Unicode
အမှိုက်ကောင်ပြန်ရှင်လာပြီ
အပိုင်း ၁၄၀
“သခင်လေးဆိုလိုချင်တာက …”
“ကျွန်တော် သူ့ကို ကုသပေးတဲ့အချိန်က ၃၀ရာခိုင်နှုန်းပဲ ယုံကြည်မှုရှိခဲ့တယ်၊ ကျွန်တော်ကိုယ်တိုင် မသေချာခဲ့ဘူး”
ချီရှောက်ရုန်က ပြောသည်။ဖုန်းယွမ်က ချီရှောက်ရုန်ကိုကြည့်သည်။
“ဒီတစ်ကြိမ်ရော သခင်လေးက ဘယ်လောက်ထိယုံကြည်မှုရှိပါသလဲ”“ကျွန်တော့်အထင် ၄၀ရာခိုင်နှုန်းပါ”
ဖုန်းယွန်က ချီရှောက်ရုန်ကို ကြည့်ကာ စိတ်ငြိမ်သွားသည်။
“လုံလောက်ပါပြီ ၊တတိယသခင်ကျွင်းတုန်းက ၃၀ရာခိုင်နှုန်း အခု၄၀ရာခိုင်နှုန်းဆိုတော့ ကျွန်တော်ကပိုပြီးသေချာတာပေါ့”“သခင်ဖုန်း ကျွန်တော် ကုသပြီးတဲ့အချိန်မှာ ရှန်းမန်က ကျွန်တော်ဘာကိုတောင်းဆိုတောင်းဆို ကတိပေးမယ်ဆိုတာက သေချာပါသလား”
“သေချာတာပေါ့၊"
" တကယ်လို့ ကျွန်တော်ရဲ့တောင်းဆိုချက်က ထျန်းဝူက မူမိသားတိုင်းရဲ့ စီးပွားရေးအင်အားတိုင်းကိုဖိနှိပ်ဖို့ဆိုရင်ရော”
အနားတွင်ရှိသည့် မူတင်းရွှယ်၏ ခန္ဓာကိုယ်က တောင့်တင်းသွားကာ ချီရှောက်ရုန်ကို ခေါင်းမော့ပြီးကြည့်သည်။ သူ၏မျက်လုံးထဲ ထူးခြားသည့်အလင်းရောင်များလက်လာ၏။
ဖုန်းယွမ်က ချီရှောက်ရုန်ကိုကြည့်ကာ အံ့သြသွားသည်။
“သခင်လေးချီနဲ့ မူမိသားစုက ပြသာနာရှိလို့လား”“ကျွန်တော်က ဥပမာအနေနှင့်ပြောတာပါ”
ဖုန်းယွမ်က မူတင်းရွှမ်ကိုကြည့်ပြီးနောက်ပြောသည်။
“ဒီလိုဆိုရင်တော့ သခင်လေးချီဆန္ဒအတိုင်း ဖြစ်စေရမှာပါ ၊၃နှစ်အတွင်း သူတို့ရဲ့မိသားစုကို တတိယအဆင့်ထိ လျော့ကျသွားအောင် လုပ်ပေးနိုင်ပါတယ်”ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“စီနီယာဖုန်း ဒီလိုဆိုရင်တော့ ကျွန်တော်အကောင်းဆုံးကုသပေးပါ့မယ်”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...