Part 174

2.3K 200 1
                                    

Unicode

အပိုင်း ၁၇၄

ယွန်ဟူက မျက်မှောင်ကြုံ့သည်။

“ငါတို့လူ ဟုတ်လား။ ဒါပေမဲ့ သူက ဒီလိုကြီး ၀တ်စားထားတယ်နော်”
အနက်ရောင်၀တ်ရုံကြီးနဲ့ ဘယ်လိုလူကြီးလဲ။

ချီဟန်ကလည်း ခေါင်းညိတ်သည်။

“အင်း သူက ဒီလို၀တ်ရတာကို ကြိုက်တယ်”

ယွန်ဟူ“…”

“သူ့ကြည့်ရတာ စွမ်းအားကြီးမဲ့ပုံပါ။ သူ့ရဲ့လစာက မြင့်မှာပေါ့”
ချီဟန်က ယွန်ဟူကို တစ်ချက်ကြည့်ကာပြောသည်။

“ဒါပေါ့ သူ့ရဲ့လစာက သူ့ကိုငါးမန်းတောင်ပံကို နေ့တိုင်း၀ယ်နိုင်လောက်အောင် လောက်တယ်။ အစားကောင်းတွေ နေ့တိုင်းစားရတာပေါ့”

“သူက ကောင်းလိုက်တာ သူ့ကို ဆရာတင်လိုက်ရင်ကောင်းမလား”
ယွန်ဟူက ပြောသည်။

“မရဘူး”

“ဘာလို့လဲ”

“သူက ဥာဏ်ကောင်းတဲ့သူတွေကိုပဲ ခေါ်တယ်။ မင်းက ဒီလောက်ရူးနေတာ ဖြစ်ပါ့မလား”

ယွန်ဟူက မျက်မှောင်ကြုံ့သည်။
“ငါတကယ်တော့ မရူးပါဘူးနော်။ ငါ အရင်တုန်းကဆိုရင် ဝက်ဝံကြီးကို တစ်ယောက်ထဲ သတ်ခဲ့တာ”

ချီဟန်က ယွန်ဟူကို ကြည့်ကာ တွေးလိုက်သည်။
ဒီကောင် စကားမပြောအောင် ဘာနဲ့မှတားလို့ မရဘူးပဲ

သခင်လေးနဲ့ကျွင်းဟောင်တို့ ဘယ်လိုများ ရှင်သန်နေခဲ့သလဲ။ ငါတို့တိမ်တောအုပ်ကိုရောက်ရင်တော့ ဒီကောင် ပါးစပ်ပိတ်သွားလောက်ပါတယ်။

ရထားလုံးထဲတွင်ရှိသည့် ချီရှောက်ရုန်က ရီဖန်ကိုကြည့်ကာ ပြုံးသည်။

“မင်း ရောက်လာတာ ငါ ၀မ်းသာတယ်။ တင်းရွှယ်ရော ဘယ်လိုနေလဲ”

“သူက လီစီရင်စုမှာပါပဲ။ သခင်လေး သခင်လေးနဲ့ကျွင်းဟောင်တို့ ဒီလိုပြောင်းရွှေ့လာတယ်ဆိုပေမဲ့ လီပြည်နယ်မှာလဲ ထောက်လှမ်းရေး လုပ်နေဖို့ တစ်စုံတစ်ယောက် လိုမယ်ထင်လို့ပါ”

ချီရှောက်ရုန်က ရီဖန်ကိုကြည့်သည်။
“တင်းရွှယ်တစ်ယောက်ထဲကို အဲဒီမှာထားခဲ့တာအဆင်ပြေပါ့မလား”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now