အပိုင်း ၂၅ အလင်းမှော်ပညာရှင်
ချီရှောက်ရုန်သည် အနောက်ဘက် အုတ်တံတိုင်းကို ကျောမှီလျက် မျက်စိရှေ့မှ ဇာတ်လမ်းကို စိတ်ဝင်စားမှု အပြည့်ဖြင့် ကြည့်သည်။
“မင်းအဖေလည်း ရှိနေတာပဲ”
ကျွင်းဟောင်က ခေါင်းညိတ်သည်။
“ကျွန်တော် သူ့ကို ကပ်ပါးကောင် အကြောင်းနဲ့ ဟန်ဆောင်စျာပနလုပ်ဖို့ အကြံပေးလိုက်တာ။ ကျွန်တော့်ကို ရူးနေတာလားလို့ မေးတယ်။ ဒါပေမဲ့ ကျွန်တော့် အစီအစဉ်အတိုင်း အကုန်လုပ်ပေးခဲ့တယ်”“အဖေကောင်း တစ်ယောက် ရထားတာပဲ”
ချီရှောက်ရုန်က မနာလိုမှုအပြည့်ဖြင့် ပြောသည်။ကျွင်းဟောင်သည် ချီရှောက်ရုန်ကိုသာ စိုက်ကြည့်လာသည်။
“ဟုတ်တယ်”“အတော် ကံကောင်းတဲ့ကောင်”
ချီရှောက်ရုန်ကလည်း ကျွင်းဟောင်ကို ဖျက်ခနဲ တစ်ချက်ကြည့်ပြီး အကြည့်လွှဲသည်။ကျွင်းဟောင်က တိုက်ခိုက်နေသည့်ဘက်သို့ ပြန်ကြည့်သည်။
“ကျွန်တော်သွားကူလိုက်ဦးမယ်။”“ကြိုက်သလိုသာ လုပ်ပါ”
တိုက်ပွဲက အလွန်ပြင်းထန်ကာ မှော်စွမ်းအင် အလင်းတွေနှင့်အတူ အုတ်ကျိုးအုတ်ပဲ့တွေက လွင့်စင်နေသည်။ ကျွင်းလင်းမူကိုသာ အားလုံးက ဝိုင်းတိုက်နေကြခြင်း ဖြစ်ကာ ကျွင်းလင်းမူ ဒေါသထွက်လာတော့သည်။
“မင်းတို့အားလုံး သေကြစမ်း”
ကျွင်းလင်းမူက မှော်စာလိပ်များစွာ ထုတ်ကာ ထိုသူတို့ကို ပစ်ပေါက်ပြီး ထွက်ပြေးလာသည်။ သို့သော် ချီရှောက်ရုန်အနားမှ ရုတ်တရက်အော်သံ ထွက်လာ၏။
“ဒါတွေ အားလုံးက မင်းကြောင့်ပဲ။ မင်းကသာ အနည်ထိုင်နေတာကို မွှေနောက်ခဲ့တာ နတ်ဆိုးသမားတော်”
ကျွင်းလင်းမူက သူ့ရှေ့သို့ ရောက်နေလေပြီ။ချီရှောက်ရုန် မျက်မှောင်ကြုတ် လိုက်သည်။ ယခင်ရက်က ဆိုလျှင် ကျွင်းလင်းမူက လူကြီးလူကောင်းနှင့် တူသော်လည်း ယခုမူ ကြမ်းတမ်း ခက်ထန်နေသည်။
“မင်း ငရဲကို သွားစမ်း”
ကျွင်းလင်းမူက တိုက်ခိုက်ရန် ကြံစည်ချိန်တွင် ချီရှောက်ရုန်က မှော်တုတ်တံကို မြောက်ပြီးလေပြီ။ သူ့တုတ်တံမှ ထွက်လာသော အလင်းတန်းများက တောက်ပလွန်းလှကာ ကျွင်းလင်းမူ၏ မျက်လုံးကို တိုက်ရိုက် ထိမှန်သည်။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...