Unicode
အပိုင်း ၁၂၂
ချီမိသားစုတွင်။
ချီရှောက်ယွီက အခန်းထဲတွင် ရှေ့နောက်စုန်ချည်ဆန်ချည် လျှောက်နေသည်။ ချီရှောက်ဖူက ကျောက်တုံးတစ်တုံးပေါ်တွင်ထိုင်ကာ ဖရဲသီးစားနေရင်းမှ ချီရှောက်ယွီကို ပျင်းရိစွာ ထိုင်ကြည့်နေ၏။“ရှောက်ယွီ ရပ်လိုက်စမ်းပါ၊ ဘာတွေ မျက်စိနောက်အောင် လျှောက်နေတာလဲ။”
ချီရှောက်ယွီက ချီရှောက်ဖူကိုကြည့်ကာ ပြော၏။
“အစ်ကို နင်ဘာသိလို့လဲ၊ ချီရှောက်ရုန်နဲ့ကျွင်းဟောင်တို့က စေ့စပ်ကြတော့မှာ။”“ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား၊ ကျွင်းဟောင်က နတ်ဆိုးသမားတော်ကို သဘောကျတယ်၊ နတ်ဆိုးသမားတော်က စတုတ္ထညီငယ်လေ၊ စတုတ္ထညီငယ်နဲ့ ကျွင်းဟောင်က ဖူးစာပါကြတာပဲ။”
ချီရှောက်ဖူက ပြောသည်။“နင် ပိတ်စမ်း။”
ချီရှောက်ယွီက ဒေါသကြီးစွာပြန်ပြောသည်။ချီရှောက်ဖူက ပုခုံးတွန့်ကာ ပြော၏။
“ပိတ်လိုက်လည်းရတာပဲ၊ ညီမငါးက စိတ်အခြေအနေ မကောင်းဘူးဆိုမှတော့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်လေ။”“အစ်ကို ၃ အစ်ကို ၃ ဒီအတိုင်း ထပ်ဖြစ်နေမယ်ဆိုရင် အခြေအနေ ကောင်းတော့မှာ မဟုတ်ဘူး၊ နောက်ပြီး နင်က အစ်ကို ၄ ဘက်က အရမ်းပါနေသလိုပဲ၊ သနားစရာပဲ၊ သူက အပြင်လူတွေကိုပဲ သဘောကျတာ၊ ရီဖန်ဆိုရင်ကြည့်ပါလား၊ သူ သဘောအကျဆုံး ကျေးဇူးမသိတတ်တဲ့အကောင်ပဲ။”
ချီရှောက်ယွီက မကျေမနပ်ပြောသည်။ချီရှောက်ဖူက ချီရှောက်ယွီကို တစ်ချက်ကြည့်ကာ ပြော၏။
“လာစမ်းပါ ညီမ ၅ရယ်၊ ဒါက ကျွင်းဟောင်ပါပဲ၊ မင်းနဲ့ဘာပတ်သက်လို့လဲ၊ ကျွင်းဟောင်က ချီရှောက်ရုန် မရှိရင်တောင် မင်းကို မကြိုက်ပါဘူး၊ အခွင့်အရေးမှမရှိတာ။”ချီရှောက်ယွီက ချီရှောက်ဖူကို အေးစက်စွာကြည့်ပြီးနောက် ချီရှောက်ဖူကလည်း အေးစက်စွာပြန်ကြည့်သည်။ ထို့နောက် သူ၏ကုလားထိုင်ကို လှုပ်ခါနေကာ ပျင်းရိစွာ ပြောပြန်၏။
“အဖေကလည်း စိတ်အခြေအနေ မကောင်းဘူး။”
ချီရှောက်ဖူက တွေးလိုက်သည်။
အဖေ စိတ်အခြေအနေ မကောင်းတာက ချီရှောက်ရုန်နဲ့ တွေ့လာလို့ပဲဖြစ်မယ်။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...