Part 20

7.7K 1.1K 11
                                    

Unicode
အမှိုက်ကောင် ပြန်ရှင်လာပြီ
ဘာသာပြန် ဆုမြတ်လှိုင်
Paid Group ရှိပါတယ်နော်
အပိုင်း ၂ဝ

“အစ်ကိုဟောင်”

ရုတ်တရက် ကြည်သာသည့်အသံကို ကြားလိုက်ရသည်။

ရှန်းယွမ်က လှည့်ကြည့်လိုက်သည့်အခါ သူ သက်ပြင်းချမိလေတော့သည်။

ရီချူးရွှယ်က ကျွင်းဟောင်ကို ပြုံးကာ ကြည့်နေသည်။ သူမ၏ အကြည့်က ချီရှောက်ရုန်ထံသို့ ရောက်သွားသည့်အခါ ရန်လိုမှုတွေ ပြည့်နှက်သွားခဲ့တော့ပေသည်။

ချီရှောက်ရုန်က ကျွင်းဟောင်နားကပ်ကာ ပြောလိုက်၏။

“အားဟောင် မင်း ရည်းစားရောက်နေပြီ”

ကျွင်းဟောင် “…”

“အားဟောင် ဘာလို့နတ်ဆိုးသမားတော်ကို သယ်ထားတာလဲ”

ရီချူးရွှယ်က မေးသည်။

“နတ်ဆိုးသမားတော်က လမ်းမလျှောက်နိုင်တော့ဘူးလေ”

ကျွင်းဟောင်က ပြောသည်။

ရီချူးရွှယ် မျက်မှောင်ကြုတ်လိုက်ကာ ချီရှောက်ရုန်ကို ကြည့်ကာ ပြော၏။

“အကြီးအကဲနတ်ဆိုးသမားတော်၊ အကြီးအကဲက အရမ်းကို အလိုလိုက်ခံထားရတဲ့ပုံပဲ၊ အကြီးအကဲက အသက်အရွယ် ဒီလောက်ရောက်နေပြီ၊ ကိုယ့်ဘာသာကိုယ်တောင် မလျှောက်နိုင်ဘူးလား”

ချီရှောက်ရုန်က ကျွင်းဟောင်ပုခုံးကို မှီထားလိုက်ကာ ချောင်းဆိုးပြရင်းပြောသည်။

“မင်း ပြောမှပဲ ကိုယ့်ကိုယ်ကို အသက်ကြီးမှန်း သတိထားမိတော့တယ်၊ ဒီခန္ဓာကိုယ်က လူငယ်တွေလောက် မကောင်းတော့ဘူးလေ”

ကျွင်းဟောင်က သူ့လည်ပင်းသို့ ရောက်နေသည့်လက်က လည်ပင်းကို ချိုးပစ်တော့မည်ဟုပင် ခံစားလိုက်ရ၏။

ရှန်းယွမ်က အကြောင်းအရာကို ပြောင်းသည်။

“ရီဟောင်၊ ရီပင်း မင်းတို့ရော ဘာလို့ရောက်လာတာလဲ”

“ငါတို့လည်း ချူးရွှယ်နဲ့အတူ ထွက်လာတာလေ”

ရီဟောင်က ပြောသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now