Zawgyi
အပိုင်း ၃ချီရှောက်ရုန်က ရီချူးရွှယ်ကို ကြည့်ကာ တောက်ပသည့် မျက်ဝန်းတွေဖြင့် မေးလိုက်သည်။
"ဒါကရော ဘယ်သူလဲ"
"ငါ့နာမည်က ရှန်းယွမ်"
ရှန်းယွမ်က ချီရှောက်ရုန်၏ အကြည့်ကို ခံစားမိသွားကာ ခပ်မတ်မတ် ထိုင်သည်။
"ရှန်းယွမ်လား။ ဒီအမျိုးသမီးက ကျွင်းဟောင်ရဲ့ ဝမ်းကွဲတဲ့။ မင်းကရော ကျွင်းဟောင်ရဲ့ ဝမ်းကွဲပဲလား"
ချီရှောက်ရုန်က ခေါင်းကို စောင်းကာ မေးလိုက်သည်။
ရှန်းယွမ်သည် ချီရှောက်ရုန်၏ မျက်နှာမှ မျက်နှာချေတွေကို ကြည့်ကာ ကြက်သီးပင် ထချင်လာသည်။
"မဟုတ်ဘူး။ ငါက သူ့မိတ်ဆွေပါ"
ချီဟန်က အသံကို တိုးကာ ကပ်ပြောသည်။
"သခင်လေး ရှန်းယွမ်ဆိုတာက အင်ပါယာမြို့တော်ရဲ့ ပါရမီရှင် ခုနှစ်ယောက်ထဲက တစ်ယောက်ပါ"
အင်ပါယာမြို့တော်မှ လူငယ် ခုနှစ်ယောက်ဟာ အလွန် ထူးချွန်သူ ခုနှစ်ယောက်ကို ဆိုလိုခြင်း ဖြစ်သည်။ ထိုထဲတွင် နောက်ခံနှင့် ပင်ကိုယ် အရည်အချင်း နှစ်ခုလုံးကို ထည့်တွက်လေသည်။ ရှန်းယွမ်က အဆင့်ခုနှစ်ဖြစ်ပြီး အဆင့်တစ်ကမူ ချီရှောက်ရုန်၏ ခင်ပွန်းလောင်းဖြစ်သည်။
ရှန်းယွမ်ကလည်း ကြားသည်။ ထိုနေရာတစ်ခု ရရန်အတွက် အလွန် ခက်ခဲကာ ယှဉ်ပြိုင်သူ ပါရမီရှင် များစွာထဲမှာ နေရာတစ်နေရာကို သူ ရယူနိုင်ခဲ့သည်။ သို့တိုင် လက်ထပ်ရန် ကမ်းလှမ်းလာသူတို့က အိမ်ရှေ့တွင် ပြုံတိုးနေလေ့ ရှိလေသည်။
ချီရှောက်ရုန်က ခေါင်းညိတ်ကာ ပြောသည်။
"ငါ မှတ်မိပြီ အောက်ဆုံးက တစ်ယောက်ပဲ"
ချီဟန်ကလည်း ခေါင်းညိတ်သည်။
"ဟုတ်ပါတယ်"
"ငါ ကြားတာတော့ အားလုံးက တအားချောကြတာဆို၊ ဒီတစ်ယောက်က ဘယ်လိုဖြစ်တာလဲ။ နာမည်များ မှားတာလား"
ချီဟန်က ဆက်ပြော၏။
"သခင်လေး သူက အောက်ဆုံးက တစ်ယောက်လေ၊ သခင်လေး အတွေး မများပါနဲ့ "
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...