unicode
အပိုင်း ၁၀၉
“တစ်ယောက်ယောက် လာနေပြီ”
ရီဖန်က တည်ငြိမ်သည့်လေသံဖြင့် ပြောသည်။မူရွှယ်လန်က ရီဖန်၏သွေးဆာနေသည့် မျက်ဝန်းတွေကိုကြည့်ကာ မသက်မသာဖြစ်သွားသည်။ ရီဖန်က ခန်းမထဲမှ ထွက်သွားပြီးနောက် ရီချူးရွှယ်ကို ခြံဝန်းထဲတွင် မြင်လိုက်ရသည်။ သူမ၏မျက်နှာက ဖြူစုတ်နေ၏။
ရီချူးရွှယ်က ထိတ်လန့်တကြား ဖြစ်သွားသည်။ အထူးသဖြင့် ခြံဝန်းထဲတွင်ရှိသော မြွေတွေကို ရှောင်ရှားနေချိန်တွင် ဖြစ်၏။
“ရီဖန် နင် ရက်စက်တဲ့မျိုးမစစ်ကောင် အခုချက်ချင်း ထွက်လာစမ်း”
“ရီဖန် နင်နောက်ဆုံးတော့ ထွက်လာပြီပေါ့၊ ငါ့အစ်ကိုကြီးနဲ့ အစ်ကို(၂) ဖြစ်သွားတဲ့ ကိစ္စအားလုံးက နင်လုပ်တာမလား၊ နင်မျိုးမစစ်ကောင်၊ နင် သေသင့်တဲ့အကောင်”
ရီဖန်က ရီချူးရွှယ်ကိုကြည့်သည်။ သူ၏နှုတ်ခမ်းက စိတ်လှုပ်ရှားမှုကြောင့် ကော့တက်နေ၏။
“ချူးရွှယ် ညီမလေး ကောင်းကင်ဘုံကို သွားနိုင်တဲ့လမ်းကြောင်းလည်းရှိသလို၊ ငရဲကို ဆင်းနိုင်တဲ့ လမ်းကြောင်းလည်း ရှိတယ်၊ ဒါပေမယ့် မင်းကတော့ ငရဲကို ဆင်းခဲ့ပြီးသား အခုဒီကိုလာပြီး သေရမယ့် နည်းလမ်းကို စဉ်းစားနေတာလား”ရီဖန်၏လက်က လှုပ်ရှားသွားသည့်အခါ (၁၀)မီတာခန့်ရှည်သည့် မြွေကြီးတစ်ကောင်က ထွက်ပေါ်လာကာ ရီချူးရွှယ်ကို ညှစ်ထားလိုက်ပြီး ရုန်းကန်ရ ခက်ခဲသွားစေ၏။
“ရီဖန် နင် ဘာတွေ လုပ်နေတာလဲ”
မြွေက ရီချူးရွှယ်ကို ရစ်ပတ်ထားကာ သူ့ကို ပြင်းပြင်းထန်ထန် ဆွဲညှစ်ထားသည်။ ရီချူးရွှယ်က ငယ်သံပါအောင် အော်ဟစ်နေ၏။ ထိတ်လန့်ဖွယ်ကောင်းသည့်အသံက ထွက်ပေါ်လာသည်။ ရီချူးရွှယ်၏အော်သံက တဖြည်းဖြည်းချင်း လျော့ကျလာ၏။“ရီဖန် နင် သူ့ကို သတ်မလို့လား၊ ဒါက နင့်ညီမနော်”
ရှန်းယွန်က ပြောသည်။“ဟုတ်တယ် ငါ့ညီမ၊ ငါက နဂိုကတည်းက နာမည်က ပျက်နေတာဆိုတော့ တစ်ယောက်လောက်ကို သတ်လိုက်လည်း ပြဿနာ မရှိပါဘူး၊ ငါ သူမကို သတ်တော့မှာဆိုတော့ ဘယ်သူမှ ထပ်မသိအောင် မင်းကိုလည်း နှုတ်ပိတ်ရမယ်ထင်တယ်”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...