part 136

3.7K 518 2
                                    

Unicode

အမှိုက်ကောင်ပြန်ရှင်လာပြီ

အပိုင်း ၁၃၆

‘‘သခင်လေးချီ ပြန်လာပြီလား’’

ချီရှောက်ရုန်က ရှန်းယွမ်ကို ကြည့်သည်။
‘‘ဟုတ်တယ်၊ဆက်ပြောလေ ဘာလို့ပါးစပ်ပိတ်သွားတာလဲ၊ငါ့ကို ကြောက်လို့လား၊မင်းလည်း အားချန်လိုမျိုး ငါက ဒါသကြီးတယ်လို့ထင်နေပြန်တာလား’’

ရှန်းယွမ်က ခေါင်းကုတ်ကာ ရှက်ရွံ့သွားသည်။သူကပြောသည်။
‘‘သခင်လေးရှီက ဒေါသမကြီးပါဘူး၊လုံးဝဒေါသမကြီးပါဘူး’’

ချီရှောက်ရုန်က လက်ခါပြသည်။
‘‘ဒေါသမကြီးဘူးဆိုရင် မင်းပြောချင်တာကို ဆက်ပြောဖို့က အကောင်းဆုံးပဲ’’

ရှန်းယွမ်‘‘…သခင်လေးချီ ဖုန်းယွမ်ကို လာကုဖို့လူတွေအများကြီးလာတယ်ဆိုပေမဲ့ သခင်လေးချီစိုးရိမ်ဖို့ မလိုအပ်ပါဘူး၊သူတို့အားလုံးက အသုံးမကျတဲ့ အမှိုက်တွေပါပဲ၊အဓိက ကိစ္စကို သခင်လေးချီကပဲ လုပ်ရမှာပါ’’

ချီရှောက်ရုန်က လက်ခါပြသည်။
‘‘ငါ မသေချာသေးပါဘူး’’

မူတင်းရွှယ်က ဝင်လာသည်။
‘‘သခင်လေး ညစာကအဆင်သင့်ဖြစ်ပြီ၊ကျွန်တော်တို့ သွားစားရအောင်’’

ရှန်းယွမ်၏ မျက်ဝန်းများက တောက်ပသွားသည်။
‘‘ညစာ ညစာ ငါ ဗိုက်ဆာနေပြီ’’

မူတင်းရွှယ်တို့အားလုံး အောက်ထပ်သို့ဆင်းကာ စားပွဲဝိုင်းတွင် ဝိုင်းထိုင်လိုက်သည့် အချိန်တွင် မူမိသားစုမှ အဖြူရောင်ဝတ်စုံနှင့် လူများစွာက စားသောက်ပြီး  အခန်းသို့ပြန်တက်သွားချိန်ဖြစ်သည်။

‘‘ဟို အဖြူရောင်ဝတ်စုံနဲ့ ကောင်က ဘယ်သွားလဲ မသိဘူး’’
ရှန်းယွမ်က ပြောလိုက်သည်။

ချီရှောက်ရုန်က ရှန်းယွမ်က ကြည့်သည်။
‘‘ဘာလဲ လိုက်သွားချင်လို့လား၊လိုက်သွားချင်ရင် လိုက်သွားလေ’’

ရှန်းယွမ်က လက်ခါပြသည်။
‘‘ဟင့်အင်း ငါ မလိုက်သွားချင်ဘူး’’

‘‘ဒါဆိုလဲ ဆက်စားတော့’’

မူတင်းရွှယ်က ထိုအဖြူရောင်ဝတ်စုံနှင့်လူများ ထွက်သွားသည့် ဘက်သို့ကြည့်ပြီး အကြည့်များက ရှုပ်ထွေးသွားသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now