Part 161

2.6K 333 0
                                    

Unicode

အပိုင်း (၁၆၁)

“သူ အဲဒါကို ဆွဲထုတ်လိုက်တော့ အခြေအနေ မကောင်းတော့ဘူးဆိုတာ သိလို့ ငါကိုယ်တိုင်လည်း စာလိပ်တွေ အများကြီးကို ထုတ်ထားလိုက်တာ၊ အဲဒီထဲမှာ နေရာရွှေ့ပြောင်းတဲ့ မှော်စာလိပ်တစ်လိပ် ပါသွားတယ်။ စာလိပ်တွေက အရမ်းများနေတာဆိုတော့ နေရာရွှေ့ပြောင်းတဲ့ စာလ်ိပ်အားလုံးက အသက်ဝင်သွားပြီး အခြားနေရာတစ်ခုကို ရောက်သွားတာဖြစ်မယ်”
ကျွင်းဟောင်က ပြောသည်။

ချီရှောက်ရုန်က ရင်ဘတ်ကို ပုတ်ကာပြော၏။
“အရမ်းကို နီးစပ်နေပြီ၊ ငါလည်း အခု ဘာစွမ်းအင်မှ အသုံးပြုလို့မရတော့ဘူး။ ဒီတော့ မင်းရဲ့တွက်ချက်မှုက မှားသွားပြီး တစ်ခုခုဖြစ်သွားခဲ့ရင် ဒီတိုင်း အသေခံရတော့မှာလား”

ကျွင်းဟောင်က ခေါင်းညိတ်သည်။
“ဒါပေါ့”

ချီရှောက်ရုန်က ကျွင်းဟောင်ကိုကြည့်ကာပြော၏။
“မင်းအတွက်တော့ ကောင်းတာပေါ့ မင်းကသာ မှားပြီး တွက်မိရင် ငါတို့နှစ်ယောက်လုံး သေနေလောက်ပြီ”

“အဲဒီတားမြစ်နတ်ဘုရားစက်ကွင်းက ရှန်းမန်ကပိုင်ဆိုင်ထားတာတဲ့အရာပဲ၊ ငါက ဖုန်းဟယ် ငါတို့ကို သတ်ဖို့အတွက် ခိုးလာတဲ့အရာလို့ ထင်တယ်။ ဖုန်းဟယ်က အကောင်းဆုံးကို ကြိုးစားနေတာပဲ”
ကျွင်းဟောင်က ပြောသည်။

ချီရှောက်ရုန်က ခေါင်းကုတ်၏။ သူသည်လည်း စိတ်ဓာတ်ကျလာသည်။ ဆိုရိုးစကားတောင်ရှိသေး၏။
ဘုရားတစ်ဆူ တည်တာထက် အသက်ရှင်တာက ပိုကောင်းတယ်။ တကယ်ကို အသက်ရှင်နေသေးလို့ ကောင်းတယ်လို့ ပြောရမှာပဲ။

သို့သော် အံ့သြစရာ မရှိပေ။ တစ်ဖက်သူက သူတို့ကို ကျိန်းသေပေါက်လိုက်ရှာကာ ဒုက္ခပေးရန် ကြံစည်ဦးမည်မှာ သေချာ၏။ ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ကာ ပြော၏။

“ဘာတွေ ပြောနေတာလဲ”

ချီရှောက်ရုန်က ကျွင်းဟောင်ကိုကြည့်ပြီး ပြောသည်။
“ငါတို့အခု ဘယ်ကို ရောက်နေတာလဲ၊ ပြီးတော့ အဲဒီစက်ကွင်းရဲ့ အချိန်အကန့်သတ်ကရော ဘယ်လောက်လဲ”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now