part 96

6.5K 864 7
                                    

unicode

အပိုင်း ၉၆
ချီရှောက်ရုန်က ထိုယူနီကွန်ကို ကောင်းကောင်း စောင့်ရှောက်ထားပုံရသည်။ ထိုယူနီကွန်၏တစ်ကိုယ်လုံးက တောက်ပကာ လင်းလက်သည့်ဝတ်စုံဖြင့် ဖြစ်ကာ ဗိုက်ကလည်း လုံးဝိုင်းနေ၏။ ချီရှောက်ရုန်ကလည်း သူနှင့် ကွာခြားသည်တော့ မဟုတ်ပေ။ ချီရှောက်ရုန်ကလည်း အမြဲလိုလို ပါးစပ်ထဲတွင် တစ်စုံတစ်ရာကို ကိုက်ဝါးနေတတ်၏။
ကျွင်းဟောင်က အခန်းထဲကို ဖြတ်ဝင်သွားသည့်အခါ မှန်ကို ကြည့်နေသည့် အမျိုးသမီးတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြောင်း မြင်လိုက်ရသည်။
“ကျေးဇူးအများကြီးတင်ပါတယ် ကျောင်းသားချီ၊ ငါဒီလောက်အထိ လှသွားမယ်လို့ မထင်ထားမိဘူး”
ထိုအမျိုးသမီးက အလွန်အမင်း ပျော်ရွှင်စွာဖြင့် ချီရှောက်ရုန်ထံသို့ ပြေးကာ ဖက်ရန် ကြံစည်သည်။ သို့ရာတွင် ကျွင်းဟောင်က အလျင်အမြန်ဖြင့် အနားသို့ရောက်ပြီး ထိုအမျိုးသမီး၏ အင်္ကျီကော်လံနောက်ဘက်မှ ဆွဲကိုင်ကာ အပြင်သို့ ပစ်ထုတ်လိုက်သည်။
ချီရှောက်ရုန်ကလည်း ထိုအမျိုးသမီး အပြင်ထွက်သွားသည့် အချိန်မှသာ စိတ်ချမ်းသာသွားတော့ပေသည်။
ချီရှောက်ရုန်က ပစ္စည်းတွေကို သိမ်းရင်း ခွဲစိတ်ခန်း၏ အပြင်ဘက်တွင်ရှိသည့် ကျွင်းဟောင်ကို ကြည့်လိုက်သည်။
“ကျွင်းဟောင် မင်း နည်းနည်းလေးမှ မသနား မညှာတာတတ်ဘူးပဲ”
ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ကာ အံကိုကြိတ်ပြီး ပြောသည်။
“သဘာဝကျကျပဲ မင်းထက်တော့ မဆိုးသေးပါဘူး”
ချီရှောက်ရုန်”…”
“မင်း ဘာလာလုပ်တာလဲ”
ချီရှောက်ရုန်က မေးလိုက်သည်။
“မင်းနဲ့ စကားပြောမလို့လေ”
ကျွင်းဟောင်ကလည်း ပြန်ပြောသည်။
“ငါ့မှာ မင်းနဲ့ ဘာပြောစရာမှမရှိဘူး”
ကျွင်းဟောင်၏မျက်နှာက ပြာနှမ်းသွားသည်။ သူက မယုံနိုင်သလိုပြော၏။
“ဘယ်လို ဖြစ်နိုင်မှာလဲ။ လျှို့ဝှက်နယ်မြေတုန်းကဆိုရင် မင်းက ငါ့ရဲ့ဘောင်းဘီကိုတောင် ဆွဲချချင်ခဲ့တာ မဟုတ်လား။ ငါ အခု ဒီမှာရှိနေတယ်လေ။ အခွင့်အရေးက မင်း လက်ထဲမှာပဲ”
ချီရှောက်ရုန်”…”
ကျွင်းဟောင် ဒီကလေး ဘာဖြစ်နေတာလဲ။ သူက အမြဲတမ်း အပြစ်ကင်းစင်တဲ့ ကလေးလေးပါ။
ကျွင်းဟောင်က ချီရှောက်ရုန်၏အနားသို့ ကပ်လာကာ ပြောသည်။
“မင်း ပြောတာ ငါ မှတ်မိသေးတယ်။ ငါက အသားအရေ အရမ်းကောင်းတာဆို ထိချင်သေးလား”
ကျွင်းဟောင်က ချီရှောက်ရုန်၏လက်ကို လှမ်းကိုင်လိုက်သည်။
ချီရှောက်ရုန်”…”
ကျွင်းဟောင် ဒီကလေး ဘာဖြစ်တာလဲ။ သူ ဆေးစားမှားလာတာလား။
ချီဟန်က တံခါးကိုတွန်းဖွင့်ကာ ဝင်လာပြီးပြောသည်။
“သခင်လေး တစ်ခုခုတော့ ဖြစ်နေပြီ”
ချီဟန် ဝင်လာသည့်အချိန်တွင် အခန်းထဲတွင် ကျွင်းဟောင်ကပါ ရှိနေကြောင်း မြင်လိုက်ရသည်။ ထို့အပြင် ခွဲစိတ်သည့်စားပွဲကို ချီရှောက်ရုန်က မှီထားလေပြီး ကျွင်းဟောင်က သူ့ကိုအပေါ်မှ ဖိထားသည်။ ချီရှောက်ရုန်၏လက်ကို ကျွင်းဟောင်က ကိုင်ထားပြီး ရင်ဘက်နားကို ကပ်နေကာ အထဲသို့ ဝင်နေသည်အလား မသေချာပေ။
“သခင်လေးကျွင်းလည်း ရောက်နေတာကိုး”
ချီဟန်က ပြောသည်။
ချီရှောက်ရုန်က စိတ်သက်သာရာရစွာဖြင့် ပြောလိုက်၏။
“ဒီနေရာက ထွက်သွားတော့”
ကျွင်းဟောင်က နူးညံ့ညင်သာစွာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ပေးသည်။ သို့သော် မရွေ့လျားပြန်ပေ။
ချီရှောက်ရုန် ချီဟန်ကို ကြည့်ကာမေးလိုက်သည်။
“ဘာဖြစ်လို့လဲ၊ ဘာကိစ္စများဖြစ်လို့ အလောတကြီး ဖြစ်နေတာလဲ။ချီမိသားစုက လူတွေလာပြီး ပြဿနာရှာပြန်ပြီလား”
“မဟုတ်ဘူး အခုကတော့ တင်းရွှမ်ရဲ့ ကိစ္စပါ”
ချီဟန်က ပြောသည်။
ချီရှောက်ရုန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ပြောလိုက်၏။
“ဘာဖြစ်လို့လဲ”
ချီဟန်က ခေါင်းခါသည်။
“ကျွန်တော်လည်း မသေချာသေးဘူး၊ ကျွန်တော်ကြားထားတဲ့ သတင်းတွေ အတိုင်းဆိုရင် အဆင့်ကိုးမှော်သားရဲတစ်ကောင်က ဝံပုလွေတောင်တန်းကနေ ချိုးဖြတ်ထွက်လာပြီး တင်းရွှမ်တို့ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောတယ်။ နောက်ပြီး တင်းရွှမ်နဲ့လည်း အဆက်အသွယ်ပြတ်သွားပြီ”
“ကိစ္စတစ်ခုခု ဖြစ်နေလား သိရအောင် သေချာ စုံစမ်းကြည့်လိုက်ဦး”
ချီရှောက်ရုန်က မဲမှောင်သည့် အမူအရာဖြင့် ပြောသည်။ ကျွင်းဟောင်က မေးလာ၏။
“ဘာတွေဖြစ်နေလို့လဲ တင်းရွှမ်ကရော ဘယ်သူလဲ”
ချီရှောက်ရုန်က ကျွင်းဟောင်ကို တစ်ချက်ကြည့်သည်။
“မင်းကိစ္စ မဟုတ်ပါဘူး”
ကျွင်းဟောင်က မယုံနိုင်သလို ပြောသည်။
“မင်း ဘယ်လိုများ ပြောလိုက်တာလဲ။ ငါက မင်းကိုကူညီပြီး လူရှာပေးနိုင်တယ်လေ”
ချီရှောက်ရုန်က ကျွင်းဟောင်ကို လျစ်လျူရှုထားလိုက်ကာ ချီဟန်ကိုသာ ကြည့်လိုက်သည်။
“ချန်မြန်ရော ဘယ်မှာလဲ။ သူ့ကိုရော ပြောလိုက်သေးလား”
“တင်းရွှမ် တစ်ခုခုဖြစ်တယ်လို့ ကြားတာနဲ့ သူ ထွက်သွားတော့တာပဲ”
ချီရှောက်ရုန်၏မျက်လုံးတွေက ကျဉ်းမြောင်းသွားပြန်၏။
“ထွက်သွားတယ် ဟုတ်လား”
“ဟုတ်တယ်”
ချီရှောက်ရုန်က အံကိုကြိတ်ကာ ပြောသည်။
“ငါသိတယ်၊သူနဲ့တင်းရွှမ်က တစ်ခုခုတော့ တစ်ခုခုပဲ။ ဒီနှစ်ကောင်ကြားမှာ တစ်ခုခုရှိနေတာ ဖြစ်ရမယ်”
ချီဟန်က ချီရှောက်ရုန်ကိုကြည့်လာ၏။
“သခင်လေး အခုက ဒါကို ပြောရမဲ့အချိန် မဟုတ်ဘူးထင်တယ်”
ကျွင်းဟောင်ကလည်း မျက်မှောင်ကြုတ်နေသည်။ ချီဟန်နှင့် ချီရှောက်ရုန်၏စကားနားထောင်ရင်း လက်သီးကို တင်းကြပ်စွာ ဆုပ်နေမိ၏။ ချီဟန်နှင့် ချီရှောက်ရုန်က သခင်နှင့် အစေခံဆိုသည့် ပတ်သတ်မှုထက် ပိုလောက်ပေသည်။ ချီရှောက်ရုန်ကို တစ်ဖက်သူ သိထားသည်မှာ ကြာလောက်ချေပြီး သူ မသိထားသည့် ကိစ္စတွေက ရှိနေသေးပြန်၏။
“တင်းရွှမ်”
ကျွင်းဟောင်၏ခံစားချက်က မကောင်းတော့ပေ။
“တင်းရွှမ်က ဘယ်သူလဲ”
ကျွင်းဟောင်က မေးပြန်သည်။ ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်ပြန်၏။
“မင်း ဘာလို့ ဒီလို လိုက်မေးနေတာလဲ”
“မင်း မပြောသမျှ ငါ ဆက်ပြီး စိတ်ရှုပ်နေရဦးမှာပဲလေ”
ချီရှောက်ရုန် တိတ်ဆိတ်သွားပြီးနောက် ပြောပြလိုက်သည်။
“မူတင်းရွှမ်ဆိုတာက ငါ့ရဲ့လက်အောင်ငယ်သားတွေထဲက တစ်ယောက်ပဲ။ သူက သစ်သားစွမ်းအင် မှော်ပညာရှင်”
“သူ့ရဲ့ရုပ်ရည်ကရော”
“ရုပ်ရည်က မကောင်းဘူး ဟုတ်ပြီလား၊ မျက်နှာတစ်ပြင်လုံးမှာ အမာရွတ်အပြည့်ပဲ”
ကျွင်းဟောင် မျက်လုံးပြူးသွားသည်။ သူက ချီရှောက်ရုန်ကို နားမလည်သလိုကြည့်၏။
“ဘာလို့ မင်းက…”
“ငါ ဘာလို့ သူ့မျက်နှာကို မပြင်ပေးလဲလို့ မေးမလို့လား။ ဘာလို့ သူ့ကို အရင် မကြည့်လိုက်တာလဲ။ ငါကရော မလုပ်ပေးချင်ဘူးလို့ ထင်လို့လား။ ငါ သူ့ကို ကြိမ်ဖန်များစွာ အကြံဉာဏ်ပေးခဲ့တယ်။ ဒါပေမဲ့ တင်းရွှမ်က မလုပ်ချင်ခဲ့ဘူး”
“ဘာလို့လဲ”
“တင်းရွှမ်က အရမ်းရှေးရိုးဆန်တဲ့မိသားစုမှာ မွေးဖွားလာခဲ့တာ။ သူ့မိသားစုက သူတွေအားလုံးက အရမ်းကိုရှေးရိုးဆန်ပြီး တင်းရွှမ်က အချိန်ဆိုးမှာ မွေးဖွားလာတယ်လို့ ထင်ကြတယ်။ ဒါကြောင့် မှော်ပညာရှင်တွေ အများစုက သူက မိသားစုကို မကောင်းတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ယူဆပြီး အပြင်ကို ပစ်ထုတ်လိုက်ကြတယ်။ အသက်ငါးနှစ်အထိတောင် သူ့ကိုမပျိုးထောင်ပဲ ပစ်ထုတ်ခဲ့ကြတာပဲ။ သူ အသက်ငါးနှစ် ရောက်တဲ့အချိန်မှာ တင်းရွှမ်က မိသားစုရဲ့နှလုံးသားကို ပြောင်းလဲခဲ့သေးတယ်”
“တင်းရွှမ်ရဲ့ အကြီးဆုံးဦးလေးက တင်းရွှမ်ရဲ့ပြဿနာကို စဉ်းစားဆုံးဖြတ်ပြီး မျက်နှာကို ကုတ်ခြစ်ပြီးတော့ တောအုပ်ထဲကို ပစ်ထုတ်ခဲ့တာပဲ”
“မူတင်းရွှမ်မှာ ဝမ်းကွဲတစ်ယောက်ရှိတယ်၊ သူ့ဦးလေးရဲ့သားပေါ့။ သူ့ထက် တစ်နာရီပဲစောပြီး မွေးခဲ့တာလေ။ အချိန်နာရီကွာခြားမှုကြောင့် သူတို့နှစ်ယောက်ရဲ့အခြေအနေက လုံးဝကွာခြားသွားတယ်၊ တင်းရွှမ်က ကပ်ဆိုက်စေနိုင်ပြီး သူ့အစ်ကိုကတော့ ကံကောင်းခြင်းတွေကို ယူဆောင် လာစေနိုင်တာတဲ့လေ”
ကျွင်းဟောင် မျက်လုံးပြူးသွားသည်။ သူက မေး၏။
“ဒီလိုမိသားစုမျိုးက ရှိနေတာပဲလား၊ သွေးအေးလိုက်တာ”
ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်ကာ တောက်ပစွာပြုံးရင်းပြောသည်။
“ငါ အရင်က ပြောခဲ့ဖူးသားပဲ၊ သခင်လေးကျွင်း သခင်လေးကျွင်းက မိသားစုရဲ့ပျားရည်အိုးလေးဆိုတော့ ဒီလိုအခက်အခဲတွေကို ဘယ်နားလည်ထားပါ့မလဲ။ တင်းရွှမ်ရဲ့စီနီယာအကိုက သူ့ကို ဘာလုပ်ခဲ့သလဲ ဆိုတာကို သိလား။ ဟမ့် တင်းရွှမ်အကြီးဆုံးဦးလေး သူ့ကိုအခုလိုလုပ်ခဲ့တဲ့ အကြောင်းပြချက်က ကပ်ဘေးတွေအားလုံး ဖြစ်လာတဲ့အချိန်ကျရင် သူ့ရဲ့ဝမ်းကွဲကို ပြဿနာအဖြစ်စေနိုင်ဆုံးက တင်းရွှမ်ဖြစ်နေလို့ပဲ”
ကျွင်းဟောင်”…”
…......
ကျွင်းမိသားစု....
“ဦးလေးသုံး ဘာသတင်းမှ မကြားရသေးဘူးလား”
ကျွင်းရန်ချွမ်က ကျွင်းဟောင်ကို ကြည့်ကာပြောသည်။
“မင်းကတော့ မိသားစုကိစ္စနဲ့ ပတ်သတ်လာရင် လုံးဝကို စိတ်မဝင်စားကြဘူး။ ချီရှောက်ရုန်ကိစ္စနဲ့ ပတ်သတ်လာတော့ မင်းက အရမ်းကို တက်ကြွလာတော့တာပဲ”
ကျွင်းဟောင်က ကျွင်းရန်ချွမ်ကိုကြည့်ကာ ကို့ယို့ကားယားပြုံးသည်။
“ဦးလေးသုံးကလည်း ဘာသတင်းမှ မကြားမိဖူးလား”
မူတင်းရွှမ်၏မူလဇစ်မြစ်က ပုံမှန်မဟုတ်ပေ။ သူက သစ်သားမှော်ပညာရှင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူက အပင်တွေကို ကြီးထွားရှင်သန်အောင် လုပ်နိုင်၏။ ချင်းချန်အလှကုန်ဆိုင်နှင့် ဆက်သွယ်နေပုံလည်း ရသေးကာ ချင်းချန်အလှကုန်ဆိုင်ရဲ့ အဓိကအရင်းအမြစ်တောင် ဖြစ်နေနိုင်သေးပေသည်။
ကျွင်းဟောင်က မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ချီရှောက်ရုန်က ပြောတော့ မူတင်းရွှမ်က သူ့ရဲ့လက်အောက် ငယ်သားတစ်ယောက်တဲ့”
“ဒီတော့ ချင်းချန်အလှကုန်ဆိုင်က ချီရှောက်ရုန်နဲ့ပတ်သတ်နေတာပေါ့။ စကားမစပ် ပိုင်လျှိုယွန်က ချီရှောက်ရုန်ကို သိတယ်။ သူကလည်း ချင်းချန်အလှကုန်ဆိုင်နဲ့ပတ်သတ်နေတယ်။ ကြည့်ရတာ ချီရှောက်ရုန်ကသာ ချင်းချန်အလှကုန်ဆိုင်ရဲ့ တစ်ဦးထဲသော အဓိကသူဌေး ဖြစ်လိမ့်မယ်။ ချီရှောက်ရုန်ရဲ့ မမျှော်လင့်ထားတဲ့ နည်းလမ်းတွေနဲ့ ဆေးကုသနိုင်စွမ်းတွေနဲ့ဆိုရင် ဒါကတော့ အံ့သြစရာ မရှိဘူးပဲ”
ကျွင်းရန်ချွမ်က ပြောသည်။ ကျွင်းဟောင်၏မျက်နှာအမူအရာက တင်းကြပ်သွားသည်။ သူ ဘာစကားမှ မပြောတော့ပေ။
ကျွင်းရန်ချွမ်က ကျွင်းဟောင်ကိုကြည့်ကာပြော၏။
“ဘာလဲ အားဟောင် ဖိအားကို ခံစားနေရပြီ မဟုတ်လား”
ကျွင်းဟောင်က အံကိုကြိတ်ထားသည်။
“နည်းနည်းပေါ့”
ကျွင်းရန်ချွမ်က သူ၏ပုခုံးကိုပုတ်ကာပြောသည်။
“ဦးလေးသုံးက ဒီတိုင်းပြည်က မင်းနဲ့ဘယ်သူနဲ့မှ မထိုက်တန်မှာကို စိုးရိမ်နေခဲ့တာ။ အခုတော့ အဲဒီလိုစိုးရိမ်ဖို့ မလိုအပ်တော့ဘူးပဲ။ ချီရှောက်ရုန်က ချင်းချန်အလှကုန်ဆိုင်ရဲ့ ပိုင်ရှင်သာဆိုရင် သူ ချီမိသားစုကို မပြန်တဲ့ကိစ္စကို ဖြေရှင်းပြီးသား ဖြစ်သွားပြီ။ ချီမိသားစုကိုသာ သူ ပြန်သွားရင် ဒီပိုင်ဆိုင်မှုတွေအားလုံးက ချီမိသားစုလက်ထဲကို ရောက်သွားလိမ့်မယ်”
“ဦးလေးသုံး မူတင်းရွှမ် အခု ဘယ်မှာလဲဆိုတာကိုရောသိလား”
ကျွင်းဟောင်က မေးသည်။
ကျွင်းရန်ချွမ်က ကျွင်းဟောင်ကိုကြည့်ကာ မျက်မှောင်ကြုံ့သည်။
“ငါ မူတင်းရွှမ်နဲ့ပတ်သတ်တဲ့ သတင်းကိုတော့ ရထားတယ်။ ဒါပေမဲ့ အဲ့ဒါ မင်း ရှာနေတဲ့သူ ဟုတ်မဟုတ်တော့ မသေချာဘူး”
“ဦးလေးသုံး လျှို့ဝှက်မနေပါနဲ့။ သူက ဘယ်မှာရှိနေတာလဲ”
ကျွင်းဟောင်က ဆက်မေးသည်။
“သူက ကံအတော်ကောင်းတဲ့ပုံပဲ။ သူ အဆင့်ကိုး မှော်သားရဲနဲ့ တိုက်ခိုက်ပြီးတဲ့နောက် ဒဏ်ရာရသွားတဲ့အချိန်မှာ ကောင်းကင်တိမ် လေလံအိမ်ကို အပျက်အစီးမြစ် ကြေးစားစစ်သားတွေရဲ့ ရောင်းချခြင်းကို ခံလိုက်ရတယ်။ ရက်အနည်းငယ်အတွင်းမှာ သူ့ကို လေလံတင်လိမ့်မယ်”
ကျွင်းရန်ချွမ်က ပြောသည်။ ကျွင်းဟောင်မျက်လုံး ပြူးသွားသည်။
“တတိယဦးလေးသုံး ကျွန်တော် နားကြားများမှားတာလား”
ကျွင်းရန်ချွမ်က ခေါင်းခါကာပြောသည်။
“ငါလည်း အဲဒီလိုပဲဖြစ်ဖို့ မျှော်လင့်တာပဲ”
“ဒါဆို ကျွန်တော် မနက်ဖြန်ကျရင် သွားပြီး ကိုင်တွယ်ကြည့်ဦးမယ်”
ကျွင်းရန်ချွမ်က ခေါင်းခါကာပြောသည်။
“အဲဒီလိုလုပ်လို့ မရလောက်တော့ဘူး။ ကောင်းကင်တိမ်လေလံအိမ်က သူ့ကို လေလံတင်ဖို့ စားရင်းထဲ ထည့်ပြီးသွားပြီ။ ဒီတော့ ငါတို့စောင့်ပြီး လေလံဆွဲဖို့ပဲလိုအပ်တော့တယ်”
“ဒါဆို ကျွန်တော် ရှောက်ရုန်နဲ့သွားမယ်”
ကျွင်းရန်ချွမ်က ကတ်တစ်ကတ်ကို ထုတ်ပေးကာ ကျွင်းဟောင်ကို ပေးသည်။
“ဒါက မင်းအတွက်ပဲ”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now