Part 12

8.6K 1.4K 12
                                    

အပိုင်း ၁၂

"သံစဉ်က နားထောင်လို့ ကောင်းသားပဲ"

ချီရှောက်ရုန်က မေးစေ့ကို မော့ကာ ပြုံးလိုက်သည်။

ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ပြီးနောက် ပြုံးလာသည်။

"ပိုင်လျိုယွန်က တကယ်ကိုရှားပါးတဲ့ အသံအရင်းအမြစ်ကို ပိုင်ဆိုင်ထားတဲ့ ဆရာတစ်ယောက်ပဲ၊ သူဆိုတဲ့သံစဉ်က အရမ်းကောင်းတာပေါ့"

ချီရှောက်ရုန်က လက်ဖက်ရည်တစ်ငုံသောက်ကာ ပြုံးသည်။

"ပိုင်လျှိုယွန်က အားနည်းတဲ့သူမှ မဟုတ်တာ၊ မိသားစုလေးခုနဲ့ အင်ပါယာနန်းတော်ကတောင် လာရောက်ပြီး နားထောင်ရတယ် မဟုတ်လား၊ ဒီတော့ သူက နေရာတစ်ခုရတာက ပုံမှန်ပါပဲ"

ချီရှောက်ဖူက မျက်တောင် တဖျတ်ဖျတ်ခတ်ကာ ပြောလာသည်။

"ခဏနေရင် ဇိသာ သံစဉ်ပြီးသွားတာနဲ့ ပိုင်လျိုယွန်က လူငယ်ပါရမီရှင် တစ်ယောက်ကို ရွေးချယ်ပြီး စကားပြောဖို့ ကြံစည်လိမ့်မယ်၊ အင်ပါယာမြို့တော်က ကျင့်ကြံသူတွေအားလုံးက ပိုင်လျိုယွန် ရွေးချယ်ခံရတဲ့ ဧည့်သည်တော် ဖြစ်ရတဲ့အတွက် အမြဲတမ်း ဂုဏ်ယူကြတယ်၊ အစ်ကိုဟောင် ဒီတစ်ကြိမ်တော့ အစ်ကိုဟောင်ကို ရွေးချယ်ဖို့က အဖြစ်နိုင်ဆုံးပဲ၊ ဒီလူငယ်မျိုးဆက်မှာ အစ်ကိုဟောင်ကို ဘယ်သူကမှ မယှဉ်နိုင်ဘူးလေ"

ကျွင်းဟောင်က ပြုံးလိုက်သည်။ သူက ချီရှောက်ရုန်ကို ကြည့်ပြီးနောက် ပြော၏။

"မဖြစ်နိုင်လောက်ဘူး"

"အစ်ကိုဟောင် အဲ့လောက်အထိ နှိမ့်ချနေဖို့ မလိုပါဘူး၊ ဒီခန်းမထဲမှာ အစ်ကိုဟောင်နဲ့ ဘယ်သူက ယှဉ်နိုင်လို့လဲ"

ချီရှောက်ဖူက ပြောသည်။

ချီရှောက်ရုန်က ချီရှောက်ဖူကို တစ်ချက်ကြည့်ပြီးသည့် နောက် စိတ်ထဲတွင် ရေရွတ်လိုက်၏။

ဒီအရူးကတော့ ချီရှောက်ခန်းတစ်ယောက်လုံး ဒီမှာ ရှိနေတာတောင် သူများ အစ်ကိုကို သွားပြီး မြှောက်ပင့်နေသေးတယ်၊ ဒီကောင် အသက်မရှင်ချင်တော့တာ ဖြစ်မယ်။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now