Unicode
အပိုင်း ၁၆၆
ကျွင်းဟောင်က မေးစေ့ကို ပွတ်ကာ ပြော၏။
“ကြွက်သားများတာကလည်း ကြည့်ကောင်းတယ်လို့ ငါတော့မထင်ဘူး”“ဟုတ်တယ် ဒီနေ့ခေတ်မိန်းကလေးတွေက ဘာလို့ ကြွက်သားများတဲ့ ကောင်လေးတွေကို သဘောမကျကြတာလဲ၊ သူတို့က ဖြူဖျော့ဖြူဖျော့ ကောင်လေးတွေကိုပဲ သဘောကျနေကြတယ်၊ လူဖြူတွေက ဘာကိုများ ကောင်းနေလို့လဲ”
ယွန်ဟူက မကျေမနပ် ပြောသည်။“လာစမ်းပါ၊ တိုက်ခိုက်ရအောင်၊ ငါ မင်းနဲ့တိုက်ခိုက်မယ်လေ”
ကျွင်းဟောင်က စောင့်ကြည့်ချင်သည်ဟု ပြောလိုက်ကြောင်း ကြားသည့်အခါ ယွန်ဟူ၏စိတ်ခံစားချက်များက ပြောင်းလဲသွားကာ သူက အားအင်အပြည့်ဖြင့် တိုက်ခိုက်လိုက်သည်။
ကျွင်းဟောင်နှင့်ယွန်ဟူတို့က ထိုသို့ စကားများနေချိန်တွင် ယွန်ဟူက သူ၏အတွေ့အကြုံများကို ပြောချင်စိတ်ပြည့်ဝလာခဲ့သည်။
“သူခိုးလေး ငါ ဘယ်သူ့ကို လေးစားလဲ သိလား”
ကျွင်းဟောင်က အပြင်သို့ ထွက်လာသည့် ချီရှောက်ရုန်ကို တစ်ချက်ကြည့်ပြီးနောက် ပြော၏။
“ချီရှောက်ရုန်လား”“မဟုတ်ဘူး၊ ငါ လေးစားတာက ကျွင်းဟောင်ပဲ”
ယွန်ဟူက ပြောသည်။ကျွင်းဟောင်၏ စိတ်ဝင်စားမှုနှုန်းက မြင့်တက်သွား၏။ သူက မေး၏။
“ဘာလို့လဲ၊ ကျွင်းဟောင်က အရမ်းတော်နေလို့လား”ယွန်ဟူက ခေါင်းခါသည်။
“မဟုတ်ပါဘူး၊ သူက ချီရှောက်ရုန်ကို လက်ထပ်နိုင်တယ်လေ၊ ချီရှောက်ရုန်က ဘယ်လောက် တော်လိုက်သလဲ၊ သူက တကယ်ချမ်းသာတဲ့ လက်တွဲဖော်ကို ပိုင်ဆိုင်ထားမှတော့ သူ့ရဲ့တစ်ဘဝလုံး အေးအေးဆေးဆေး နေသွားနိုင်ပြီလေ၊ ငါ ဘာလို့ ဒီလောက် ကံမကောင်းရတာလဲ”ကျွင်းဟောင် “…”
ချီရှောက်ရုန်က အနားသို့ လျှောက်လာရင်းမှ ပြော၏။
“ကျွင်းဟောင်နဲ့ချီရှောက်ရုန်က လက်ထပ်ထားတာမှ မဟုတ်တာ”ယွန်ဟူကလည်း ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ ကျွင်းဟောင်က အပျော့စားဆန်ကို စားချင်နေတယ်၊ သူ သေချာပေါက် စောင့်ရလိမ့်မယ်”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...