Part 43

6.4K 954 5
                                    

အပိုင်း ၄၃

ကျွင်းချန်က ချီရှောက်ယွီ၏ နောက်မှလိုက်ကာ လေ့ကျင့်ရေး ကွင်းထဲ ၀င်သည်။

ကျွင်းဟောင်က လက်သီးကို ဆုပ်ကာ သလင်းကျောက်တုံးကို ဆက်တိုက် လက်သီးဖြင့် ထိုးနေပေသည်။ ထိုသလင်းကျောက်တိုင်သည် စွမ်းအား စမ်းသပ်ရာတွင် သုံးသည်။ သို့သော် ကျွင်းဟောင်က ဘာစွမ်းအားမှ မသုံးထားလေဘဲ လက်သီးအား သက်သက်ဖြင့်သာ ထိုးနေခြင်းဖြစ်သည်။

ကျွင်းချန်က ကျွင်းဟောင်၏ လက်သီးမှ သွေးတို့ကို ကြည့်ကာ မျက်မှောင် ကြုတ်သည်။
နတ်ဆိုးသမားတော် ထွက်သွားတဲ့ကိစ္စက ကျွင်းဟောင်အပေါ် သူ ထင်ထားတာထက် သက်ရောက်မှု ပြင်းနေတာပဲ

ချီရှောက်ယွီက အနားသို့ ပြေးလာကာ ကျွင်းဟောင်၏ လက်ကို ဆွဲသည်။
“အားဟောင် ဘာတွေ လုပ်နေတာလဲ”

ကျွင်းဟောင်က လက်ကို ရုန်းကာ ခပ်တည်တည် ပြောသည်။
“ငါ့ရဲ့စွမ်းအားကို စမ်းသပ်နေတာလေ”

ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်ကာ ပြောသည်။
“အားဟောင်က နတ်ဆိုးသမားတော်ကို စိတ်ပူလို့လား။ စိတ်မပူပါနဲ့ သူ အဆင်ပြေပါတယ်”

ကျွင်းချန်က ခံစားချက်မကောင်းတော့ပေ။ သူ ပါးစပ်ဟတော့မည့်အချိန်တွင် ချီရှောက်ယွီက ပြောသည်။
“နတ်ဆိုးသမားတော်က လောကအနှံ့က အပျော်ဂေယာတွေကို လျှောက်သွားနေတယ်လို့ပြောတယ်။ အားဟောင် ဒီလိုလူမျိုးကို ဘာတွေ စိုးရိမ်နေတာလဲ”

ကျွင်းချန်သည် ကျွင်းဟောင်၏ မျက်နှာအမူအယာ ပျက်ယွင်းသွားကြောင်း မြင်သည့်အခါ နှာခေါင်းပွတ်သည်။
နတ်ဆိုးသမားတော် အပျော်ဂေဟာ သွားတာက ပုံမှန်ပါပဲ။ သူ့ကိုတောင် အစပိုင်းတုန်းက အပျော်ဂေဟာကို ဖိတ်ခဲ့တာပဲ မဟုတ်လား

ကျွင်းချန် ကျွင်းဟောင်၏ လက်ကို သွားဆွဲလိုက်သည်။
“အစ်ကိုကြီး ဒီနေ့ ကျောင်းစဖွင့်တာဆိုတော့ ကျောင်းသားအသစ်တွေကို သွားကြည့်ရင် မကောင်းဘူးလား”

ကျွင်းဟောင်က ချီရှောက်ယွီကို လှည့်ကြည့်ကာ မေးသည်။
“နတ်ဆိုးသမားတော် အပျော်ဂေဟာ သွားတယ်လို့ မင်းကို ဘယ်သူပြောလဲ”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now