part 145

3.7K 503 2
                                    

Unicode
အမှိုက်ကောင်ပြန်ရှင်လာပြီ

အပိုင်း ၁၄၅

ချီရှောက်ရုန်က လမ်းလျှောက်ထွက်လာသည့်အခါ ကျွင်းဟောင်က ဘေးမှ လိုက်လာသည်။

“ဘာကြည့်နေတာလဲ”
ကျွင်းဟောင်က မေးသည်။

“မင်းရော ဘာမြင်လဲ”

“ဆိုင်တစ်ဆိုင်လေ”

“သေချာလည်း မမြင်နိုင်ဘူးပဲ”

ချီရှောက်ရုန်၏ ထိုးနှက်ခြင်းကို အသားကျနေသည့် ကျွင်းဟောင်က ဆက်ပြောသည်။
“ပြောပါဦး မင်း ဘာမြင်လဲ”

“ဖုန်းယွမ်က ချင်းချန်ဆိုင်ကို စိတ်ဝင်စားနေတယ်။ သူက ငါနဲ့ ပူးပေါင်းချင်နေတာ”

“မင်း ယွမ်ပြည်နယ်ကို မပြန်တော့ဘူးလား”
ကျွင်းဟောင်က မေးသည်။

“ဘာလို့ မပြန်ရမှာလဲ။ ယွမ်ပြည်နယ်မှာ ငါ့ရဲ့အုတ်မြစ်က ရှိတာလေ။ ဒါပေမဲ့ အရှင်မင်းကြီးကို ဒေါသထွက်အောင် လုပ်ထားတော့ သူ စိတ်ငြိမ်မှ ပြန်မယ်လို့ တွေးထားတယ်”

“အရှင်မင်းကြီးက ဘယ်တော့ စိတ်ငြိမ်မယ်လို့ မင်းထင်လဲ”

ကျွင်းဟောင် ချီရှောက်ရုန်ကို ကြည့်ပြီး ကူကယ်ရာမဲ့စွာ ပြောသည်။
“အရှင်မင်းကြီးကသာ မင်းက သူ့ရဲ့ဆန္ဒကို အပြင်လူဖြစ်တဲ့ မူမိသားစုက လူကြောင့်သာ မပြည့်စေခဲ့မှန်း သိသွားရင် ဘယ်တော့မှ စိတ်မငြိမ်လောက်တော့ဘူး”

ချီရှောက်ရုန်က ခေါင်းခါပြီး ကျွင်းဟောင်ကို ကြည့်သည်။
“မင်း အရှင်မင်းကြီးကို နားလည်မှုလွဲနေပြီ။ မင်းက သဘောထားကျဉ်းမြောင်းတာနဲ့ အရှင်မင်းကြီးကလည်း မင်းလို ဖြစ်မယ်လို့ မတွေးရဘူးလေ”

ကျွင်းဟောင်:”…”

ထိုအခိုက် ကလေးတစ်ယောက်က ပြေးဝင်လာကာ ချီရှောက်ရုန်၏ ပိုက်ဆံအိတ်ကို လုပြီး ပြေးသည်။
ချီရှောက်ရုန်က ထိုကလေး၏ ကျောပြင်ကို ကြည့်ကာ ခပ်တိုးတိုး ပြောသည်။

“ငါ့ပိုက်ဆံအိတ်ကို ယူသွားပြီ”

“ဒီကလေးက သာမန်မဟုတ်ဘူး။ အရင်ဘဝကပါ သူခိုးဘဝက လာခဲ့တဲ့ပုံပဲ”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now