Unicode
အပိုင်း ၁၂၄“ရောက်လာပြီ ရောက်လာပြီ”
ရီဖန်နှင့် ချီရှောက်ရုန်တို့အတူ ၀င်လာသည်။
ရီဖန်က ယွမ်စီရင်စု၏ စည်းမျဉ်းအတိုင်း လိုက်နာသည်။ စေ့စပ်ကြောင်းလမ်းပြီး နှစ်ဖက်မှစီနီယာတစ်ယောက်ချင်းစီတိုင်းက သူတို့အဖွဲ့မှလူတွေ ထာ၀ရအဓွန့်ရှည်စွာ လက်တွဲနိင်ရန်အလို့ငှာ လက်ချင်းတွဲပြီး ၀င်လာကြခြင်းဖြစ်သည်။
ရီဖန်က သတို့သမီးဘက်မှဖြစ်ပြီး ချီရှောက်ရုန်၏လက်ကိုကိုင်ကာ ကျွင်းဟောင်ထံသို့ လက်ကမ်းပေးသည်။
ကျွင်းရန်ချွမ်က ပြုံးကာ ရီဖန်ကို ကြည့်သည်။ ကျွင်းမိသားစုမှ အကြီးဆုံးဖြစ်သည့် ကျွင်းရန်ချွမ်က သူ့သားထက်ပင် ငယ်ဦးမည့် ရီမိသားစုမှ သားငယ်လေးနှင့် တစ်ပြေးထဲ ရပ်ရမည်ဟု ထင်ထားမည့်ပုံမရပေ။
ဧည့်သည်တော်များထဲတွင် ဟူဖုန်းက လက်ဆတ်သော စားသောက်ဖွယ်များကို စားသောက်ရင်းပြောသည်။
“မင်းတို့ရဲ့သခင်လေး ဘာတွေ တွေးနေလဲမသိတော့ဘူး။ သူ ငါ့ကို ခေါ်ခဲ့သင့်တာ”
“အားဖန် သူက ချောတယ်လေ။ ချောတဲ့သူကို ပြလို့ကောင်းလို့ ရွေးလိုက်တာဖြစ်မှာပေါ့။ကျွင်းမိသားစုကဆိုရင် လူချောတွေနဲ့ပဲ ပြည့်နေတာမဟုတ်လား။ ဒါကြောင့် သခင်လေးက ဒီလိုလုပ်လိုက်ရတာပါ”
ချီဟန်က ပြောသည်။ဟူဖုန်း “…”
ငါငယ်ငယ်တုန်းကလည်း အရမ်းကို ချောတာပါ ဟုတ်ပြီလား။ ဒီမျိုးမစစ်ကတော့ ငါ့ကိုအထင်သေးနေတာပဲ။“ရီမိသားစုက လူတွေလည်း ရောက်လာကြပြီ”
ဟူဖုန်းက ပြောသည်။ချီဟန်က ပြော၏။
“ဟုတ်တယ်”ရီဖန်၏အဆင့်အတန်းက ပြဇာတ်ဆန်ဆန်ပြောင်းလဲသွားပြီဖြစ်သည်။ ရီမိသားစုမှလူတိုင်းက ခန်းမထဲတွင်ရှိနေရာမှ ရီဖန်ကို မသက်မသာကြည့်နေကြောင်းမြင်ရသည်။
“လူကြီးမင်းဖန် တွေ့ရတာ၀မ်းသာပါတယ်”
ထန်းထျန်းရင်က ရီဖန်၏အနားသို့ကပ်သွားသည်။ရီဖန်က ထန်းထန်းရင်ကို ခေါင်းညိတ်ပြလိုက်၏။
“စတုတ္ထမင်းသား တွေ့ရတာ၀မ်းသာပါတယ်”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...