Unicode
အပိုင်း ၁၇၂
“မင်းတို့ ဘာတွေပြောနေတာလဲ”
ကျွင်းချန်က ထွက်လာသည်။ကျွင်းဟောင်က ယွန်ဟူကို ညွှန်ပြ၏။
“သူဒီမှာ အစောင့်အဖြစ်နဲ့နေလိမ့်မယ်”ယွန်ဟူက ကျွင်းဟောင်၏စကားကို ကြားသည့်အခါ ကိုယ်ကိုဖြောင့်မတ်စွာ ရပ်လိုက်သည်။ သူက တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် ကြည့်နေ၏။
ကျွင်းချန်က ခေါင်းညိတ်သည်။
“ငါ စီစဉ်လိုက်မယ်”ယွန်ဟူက ကျွင်းဟောင်၏ရှေ့တွင် စကားကြီးစကားကျယ် ပြောနေသည့်တိုင်အောင် ကျွင်းချန်၏ရှေ့တွင်မူ သူက လိမ္မာသည်။
ယွန်ဟူကို ကျွင်းချန်ကခေါ်ထားမည်ဖြစ်ကြောင်း လက်ခံလိုက်သည်။
“မင်း ငါနဲ့ခဏလိုက်ခဲ့”ထို့နောက် အဝေးသို့ခေါ်သွား၏။
“ငါ့ရဲ့ဝမ်းကွဲက ထမင်းလည်း ချက်တယ်၊ ရေနွေးအိုးလည်း တည်တယ်၊ ထင်းတွေလည်း ခွဲတယ်၊ အရွက်တွေလည်း ကောက်တယ်၊ ဝက်တွေလည်းသတ်တယ်၊ ငါးတောင် ဖမ်းနေတယ်လို့ ပြောတာလား”
ကျွင်းချန်က မယုံနိုင်သလို မေးသည်။ယွန်ဟူက ခေါင်းညိတ်၏။
“ဟုတ်တယ်၊ ခင်ဗျားရဲ့၀မ်းကွဲအစ်ကိုက တကယ်ကို သင်လွယ်တတ်လွယ်တယ်၊ သူက အစပိုင်းမှာ မလုပ်တတ်ပေမယ့် တဖြည်းဖြည်း လုပ်တတ်သွားတော့ မြန်လည်းမြန်တယ်၊ တော်လည်းတော်တယ်”ကျွင်းချန်က မျက်နှာမဲ့သွားသည်။ သူ စိတ်ထဲတွင် အော်ဟစ်နေမိ၏။
နဂိုက ချီရှောက်ရုန် ပြောသည်ကို ကြားခဲ့သည့်တိုင်အောင် အမှန်တကယ် ဖြစ်နေမည်ဟု မထင်ထားမိပေ။“မင်းရဲ့အိမ်မှာတောင်မှ ငါ့အစ်ကိုက အဝတ်တွေ လာခိုးတယ်လို့ ပြောတာလား”
ယွန်ဟူက ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ လူတိုင်းက ဒီလိုအပြုအမူမျိုးနဲ့ လျှောက်သွားနေဖို့ မလွယ်ဘူးလေ”ကျွင်းချန်၏မျက်နှာက မဲမှောင်သွားသည်။
“အမှန်ပဲ အမှန်ပဲ”ယွန်ဟူက ကျွင်းချန်ကို ပဟေဠိဖြစ်စွာကြည့်၏။
“ဘာက မှန်တာလဲ”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...