Part 8

9.8K 1.5K 41
                                    

အပိုင်း (၈)

ကျွင်းရန်ချွမ်က ချီရှောက်ရုန်ကို ကြည့်ကာ ပြုံးရင်းပြောလာသည်။

"ကူညီပေးတဲ့အတွက်တော့ ကျေးဇူးပါပဲ"

"တတိယသခင်လေးက ဒီလိုပြောဖို့အထိ စောနေပါသေးတယ်၊ ကျွန်တော်အနေနဲ့ လူကြီးမင်းကို ကယ်နိုင်ဖို့အထိတောင် အာမ မခံနိုင်ဘူး၊ ကျွန်တော် ဒီဓားကို စသုံးလိုက်တာနဲ့ လူကြီးမင်း ပြန်နိုးထ မလာနိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်"

ချီရှောက်ရုန်ကလည်း ပြောသည်။

"မင်းရဲ့လုပ်နိုင်စွမ်းကို ငါ ယုံကြည်ပါတယ်၊ငါ ရှင်တာ မရှင်တာကတော့ မင်းနဲ့ မဆိုင်တော့ပါဘူး"

ကျွင်းရန်ချွမ်က ပြုံးကာပြောလိုက်သည်။

"လူကြီးမင်းက အရမ်း သဘောကောင်းတာပဲ"

"ဒီလိုပျင်းရိပြီး စေ့စပ်ပွဲဖျက်တာကိုတောင် ကိုုယ်တိုင် မလာနိုင်တဲ့သူမျိုးက ဒီလောက်ထိ ကျော့ရှင်းရည်မွန်တဲ့ တတိယသခင်လိုမျိုး ဦးလေးတစ်ယောက် ရှိထားမယ်လို့ မထင်ထားဘူး"

ချီရှောက်ရုန်က ပြောသည်။

ကျွင်းဟောင် "..."

ကျွင်းရုန်ဟန်က ဖျော့တော့စွာ ပြုံးလာသည်။ သူက တစ်စုံတစ်ရာပြောရန် ပြင်လိုက်သော်လည်း ချီရှောက်ရုန်က မူးဝေစေသော စာလိပ်ကို ထုတ်ကာ ကျွင်းရန်ချွမ်ကို မေ့မျောသွားစေပေသည်။

ထို့နောက် ချီရှောက်ရုန်က လှည့်ကြည့်ကာ ပြောသည်။

"ကောင်းပြီ မင်းတို့ ထွက်သွားလို့ရပြီ"

ချီရှောက်ရုန်က ကျွင်းရမ်ချွမ်၏ဦးနှောက်ကို ခွဲကာ ခွဲစိတ်မှုကို စတင်လေ၏။ ချီရှောက်ရုန်က ခွဲစိတ်နေချိန်တွင် သူတို့တစ်ဖွဲ့လုံး အပြင်ဘက်ဂိတ်ဝတွင် စောင့်ဆိုင်းနေရပေသည်။

"အားဟောင် တစ်ယောက်ယောက်ကို ငှားထားတာလား"

ကျွင်းရန်ရှန်းက ပြောသည်။

"ဒါကလွဲပြီး အခြားလုပ်စရာမှ မရှိတော့တာ"

အလင်း မှော်ဆရာပြောထားခဲ့သည့်အတိုင်း ဒီကိစ္စက မျှော်လင့်ချက် မဲ့နေပေသည်။ သူတို့တွင် ရွေးချယ်စရာမရှိတော့လေဘဲ ဒီနည်းလမ်းကိုသာ ရွေးချယ်လိုက်ရပေ၏။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now