Unicode
အပိုင်း ၁၈၅
သူက ရီဖန်ကို ကြည့်သည်။ ဒီကောင်က ဒီလောက်ဆင်းရဲတာ၊ သူ့ရဲ့ကျော်ကြားမှုကလည်း အဲဒီလောက်ကြီး မြင့်မားတာ မဟုတ်ဘဲနဲ့ ဘယ်လိုဖြစ်ပြီးတော့များ သူ့ထက် အရင်စောသွားတာလဲ။
ရီဖန်ကလည်း ကောင်းကင်ကို ကြည့်ကာ ပြောသည်။
“ကျွင်းဟောင် နေက ဘာလို့ ထွက်မလာသေးတာလဲ၊ မင်း ပြောစမ်း”ကျွင်းဟောင်က ရီဖန်ကို ကြည့်သည်။
"အခုက ညဘက်လေ။"ရီဖန်က ကျွင်းဟောင်ကို ကြည့်ကာ ပြော၏။
“ငါ တကယ်ကိုပဲ မနက်ဖြန်ရောက်ချင်နေပြီ၊ မနက်ဖြန်ကျရင် ငါနဲ့တင်းရွှယ်ရဲ့ အခြေအနေက ပြောင်းလဲသွားတော့မယ်၊ ကျွင်းဟောင် မင်း ဒီခံစားချက်ကို နားလည်ရဲ့လား”ကျွင်းဟောင် “…”
သူ့ကို သက်သက်မဲ့ ကြွားနေတာပဲ။“ငါ ဒီခံစားချက်ကိုတော့ နားမလည်ဘူး၊ ဒါပေမယ့် မင်း အခုသွားမအိပ်ဘူးဆိုရင် မနက်ဖြန်ကျရင် ရုပ်ဆိုးနေမှာ သေချာတယ်၊ နဂိုကတည်းက မင်းကငါ့ကိုမှ မမီခဲ့တာ၊ အထူးသဖြင့် ရုပ်ရည်မှာပေါ့၊ မစိုးရိမ်ပါနဲ့ မင်း ဘယ်တော့မှ ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ ငါက မင်းထက် အများကြီးချောပြီးသား”
ကျွင်းဟောင်က ထိုသို့ပြောလိုက်၏။ရီဖန် “…”
----------
ရီဖန်၏စံအိမ်တွင် …။
ကျွင်းဟောင်က အဖွဲ့ကိုဧည့်ခံနေကာ ပန်းကန်နှင့်အခြားသော ဟင်းလျာများကို ပို့ပေးနေသည်။ ကျွင်းချန်ကလည်း အားလုံးကိုကူညီကာ ပြင်ဆင်ပေးနေ၏။ ရှန်းယွမ်က ကျွင်းဟောင်အနားသို့သွားကာ မေးသည်။
“ရီဖန်ရော ဘယ်မှာလဲ”
“အဝတ်လဲနေတာဖြစ်မှာပေါ့”
ရှန်းယွမ်က နှာခေါင်းပွတ်ကာ ပြော၏။
“အခု မရှိဘူးလား၊ ဒီကောင်က ဘယ်လောက်တောင်ပြင်နေမှာလဲ၊ သူ့ရုပ်က ဒီရုပ်ပဲလေ”ကျွင်းဟောင်ကလည်း အတွေးနက်ကာ ပြော၏။
“ဟုတ်တယ်၊ ဒီပုံမှန်ရုပ်ပဲကို ဘာတွေပြင်နေမှန်း နားမလည်ပါဘူး၊ ဘယ်လိုပဲ အဝတ်အသစ်တွေဝတ်ဝတ် ဒီရုပ်ပဲလေ၊ ပြီးတော့ သူ့ရဲ့စိတ်အခြေအနေကလည်း ကောင်းတာမဟုတ်ဘူး”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...