Part 182

2.5K 303 0
                                    

Unicode

အပိုင်း ၁၈၂

ရီချူးရွှယ်က ပြောသည်။
“သမီးနောက်ခံကို ဖုံးပြီး သွားတာပါ”

ယန်မန်က ရီချူးရွှယ်ကို ကြည့်ကာ ပြောသည်။
“ဒါဆိုကောင်းတယ်”

ရီချူးရွှယ်က ခေါင်းကိုငုံ့ထားကာ စိတ်ထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသည်။
ဘာလို့လဲ၊ လွန်ခဲ့တဲ့တစ်နှစ်ကို ပြန်ရောက်သွားမယ်ဆိုရင် ရီဖန်ဆိုတဲ့အကောင်ကို သေချာပေါက် ရှင်းပစ်ခဲ့မိမှာပဲ။

ရီချူးရွှယ်က မသက်မသာ ခံစားနေရသည်။ သူမတွင် ဘာမှလုပ်ရန် အာဏာ မရှိတော့ပါပေ။

------
“ပိုင်လျှိုယွန် ဘာလို့ ငါ့ကို အဖော်မပြုပေးတာလဲ”
မူတင်းရွှယ်က ပိုင်လျှိုယွန်ကို ကြည့်ကာ ပြောသည်။

ပိုင်လျှိုယွန်က ပုခုံးတွန့်ကာ ပြော၏။
“ငါတို့ မိတ်ဆွေတွေဖြစ်လာတာ ဒီလောက်ကြာပြီ၊ မင်း ငါ့ကို ယဉ်ကျေးနေဖို့လိုလို့လား”

“မင်း မသက်မသာ မခံစားရဘူးလား၊ လူတွေအားလုံးက မင်းကို စိုက်ကြည့်နေကြတာလေ”

ပိုင်လျှိုယွန်က ပြုံးသည်။
“မင်းမှားနေပြီ၊ ဒီလူတွေအားလုံးက မင်းကို ကြည့်နေတာ၊ ဒါပေမဲ့ မင်းကို ကြည့်ဖို့ရှက်နေလို့ ငါ့ကိုကြည့်သလို ဟန်ဆောင်ကြတာပဲ”

မူတင်းရွှယ်က ပိုင်လျှိုယွန်ကို ကြည့်သည်။
“ပိုင်လျှို မင်း ငါ့ကို တမင်သက်သက် နောက်နေတာ မဟုတ်လား၊ ဒီပြင်ထားတဲ့ရုပ်က တကယ်ပဲ ကြည့်ကောင်းရဲ့လား”

“တင်းရွှယ် ငါ မသိခဲ့ဘူး၊ ဒါက မင်းရဲ့ကိုယ်ပိုင်ရုပ်ပဲ မဟုတ်လား၊ သခင်လေးက မင်းသာ ဆန္ဒရှိမယ်ဆိုရင် မင်းရဲ့နဂိုရုပ်အတိုင်း ပြန်ရမယ်လို့ ပြောထားခဲ့ပြီးသားပဲ၊ အဲဒီရုပ်က တစ်လောကလုံးက အကောင်းဆုံးရုပ်ရည်လေ၊ နောက်ပြီး တစ်လောကလုံးက အတော်ဆုံး ငါတို့ရဲ့သခင်လေးက လုပ်ပေးထားတာလေ”
ပိုင်လျှိုယွန်က မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။

မူတင်းရွှယ်က ပိုင်လျှိုယွန်ကို ကြည့်ပြီးအလေးအနက်ပြောသည်။
“လျှိုယွန် ဒီလိုစကားမျိုး ဆက်မပြောပါနဲ့၊ လူတွေရယ်ကြလိမ့်မယ်”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now