Unicode
အပိုင်း ၁၇၈မူလက ကျွင်းချန်က ထိုလူများကို သူ မကိုင်တွယ်နိုင်မည်ကို စိုးရိမ်နေခဲ့သည်။ ကျွင်းဟောင်နှင့်ရီဖန်တို့က တရစပ်တိုးဝင်သွားပြီး လျင်မြန်စွာဖြင့် ကိုင်တွယ်လိုက်နိုင်၏။ ကျွင်းချန်ဟာ တစ်ဖက်သူများ အရေအတွက်များနေခြင်းက ပြဿနာမရှိကြောင်း သိလိုက်ရသည်။
မည်သို့ပင်ဆိုစေ ကျွင်းဟောင်က သိပ်မကြာခင်က ဆိုးဆိုးရွားရွားခံစားခဲ့ရကာ ဒေါသက အလွန်ပြင်းထန်နေသည်။ ယခုအခါတွင် ကောင်းမွန်စွာ ကိုင်တွယ်နိုင်နေခဲ့၏။ ရီဖန်ကလည်း ညပိုင်း အိပ်ချိန်တွင် အထီးကျန် လွန်းလှသည့်အတွက် စိတ်ခံစားချက် ဆိုးရွားနေခြင်းလည်း ဖြစ်သည်။
“ဘာလို့ ဒီလောက်အားနည်းတဲ့ သူတွေကိုလွှတ်ပြီး ငါတို့ကို တိုက်ခိုက် ခိုင်းနေတာလဲ”
ကျွင်းချန်က မေးသည်။“မင်းအစ်ကို မှော်စွမ်းအင် အသုံးမပြုနိုင်ဘူးဆိုတဲ့သတင်းက ပျံ့နှံ့နေတော့ ဒီလူတွေအားလုံးက အချောင်ရမယ်လို့ ထင်နေကြတာလေ၊ မင်းအစ်ကိုက အရမ်းကိုကျော်ကြားတဲ့ စွမ်းအားရှင်ကြီးဆိုတော့ ဒီလိုအချိန်မျိုးမှာ သူ့ကို သတ်လိုက်ရင် အဲဒီလူက ကျော်ကြားသွားမှာဆိုတော့ လုပ်ချင်နေကြတာ ပုံမှန်ပါပဲ”
ချီရှောက်ရုန်က ပြောသည်။ကျွင်းချန်က အံကိုကြိတ်ကာ ပြော၏။
“သခင်လေးချီ သခင်လေးချီ ဘာတွေ ပေါက်ကရပြောနေတာလဲ၊ သူတို့က ကျော်ကြားတာထက်ပိုပြီး သမိုင်းမှာတောင် မှတ်တမ်းတင် ရေးထိုးခံချင်နေကြတာလေ”ချီရှောက်ရုန်က ဂရုမစိုက်ဟန်ဖြင့် ပြောသည်။
“တူတူပဲ မဟုတ်ဘူးလား”ကျွင်းချန် မျက်လုံးလှန်သည်။
“ဘယ်လို တူနိုင်မှာလဲ”ချီရှောက်ရုန်က ကျွင်းချန်ကို လက်ကာပြကာ ပြောသည်။
“ဟုတ်ပါပြီ၊ ဒါက ကိစ္စကြီးမှမဟုတ်တာ၊ ငါတို့ ငြင်းဖို့လိုလို့လား”“ဖုန်းဟယ်ကြောင့် အခုလောက်အထိ ခက်ခက်ခဲခဲဖြစ်သွားခဲ့ရတာပဲ”
ကျွင်းချန်က အတွေးနက်သွားသည်။“ဘယ်သူပဲလုပ်လုပ်ပါ၊ မင်းအစ်ကိုက မျှော်လင့်ထားတာ ထက်တောင်ပိုပြီး ပြန်စွမ်းအားပြည့်ရနေတာပဲ၊ ဘာတွေ စိုးရိမ်ဖို့ လိုအပ်လို့လဲ”
ချီရှောက်ရုန်က တည်ငြိမ်စွာပြောသည်။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...