Unicode
အမှိုက်ကောင်ပြန်ရှင်လာပြီ
အပိုင်း ၁၃၄
အမျိုးသားက ညည်းညူပြီးနောက် ဟိန်းဟောက်လိုက်ကာ တိုက်ပွဲဝင်ပုဆိန်နှစ်လက်ကို ပေါ်ထွက်လာစေသည်။
ချီရှောက်ရုန်က ယပ်တောင်ကို အုပ်လိုက်သည်။ နဖူးထိပ်လေးကို တိုပြီးနောက် တွေးတောနေ၏။
“သေစမ်း ဒီနှစ်ကောင်က ရုတ်တရက်ကြီး ဘယ်လိုဖြစ်ပြီး ထတိုက်နေတာလဲ ၊အခြေအနေမကောင်းတော့ဘူး”ရှန်းယွမ်က ထိုအမျိုးသားကိုကြည့်ကာပြော၏။
“ငါက အမျိုးသားကို ကိုင်တွယ်လိုက်မယ်၊ အမျိုးသမီးကိုတော့ မင်း ကိုင်တွယ်လိုက်တော့”ရှန်းယွမ်၏စိတ်ထဲ တွေးတောနေသည်။ နောက်ဆုံးတော့ သူကြွားလို့ရတဲ့ အခွင့်ရေးကိုတွေ့ရပြီပေါ့။ ဒီအားကျန်းလို့ခေါ်တဲ့ အမျိုးသားက ရူးကြောင်ကြောင်နှင့် စိတ်သဘောထားကလည်း ရိုးရှင်းတယ်ဆိုတော့ စွမ်းအားမကြီးလောက်ဘူး။
ရှန်းယွမ်က သူ၏မှော်တုတ်တံကိုထုတ်ကာ ဂါထာတွေကိုဆင့်ခေါ်သည်။ အားကျန်းဆိုသူက ရှန်းယွမ်ထံသို့ဝင်ရောက်လာရာ ရှန်းယွမ် လွင့်ပျံထွက်သွား၏။ သူဂါထာပင် အပြည့်အဝမဆင့်ခေါ်နိုင်လိုက်ပေ။ ရှန်းယွမ်က သူ့ကိုနွားသိုးတစ်ကောင်က ဝင်စောင့်လိုက်သကဲ့သို့ ခံစားလိုက်ရကာ လွင့်ထွက်သွားခြင်းဖြစ်၏။ သူ ရှက်လွန်းသဖြင့် သေချင်သွား၏။
ထိုအမျိုးသားက ရုတ်တရက် အရပ်မြင့်သွားသည့်အခါ ချီရှောက်ရုန် မျက်မှောင်ကျုံ့လိုက်ကာ သူ၏မျက်ဝန်းထဲ အံ့အားသင့်သည့် အလင်းရောင်များ ထွက်လာ၏။ ဒီတော့ ဒီကောင်က သတ်ဖြတ်တဲ့နေရာမှာ ကျွမ်းကျင်တယ်ပေါ့လေ ကြည့်ရတာ အရူးက အသုံးမဝင်တာတော့ မဟုတ်ဘူးပဲ။
လောကတွင် လူသားနှင့် သားရဲတွေအပြင် မျိုးစပ်များလည်းရှိသည်။ ထိုမျိုးပ်များက လူသားခန္ဓာဖြင့် သားရဲသွေးတွေဖြင့် မွေးဖွားလာခြင်းဖြစ်ကာ ဥာဏ်ရည်နိမ့်ကျသော်လည်း သူတို့၏ ခွန်အားက ကြီးမားလေ့ရှိကြသည်။
ရီဖန်က သူ၏မှော်တုတ်တံကို ရမ်းလိုက်သည့်အခါ ထိုအားကျန်းဆိုသူက လွင့်ထွက်သွား၏။ မူတင်းရွှယ်ကလည်း သူ၏မှော်တုတ်တံကိုရမ်းလိုက်သည့်အခါ နွယ်ဝင်များစွာက ထိုသူကိုမြေပြင်တွင် တွဲလောင်းဆွဲထားသည်။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...