အပိုင်း ၃၃
ချီရှောက်ရုန်က လက်နှစ်ဖက်ကိုကျောနောက်တွင် ထားထားကာ ချီရှောက်ဖူကို တစ်ချက်ကြည့်သည်။
“တတိယအစ်ကို ငါနဲ့အတူ မဝင်ဘူးလား”
“အဖေက ဒေါသထွက်နေတာ မင်းဘာသာမင်းပဲ အရင်၀င်ပါ”
ချီရှောက်ဖူက ကူကယ်ရာမဲ့နေပုံရသည်။
ချီရှောက်ရုန် “…”
ချီရှောက်ရုန်က ချီရှောက်ဖူ၏ကျောပြင်ကို ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။
'တကယ်ကို အရှုံးသမားပဲ။'
ချီရှောက်ရုန် အိမ်ထဲသို့ ဝင်လိုက်သည့်အချိန်တွင် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ကိုမြင်ရသည်း။ သူ ဖျော့တော့စွာ ခေါ်လိုက်၏။
“အဖေ”
ချီယောင်က မျက်မှောင်ကျုံ့ကာ ချီရှောက်ရုန်ကို စုံချည်ဆန်ချည်ကြည့်ပြီးနောက် ပြောသည်။
“မင်း ကျွင်းဟောင်နဲ့ စေ့စပ်ပွဲဖျက်လိုက်ပြီမဟုတ်လား”
“ဟုတ်ပါတယ်”
“ကျွင်းဟောင်ကို အပြစ်တင်မနေနဲ့၊ မင်းက သူနဲ့မှ မတန်တာ ကိုယ့်ကိုယ်ကိုပဲ အသုံးမကျတဲ့အတွက် အပြစ်တင်လိုက်တော့”
ချီယောင်က ချက်ချင်းပြောလာသည်။
ချီရှောက်ရုန်က ခေါင်းညိတ်လိုက်၏။
“မှန်ပါတယ် ကျွန်တော်က စွမ်းအားတွေမှ လေ့ကျင့်လို့မရတာ တကယ်ကို ကျွင်းဟောင်နဲ့ မတန်ပါဘူး”
“ကျွင်းဟောင်က တကယ်ကို ထူးခြားတဲ့ကောင်လေးပဲ၊ ဒီကြားထဲ ဘာအမှားအယွင်းမှမရှိရင် သူက သူတော်စင်ဘုရင်တစ်ပါး ဖြစ်လာလိမ့်မယ်”
ချီယောင်က လေးစားစွာ ပြောသည်။ ချီရှောက်ရုန်က ချီယောင်ကို ကြည့်လိုက်သည်။
'ကျွင်းဟောင်က ကောင်းတာမှန်ပါတယ်၊ချီယောင်ကြည့်ရတာ ကျွင်းဟောင်က သူ့သားတစ်ယောက် ဖြစ်နေပြီး သူကိုယ်တိုင်က ဒီလိုသားမျိုးမမွေးနိုင်တဲ့အတွက် နောင်တရနေပုံပဲ'
“တစ်ခု ရှိသေးတယ်၊ ငါ မင်းကို ပြောချင်တာရှိသေးတယ်”
ချီယောင်က ချီရှောက်ရုန်ကို ပြောသည်။
“ဘာများလဲ”
“မင်းနဲ့ ကျွင်းဟောင်က အချင်းချင်း မလိုက်ဖက်ဘူးဆိုတော့ မင်းညီမကို ကျွင်းဟောင်နဲ့ စေ့စပ်ပေးဖို့ စီစဉ်ထားတယ်၊ ဒါကြောင့် မင်း ဘာပြဿနာမှ ဝင်မရှာရင် ကောင်းမယ်”
ချီယောင်က သတိပေးလာသည်။
ချီရှောက်ရုန်က ပြုံးသည်။
“ကျွင်းဟောင်က ညီမငါးနဲ့ လက်ထပ်မယ်ဆိုလည်း ကျွန်တော်က ပျော်ပျော်ရွှင်ရွှင်နဲ့ ဆုတောင်းပေးမှာပါ”
“မင်း နားလည်တာ ကောင်းတယ်”
ချီယောင်က ပြောသည်။
ချီရှောက်ရုန်က ချီယောင်ကို ကြည့်ကာပြုံးလိုက်၏။
“အဖေ အဖေ့မှာ ဘာကိစ္စမှမရှိတော့ရင် ကျွန်တော်သွားတော့မယ်နော်”
“မင်းကို ထျန်းလန်အကယ်ဒမီကို ဝင်ခွင့်ရဖို့ ငါ လတ်မှတ်ပေးပြီးသွားပြီ၊ ဒါကြောင့် အချိန်မှီသတင်းပို့ဖို့ မမေ့နဲ့။ မင်းလိုစွမ်းအားကို မလေ့ကျင့်နိုင်တဲ့ သူက အဲဒီမှာအခြားအရာတွေကို လေ့လာသင်ယူ နိုင်အောင်ကြိုးစားပါ၊ ဒီလိုဆိုရင် လူကောင်းတစ်ယောက်နဲ့ လက်ထပ်နိုင်လိမ့်မယ်”
ချီယောင်က ပြောသည်။
ချီရှောက်ရုန် ခေါင်းညိတ်လိုက်သည်။
“ကျွန်တော် သိပါတယ်”
ချီယောင်က တုံ့ဆိုင်းနေပြီးနောက် ပြောသည်။
“မင်း နတ်ဆိုးသမားတော်နဲ့ ရင်းနှီးလား”
“ကျွန်တော် နည်းနည်းတော့ ဆုံဖူးပါတယ်”
“ကျွင်းဟောင်က နတ်ဆိုးသမားတော်ကို တော်တော်လေးကို လေးစားတဲ့ပုံပဲ၊ နတ်ဆိုးသမားတော်ကသာ မင်းညီမအကြောင်း ကောင်းတဲ့စကားတွေ ပြောပေးမယ်ဆိုရင် ကျွင်းဟောင်က မင်းညီမကို လက်ထပ်ဖို့ သဘောတူလောက်တယ်”
ချီယောင်က ပြောသည်။
ချီရှောက်ရုန် ပြုံးလိုက်သည်။
“ကျွန်တော် သိပါတယ်၊ဒါပေမယ့် နတ်ဆိုးသမားတော်နဲ့ အဲဒီလောက်အထိတော့ ရင်းနှီးတာမဟုတ်ပါဘူး”
“မင်း အကောင်းဆုံး လုပ်စမ်းပါ”
ချီရှောက်ရုန်က အပြင်သို့ ထွက်လိုက်သည်။ သူ၏နှုတ်ခမ်းတွေက အေးစက်သည့်အပြုံးတွေဖြင့် လင်းလက်နေ၏။
“ချီယောင်က တကယ်ကိုပါရမီရှိတာပဲ၊ သားကိုတောင် ခေါ်ပြီး ညီမနဲ့လက်ထပ်ခိုင်းဖို့ တိုက်တွန်းခိုင်းရဲတယ်၊ ပြီးတော့ အဲဒီသားက သိပ်မကြာခင်ကမှ အဲဒီသူနဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းထားတဲ့သူ”
ချီရှောက်ရုန်က ခန်းမထဲမှ ထွက်လိုက်သည်။ ချီရှောက်ယွီက သူ့ထံသို့ လျှောက်လာကာ ပြောသည်။
“စတုတ္ထအစ်ကိုက မြို့တော်ကို ရောက်ရောက်ချင်း အပျော်ဂေဟာကိုတောင် သွားထားတယ်လို့ ကြားတယ်၊ အရမ်းကို တော်တာပဲနော်။ ကိုယ့်ကိုယ်ကို ပါရမီရှင်ကြီးလို့ ထင်မှတ်နေတဲ့ပုံပဲ၊ သေချာမှတ်ထားပါ နင်က တကယ့်ကို အသုံးမကျတဲ့အကောင်၊ ကိုယ့်ကိုယ်ကို ဘယ်လို ကောင်းကောင်းပြုမူရမလဲဆိုတာကို မသိဘူးဆိုရင် ချီမိသားစုက နင့်ကြောင့်နဲ့ လူရယ်စရာဖြစ်လာလိမ့်မယ်”
ချီရှောက်ရုန်က ချီရှောက်ယွီကို ကြည့်ကာပြောသည်။
“မင်းရဲ့ စတုတ္ထအစ်ကိုက လူရယ်စရာပြက်လုံးဖြစ်ပြီးသားပဲလေ၊ ဒီတော့ အရှက်ကွဲခံရတာ မခံရတာက ကိစ္စမရှိတော့ပါဘူး ။ညီမငါး အဖေက မင်းကို ကျွင်းမိသားစုက ပါရမီရှင်နဲ့ လက်ထပ်စေချင်နေတယ်၊ ဒါပေမယ့် မင်းကတော့ ဒီလိုကိစ္စတွေကို လိုက်ပြီး ဂရုစိုက်နေတုန်းပဲ၊ ကိုယ့်ကိုယ်ကိုတောင် ကောင်းကောင်း ကျင့်ကြ့နိုင်အောင် ကြိုးစားစမ်းပါ။ ဒါမှ ကျွင်းဟောင်နဲ့လက်ထပ်ဖို့ ဖြစ်လာတဲ့အခါ လူတွေက မင်းကို မလှောင်ကြမှာလေ”
“နင်”
ချီရှောက်ယွီ အလွန်ဒေါသထွက်သွားကာ ဒေါသတကြီး အော်ဟစ်တော့သည်။ ထို့နောက် ပြော၏။
“စတုတ္ထအစ်ကို ကျွင်းဟောင် နင့်ကို မလိုချင်တာလည်း မပြောနဲ့၊ နင်က တကယ့်ကို အသုံးမကျတဲ့ကောင်လေ”
ချီရှောက်ရုန်က ချီရှောက်ယွီကို တစ်ချက်ကြည့်ကာပြောသည်။
“ညီမငါး မင်းနဲ့ ကျွင်းဟောင်နဲ့ အဲဒီလောက်မရင်းနှီးဘူးဆိုရင် ရီမိသားစုက အဲဒီကြက်ပေါက်လေးက မင်းကို ကျော်တက် သွားလိမ့်မယ်နော်”
“ယီချူးရွှယ်က နင်နဲ့စေ့စပ်ထားတာကို လာဖျက်သိမ်းပေးလို့ နင် သူမကို ဒေါသထွက်နေတာ မဟုတ်ဘူးလား”
ချီရှောက်ယွီက မကျေမနပ်ပြောသည်။
“ငါ ဘယ်လိုလုပ် အဲဒီလိုလုပ်ရဲပါ့မလဲ၊ တကယ်လို့ မင်းကသာ ကျွင်းဟောင်နဲ့လက်ထပ်မယ်ဆိုရင် သူက ပြဿနာမရှာဘူးဆိုတာ သေချာပါ့မလား”
ချီရှောက်ရုန်က ဂရုမစိုက်ပဲ ပြောသည်။
ချီရှောက်ယွီက ချီရှောက်ရုန်ကို တစ်ချက်ကြည့်ကာ ပြောသည်။
“ဒါက နင့်ကိစ္စမဟုတ်ပါဘူး”
“ကောင်းပြီလေ၊ ငါ့ကိစ္စမဟုတ်ဘူး ဆိုတော့ ငါသွားအိပ်တော့မယ်။ ညီမငါးကလည်း လိုက်မနှောင့်ယှက်ဖို့ မျှော်လင့်ပါတယ်”
ချီရှောက်ရုန်က ပြောသည်။
ချီရှောက်ယွီက ချီရှောက်ရုန်၏ကျောပြင်ကိုကြည့်ကာ မျက်မှောင်ကျုံ့နေသည်။
“ငရဲလိုကောင်”
“ရှောက်ယွီ ဘာတွေလုပ်နေတာလဲ”
“အစ်ကို နှစ် အစ်ကိုနှစ် ပြန်လာပြီလား”
ချီရှောက်ခန်းက ချီရှောက်ယွီကို ကြည့်ကာ ပြောသည်။
“မင်း အစ်ကိုလေးနဲ့ စကားပြောနေတာလား”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...