Unicode
အပိုင်း (၁၆၉)ပထမတစ်ကြိမ် အောင်မြင်သွားသဖြင့် ကျွင်းဟောင်က နောက်ပိုင်းတွင် ငါးဖမ်းလွယ်သွားသည်။ ချီရှောက်ရုန်က ရေထဲတွင် ပျော်ရွှင်စွာဖြင့် ငါးဖမ်းနေသည့် ကျွင်းဟောင်ကိုကြည့်ကာ လျှို့ဝှက်ဆန်းကြယ်သလို ခံစားလိုက်ရသည်။ ချီရှောက်ရုန် လက်ပိုက်ကာ ပြောလိုက်၏။
“ကျွင်းဟောင် ဒီကောင်က ငါးဖမ်းတာတော့ တော်သွားပြန်တာပဲ”
ယွန်ကွေ့က ကမ်းခြေပေါ်တင်နေသည့် ငါးကိုကြည့်ပြီး မင်သက်စွာပြောသည်။
“ဒီကောင်က ငါးဖမ်းတော့ တကယ်တော်တယ်၊ နင်ကသာ သူကသာ သခင်လေးတစ်ယောက် ဖြစ်ခဲ့တယ်လို့ မပြောခဲ့ရင် ငါသေချာပေါက် သူ့ကို ငါးဖမ်းသမားလို့ ထင်ခဲ့မှာပဲ”ချီရှောက်ရုန် ခြောက်ကပ်စွာပြုံးရင်း တွေးသည်။
ကျွင်းဟောင် သူက တတ်လွယ်တယ်။ယွန်ကွေ့နှင့် ချီရှောက်ရုန်က စကားပြောနေချိန်တွင် မြင်းခွာသံများကို ကြားလိုက်ရသည်။
ယွန်ကွေ့က မတ်တပ်ထရပ်ကာ အဝေးသို့ ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများက ကျဉ်းမြောင်းသွားကာ အံံ့အားတကြီး ပြောသည်။
“ကျားပျံကြေးစားစစ်သားအဖွဲ့ပဲ”
နဂိုက ငါးဖမ်းနေသည့် ယွန်ဟူကလည်း စိတ်လှုပ်ရှားသွားကာ ကမ်းခြေသို့ ကြည့်သည်။ သူက ရှက်ရွံ့သွားပုံရ၏။
ကျားပျံကြေးစားစစ်သားအဖွဲ့မှ လူ၁၀ယောက်က တိမ်ပျံမြင်းများကို စီးနင်းလာကာ အဝေးမှပဲ ဖုန်အလုံးလိုက် တက်လာသည်။ သူတို့ထံမှ စွမ်းအားကြီးသည့် အရှိန်အဝါများက လင်းလက်နေ၏။ ခေါင်းဆောင်က အဆင့်၅ဖြစ်ပြီး အခြားသူတိုင်းက အဆင့်၃နှင့် အဆင့်၄များ ဖြစ်ကြသည်။
ထိုခေါင်းဆောင်အမျိုးသမီးအကြောင်းကို ချီရှောက်ရုန်ကြားဖူးသည့်တိုင်အောင် ယခုအခါမှသာ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထိုခေါင်းဆောင်က ရုပ်ရည်က မှင်သက်ဖွယ် မကောင်းသည့်တိုင်အောင် အလွန် ကြည့်ကောင်းသည့်အထဲ ပါနေသေးသည်။ ယွန်ဟူက နဂိုကြောင်တောင်တောင် နေတတ်သည့်ပုံစံမှ ထိုခေါင်းဆောင်ကို မြင်သည့်အခါ ရှက်ရွံ့သွားပုံရသည်။ ထိုပုံက ရီစရာကောင်း၏။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...