၊ လောကကြီးမှာရှိတဲ့ အပျော်ဂေဟာတွေထဲက တစ်ခုခုဆီ ရောက်နေမှာပေါ့”
ချီရှောက်ယွီ”…”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...