Zawgyi
အပိုင်း ၉
ကျွင်းရန်ချွမ်က ချီရှောက်ရုန်က ပြောလေလေ ပိုဆိုးလေလေဖြစ်ကြောင်း သိလာသည့်အခါ လည်ချောင်းကို ရှင်းကာပြောလိုက်သည်။
"နတ်ဆိုးသမားတော် ကျွန်တော်တို့ အလေးအနက် ကိစ္စတွေ ပြောရအောင်လား"
ချီရှောက်ရုန်က ခေါင်းညိတ်ကာပြောလိုက်သည်။
"ဒါပေါ့ ပြောလို့ရတာပေါ့၊ လူကြီးမင်းကျွင်း ဘယ်တော့များ ပေးစရာကျန်တာကို ပေးမှာလဲ"
ကျွင်းရန်ချွမ် "..."
ကျွင်းဟောင်က ထိုအချိန်တွင် တံခါးကိုတွန်းဖွင့်ကာ ဝင်လာရင်း ပြောသည်။
"ဦးလေးသုံး ဘာလို့နတ်ဆိုးသမားတော်ကို လာတွေ့တာကို ကျွန်တော့်ကို မပြောသွားရတာလဲ"
ချီရှောက်ရုန်က တစ်ဖက်သူကို ကြည့်ကာ ပြောလာသည်။
"အိုး ကျွင်းရှောက်က ရောက်နေတာ ကြာပြီ မဟုတ်လား"
"မဟုတ်ပါဘူး"
"ကျွန်တော် ခုနကမှ ရောက်တာပါ"
ကျွင်းဟောင်က ပြောသည်။
"အော် အဲ့ဒီလိုလား အခုမှရောက်တာကိုး"
ချီရှောက်ရုန်က အေးစက်စွာ ပြုံးလိုက်သည်။ သူ မယုံကြည်သည်မှာ သေချာနေပေ၏။ ကျွင်းချန်တောင်မှ ထိုင်ခုံပေါ်မှာထိုင်နေသည်မှာ ဖင်မငြိမ်တော့ပေ။ သူ မသက်မသာ ဖြစ်လာတော့၏။
ချီရှောက်ရုန်က သူ့ကို လှည့်ကြည့်ကာ မေးသည်။
"ထိုင်ခုံက မသက်မသာ ဖြစ်နေတာလား"
ကျွင်းချန်က ခပ်မြန်မြန်ပင် လက်ကာကာ ပြောသည်။
"မဟုတ်ပါဘူး အရမ်းကောင်းပါတယ်၊ ပြဿနာမရှိပါဘူး"
"တကယ်လား ငါ ခုနက အဲ့ဒီခုံပေါ် ဂျပိုးတွေ တင်ထားတာ"
ချီရှောက်ရုန်က ပြုံးနေ၏။
ကျွင်းချန် "..."
"နတ်ဆိုးသမားတော်က မြို့တော်ကို ပထမဆုံးလာရောက် လည်ပတ်တာဆိုတော့ ပတ်ဝန်းကျင်ကို ကျွန်တော်က လိုက်ပြပေးရင် မကောင်းဘူးလား"
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...