part 120

4.9K 631 5
                                    

Unicode

အပိုင်း (၁၂၀)

ချီယောင်က လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ချသည်။

‘‘အဖေ ဘာဖြစ်လို့လဲ’’
ချီရှောက်ယွီက မေးလာသည်။သူမက တုန်ယင်နေ၏။

‘‘အဲဒီ ပုန်ကန်တဲ့သားမိုက်ပေါ့’’

ချီရှောက်ခန်းကလည်း မျက်မှောင်ကြုတ်သည်။ ဒီလိုအချိန်မျိုး ကြိမ်ဖန်များစွာ ဖြစ်နေခဲ့သည့်အခါ သူတို့ ကျင့်သားရနေခဲ့ချေပြီ။ ချီရှောက်ရုန်ထံမှ ပြန်လာသည့်အချိန်တိုင်း ချီယောင်က  ဒေါသထွက်နေလေ့ရှိသည်။

‘‘အဖေ ချီရှောက်ရုန်က ဒီလိုဖြစ်နေမှတော့ သူ့ကို လျစ်လျူရှုထားလိုက်ပါ။ အချိန်ကျလာတဲ့အခါ မိသားစုက စီနီယာတွေက သူ့ကို ကြိုဆိုလိုက်မယ်ဆိုရင် သူကလည်း မျက်နှာသာပြန်ပေးမှာပါ။’’
ချီရှောက်ယွီကပြောလိုက်သည်။

ချီယောင်က နူးညံ့သွား၏။
‘‘ဒါမှန်တယ်’’

ချီရှောက်ဖူက နှာခေါင်းရှုံ့ကာ တွေးနေ၏။
ချီရှောက်ရုန်က ဒီလောက်အရေထူတာ သေချာပေါက် ပြန်လက်ခံမှာ မဟုတ်ဘူး။ မိသားစုက စီနီယာတွေက ကြိုဆိုတော့ရော သူက ဘာဖြစ်မှာတဲ့လဲ။ချီရှောက်ယွီရဲ့ အကြံက သက်သက်မဲ့ အသုံးမဝင်တဲ့အရာပဲ။

-----
ချီရှောက်ရုန်က အဆောင်သို့ပြန်ရောက်လာသည်။ ချီဟန်က သူ့ကိုကြို၏။
‘‘သခင်လေး၊ ကျွင်းချန် ရောက်လာတယ်။ သူက အပြင်မှာ စောင့်နေတာကြာပြီ’’

‘‘အဲဒီ ဝတုတ်လေး ရောက်လာတာလား။ ငါ သူ့ကို သွားတွေ့လိုက်မယ်လေ’’

‘‘စတုတ္ထသခင်လေးချီ’’
ကျွင်းချန်က ချီရှောက်ရုန် ဝင်လာကြောင်းမြင်သည့်အခါ ထိတ်လန့်စွာပင် မတ်တတ်ထရပ်ကာ ဦးညွတ်သည်။

ချီရှောက်ရုန်က ကျွင်းချန်ကို ကြည့်ကာ ပြော၏။
‘‘အားချန် ဘာကြောင့်များ လာတွေ့ရတာလဲ’’

‘‘ကျွန်တော် ကမ်းလှမ်းချက်တစ်ခု လုပ်ချင်လို့ပါ။အစ်ကိုကြီး ရှောက်ရုန်က စေ့စပ်ပွဲအတွက် ဘာများထပ်ဖြည့်တောင်းဆိုချင်တာများရှိမလဲလို့ပါ။’’
ကျွင်းချန်က မေးသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now