Unicode
Vip Group ရှိပါတယ်နော်အပိုင်း ၂၁ ကွာရှင်းခြင်း
“သခင်လေးတောင် ပြန်လာပြီလား”
ချီဟန်က မောပန်းလာဟန်ရသော ချီရှောက်ရုန်ကို ကြည့်ကာ ပြောသည်။
ချီရှောက်ရုန်သည် အိပ်ခန်းထဲ တိုက်ရိုက် ဝင်သွားကာ အိပ်ယာပေါ် ပစ်လှဲလိုက်ပြီးနောက် ခြေထောက်တွေကို ရမ်းခါကာ ပြောသည်။
“အာ… ငါ ပင်ပန်းနေပြီ”
“သခင်လေး ဒီနေ့ လှုပ်ရှားပြခဲ့ရသေးလား”
ချီဟန်က မေးသည်။
ချီရှောက်ရုန်လည်း ခေါင်းခါလိုက်သည်။
“ဘာမှ မလုပ်ခဲ့ရပါဘူး။ ကျွင်းဟောင်က အရှေ့မှာ ရှိနေမှတော့ ငါက ဘာလုပ်စရာ လိုမှာလဲ”
“ဒါနဲ့ သခင်လေးက ကျွင်းဟောင်ရဲ့ နောက်ကို လိုက်ပြီး သူ့ရဲ့လှုပ်ရှားမှုတွေကို အချိန်အကြာကြီး လေ့လာခွင့်ရခဲ့တာဆိုတော့ သူ့ရဲ့ အားနည်းချက်ကို သိရပြီလား”
ချီဟန်က မေးလာသည်။
“ဘာမှ သိပ်မသိရပါဘူး၊ သူက စိတ်စွမ်းအားနဲ့ ခန္ဓာကိုယ်စွမ်းအား နှစ်ခုလုံးမှာ ထူးချွန်တဲ့ မွေးရာပါ ပါရမီရှင်ဆိုတာကို မင်း သိတယ် မဟုတ်လား။ ပြီးတော့ သူ့ရဲ့စိတ်စွမ်းအားက သာမန်ထက် အများကြီး ပိုသာတယ်။ သူက ထူးချွန်တဲ့ သားရဲသခင်လည်းဖြစ်နေသေးတယ်။ မင်းသိလား သားရဲသခင်တွေက အကျိုးအမြတ် အရမ်းများတာပဲ”
ချီရှောက်ရုန်က ပြောသည်။
ချီဟန်ကလည်း ခေါင်းညိတ်သည်။
“ကျွန်တော်လည်း သိပါတယ်၊ သားရဲသခင်တွေက သားရဲတွေအပေါ် နည်းနည်းလေး ဖိအားပေးလိုက်ရုံနဲ့ ပိုက်ဆံက အပြုံလိုက် ဝင်လာရောပဲ”
များစွာသော ကလန်တို့သည် သားရဲတစ်ကောင်ကို ဖမ်းမိခဲ့သော်လည်း အညံံ့ခံအောင် မလုပ်နိုင်သည့်အခါ သားရဲသခင်တို့ကို ဌားရမ်းရလေသည်။ ထိုနည်းဖြင့်သာ အညံ့ခံလာအောင် လုပ်နိုင်ကြ၏။ သို့ရာတွင် သားရဲသခင်တို့သည် အလွန် ရှားပါးလှလေပြီး ရှိနေနှင့်သော သားရဲသခင် အများစုဟာ အင်ပါယာ နန်းတွင်းတွင်သာ ရှိနေသဖြင့် ဌားရမ်းရန် ခက်ခဲလွန်းလှပေသည်။ ထို့အပြင် အဆင့်တူသားရဲကို အညံ့ခံအောင် လုပ်နိုင်သည့်အခါ ထိုသားရဲသခင်၏ စိတ်စွမ်းအားသည်လည်း များစွာ တိုးတက်လာပေ၏။
ချီရှောက်ရုန်၏ မျက်၀န်းတို့ ကျဉ်းမြောင်းသွားလေသည်။
“ဒီကောင်က ပါရမီကြီးလွန်းတယ်။ သူ ဒီလို ကံကောင်းအောင် အရင်ဘဝက ဘာတွေများ လုပ်ခဲ့သလဲ မသိဘူး”
ချီဟန်သည် ခေါင်းညိတ်ကာ ပြော၏။
“သခင်လေး မစိုးရိမ်ပါနဲ့၊ သခင်လေးက ပိုပြီး ရှာနိုင်မှာပါ”
ချီရှောက်ရုန်က သူ့ခေါင်းကို ဖွကာ ပြောသည်။
“ဒါပေါ့၊ ငါက သူ့ထက်ပို ရှာနိုင်တာပေါ့။ ဒါပေမယ့် သူက ငါ့ထက်ပို အလားအလာ ကောင်းနေတယ်လေ”
“သခင်လေး မနက်ဖန် အလုပ် ပြန်စ မလုပ်ချင်ဘူးလား။ သခင်လေး ထွက်သွားတဲ့အချိန်အတွင်းမှာ ကျွန်တော့်ကို လာရှာကြတဲ့သူတွေအများကြီးပဲ။ အထက်တန်းလွှာက အမျိုးသမီးတွေအပြင် မင်းသမီးတစ်ပါးတောင် ပါသေးတယ်”
ချီရှောက်ရုန်ကမူ ခေါင်းကို ခါ၏။
“မနက်ဖန်တော့ မရသေးဘူး။ ငါ မနက်ဖန်ကျရင် ကျွင်းလင်းယွမ်ကို အတူ သွားကြည့်ပေးမယ်လို့ ကျွင်းဟောင်ကို ကတိပေးထားတ.်”
“ကျွင်းလင်းယွမ် အတွက်လား။ ကျွန်တော် ကြားထားတာတော့ ကျွင်းလင်းယွမ်က သူ့သမီးကို အရမ်းချစ်လွန်းလို့ ရှိသမျှ ပိုင်ဆိုင်မှုတွေအကုန် ပုံအောထားတာတဲ့လေ။ ဒီနှစ်တွေအတွင်းမှာ ရှိသမျှ သမားတော်တွေ၊ အလင်း မှော်ဆရာတွေကို ဖိတ်ခေါ်ပြီး မြင့်မြတ်တဲ့ အလင်းစွမ်းအင်နဲ့ ကုသစေခဲ့တယ်။ ဒါပေမယ့် ကုသပြီး နည်းနည်း ကြာတာနဲ့ နဂိုအတိုင်း အားပြန်နည်းသွားတာတဲ့လေ”
ချီဟန်လည်း သက်ပြင်းချမိသည်။
“ငါလည်း ကျွင်းလင်းရဲ့ အကြောင်းတွေ ကြားထားပါတယ်။ ဒါပေမယ့် ဘာက ပြဿနာရှိနေလဲဆိုတာကို ကိုယ်တိုင် သွားကြည့်ရမှာပေါ့”
ချီရှောက်ရုန်က ပျင်းရိစွာ ဆိုသည်။
“သခင်လေး သွားလိုက်တာနဲ့ အဖြေကို သိရမှာပါ”
ချီဟန်က ပြုံးသည်။
သို့သော် ချီရှောက်ရုန်က မျက်မှောင်ကို ကြုတ်သည်။
“ငါ သံသယ ၀င်နေတာတော့ ရှိတယ်။ ဒါပေမယ့် မသေချာသေးပါဘူး”
“သခင်လေး ဘာကိုများ ခန့်မှန်းမိလို့လဲ”
ချီရှောက်ရုန်လည်း ချီဟန်ကို တချက်ကြည့်ကာ ခေါင်းကို ခါလိုက်သည်။
“ထားလိုက်ပါ၊ ငါ အတွေးလွန်တာပဲ ဖြစ်မှာပါ”
ချီရှောက်ရုန်က စကားမဆက်ချင်တော့ကြောင်း သတိထားမိသဖြင့် ချီဟန်ကလည်း အာရုံ ပြောင်းသည်။
“သခင်လေး သခင်လေး လမ်းမှာ ရီချူးရွှယ်နဲ့ တွေ့ခဲ့သေးတာလား”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“အင်း ငါတို့ ရီချူးရွှယ်အပြင် သူ့အစ်ကိုနှစ်ယောက်နဲ့တောင် တွေ့ခဲ့သေးတယ်။ ဟုတ်သားပဲ ငါ ကြားခဲ့တဲ့အတိုင်းဆိုရင် မူရွှယ်လန်နဲ့ ရီဖန်တို့ ကွာရှင်းတော့မယ်ဆိုပဲ”
“ဟုတ်ပါတယ်။ သူတို့ ကွာရှင်းပြီးပါပြီ”
ချီဟန်က အတည်ပြုပေးသည်။
“အိုး နောက်ဆုံးတော့ ငါတို့ရဲ့ အားဖန်လည်း ရွှေလူပျို ပြန်ဖြစ်ပြီပဲ။ တစ်လောကလုံးက ခန့်ညားချောမောတဲ့ အမျိုးသားတွေ၊ အလှလေးတွေအတွက် အရည်အသွေး ပြည့်မီတဲ့ လူလွတ်လေးတစ်ယောက် ရလိုက်ပြီ”
ချီရှောက်ရုန်၏ စိတ်အခြေအနေက ကောင်းမွန်သွားသည်။
ချီဟန်:”…”
“မူရွှယ်လန် သူကတော့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်နေမှာပဲ။ နှမြောစရာက ငါတို့ အားဖန်လောက် ချမ်းသာတဲ့ သူမျိုးကို လက်လွှတ်လိုက်ရတာပဲ”
ချီရှောက်ရုန်သည် ခေါင်းကိုခါကာ စိတ်မသက်သာဟန် ပြောသည်။
ချီဟန်က သူ့ အင်္ကျီလက်တွေကို အပေါ်သို့ လိပ်တင်ကာ ပြောလာသည်။
“တကယ်တော့ သူတို့ ကွာရှင်းလိုက်ပေမယ့် မူရွှယ်လန်က အိမ်တော်က ထွက်မသွားသေးပါဘူး”
“သူက ဘာကိစ္စနဲ့ မပြောင်းသေးတာလဲ”
ချီရှောက်ရုန်လည်း မေးလိုက်သည်။
ချီဟန်က သူ သိထားသမျှကို ပြောလာသည်။
“သွားစရာ မရှိလို့ဖြစ်နိုင်ပါတယ်။ အတိတ်မှာတုန်းက မူရွှယ်လန်က မင်းသားနှစ်နဲ့ ကိစ္စကြောင့် လူအများအပြားကို ရန်စမိခဲ့တယ်။ အဲ့ဒီထဲမှာ မူမိသားစုလည်း ပါတယ်။ မူရွှယ်လန်ရဲ့ မိသားစုက သူမကို ချမ်းသာတဲ့သူနဲ့ လက်ထပ်ပြီး သူတို့အတွက် အထောက်အပံ့ ဖြစ်စေလိုခဲ့တယ်။ ဒါပေမယ့် အားဖန်နဲ့ပဲ လက်ထပ်ခဲ့တယ်။ ပြီးတော့ သခင်လေးလည်း သိတာပဲ အားဖန်ရဲ့ အိမ်တော်က ကောင်းတယ်လေ”
ရီဖန်၏ အိမ်ဟာ ရီဖန်၏မိခင် ချန်ထားပေးခြင်း ဖြစ်သည်။
ချီရှောက်ရုန်၏ ခန္ဓာကိုယ်က တောင့်တင်းသွားတော့ကာ သတိလက်လွတ် ရေရွတ်သည်။
“အိုး အားဖန်က ကွာရှင်းပြီးတာတောင် သူ့ကို နှင်မထုတ်ဘဲ ထားတဲ့ သဘောကောင်းသူကြီးပါလား”
“တစ်ညတာက ရက်ပေါင်းတစ်ရာထက် ပိုကောင်းတယ်တဲ့။ ဒါပေမယ့် သူတို့ လက်ထပ်ခဲ့ဖူးတာတောင် တစ်ညကမှ အစစ်အမှန် မဖြစ်ခဲ့ဘူး၊ နှမြောစရာပဲ”
ချီရှောက်ရုန်က မချိတင်ကဲ ဆိုသည်။
ချီဟန်: ”…”
Zawgyi
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...