Part 2

14.5K 1.8K 11
                                    

Zawgyi

အပိုင်း ၂

ပြန်လည် မွေးဖွားပြီး ဆယ်နှစ် ကြာပြီးနောက်..။

"သခင်လေး ကျွင်းမိသားစုက စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ ရောက်နေကြပါပြီ"

ချီဟန်က ပြောသည်။

မျက်နှာတွင် မျက်နှာဖုံး တပ်ထားသော လူငယ်လေး တစ်ယောက်က ကျောက်တုံး ကုလားထိုင်ပေါ် ပျင်းတိပျင်းတွဲ လှဲနေသည်။

" ငါ့ရဲ့ ကျော်ကြား ကြည့်ကောင်းတဲ့ အမျိုးသားလောင်းက နောက်ဆုံးတော ငါ့လို အမှိုက်ကို စွန့်ပစ်ဖို့ တွေးလိုက်ပြီပဲ"

ချီဟန်က ခေါင်းညိတ်သည်။

"ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်"

"အိုး ငါ့လို မှော်စွမ်းအားကျင့်ကြံလို့ မရတဲ့သူမျိုးနဲ့ စေ့စပ်ထားရတာ အဲ့ကောင် တကယ် ကံဆိုးတာပဲ"

"မဟုတ်ပါဘူး။ သူ ကံကောင်းတာပါ"

ချီဟန်က ဆိုသည်။

"အမှန်ပဲ ငါ့လို အရှုံးသမားသာ မရှိနေရင် သူ့လို ပါရမီရှင်က အခုလောက်အထိ ကျော်ကြားနေပ့ါမလား"

"...."

"ငါ ဒီဒဏ္ဍာရီတွင်တဲ့ အလှလေးကို သွားကြည့်ရမယ်။ သူ့ကို ၃၆ဝဒီဂရီတိတိ လိုက်ကြည့်ပြီး စကားနဲ့ ဖော်ပြနိုင်စွမ်း မရှိလောက်အောင် ပြီးပြည့်စုံတဲ့ အလှတရားမျိုး ပိုင်ဆိုင်ထားခြင်း ရှိမရှိ ကြည့်ရမယ်။ သူ့မျက်လုံးကို ချဲ့ပြီး မေးရိုးကားအောင် လုပ်ပေးရတာမျိုးလည်း လိုချင် လိုမှာပေါ့"

ချီရှောက်ရုန်က သူ့လက်သူ လေးစားစွာ ကြည့်ရင်း ပြောသည်။

"တကယ်တော့ သူ မလာပါဘူး"

ချီဟန်က ပြောသည်။

"သူက မလာဘူးလား။ သူ့ရဲ့ လက်ထပ်ပွဲ ဖျက်မှာကိုတောင် သူက ကိုယ်တိုင် မလာဘူးလား။ ဘယ်လောက် မောက်မာတဲ့ကောင်လဲ"

ချီရှောက်ရုန်က စိတ်ပျက်လက်ပျက် ဆိုသည်။

ချီဟန်ကလည်း ထောက်ခံသည်။

"ဟုတ်ပါတယ် သူက ခွေးကောင်ပဲ"

"ဆိုတော့ ဘယ်သူလာတာလဲ"

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now