Part 39

6.5K 1K 12
                                    

အပိုင်း ၃၉ သွားသန့်စင်ခြင်း
ရီမိသားစု။
ယန်မန်က စိုးရိမ်စွာပြောသည်။
“အားရွှမ်း၊ အားဟောင်က ဒီလိုအခြေအနေရောက်နေပြီ၊ ကျွန်မတို့ ဘာလုပ်ကြမလဲ”
ရီရွှမ်းက ကျောနောက်တွင် လက်ကိုပစ်ကာ မဲမှောင်နေသည့်အမူအရာဖြင့် ပြောလာသည်။
“သူကဘာလို့ နတ်ဆိုးသမားတော်ကို သွားရှုပ်သေးလဲ၊ နတ်ဆိုးသမားတော်နဲ့ ဘယ်လောက်များတဲ့ အထက်တန်းလွှာမျိုးနွယ်က အမျိုးသမီးတွေ မိတ်ဆွေဖြစ်နေသလဲ ဆိုတာကို သိကြလား၊ ဒါကို ဖယ်ထားရင်တောင်မှ နတ်ဆိုးသမားတော်က ဒီမနက်နန်းတော်ကို ဝင်သွားခဲ့တယ်လို့ ငါကြားခဲ့တယ်၊ တောင်ပံပြာကျားပေါက်လေးကို ကုသပေးဖို့ ထွက်သွားခဲ့တာပဲ၊ ကျားအင်ပါယာက တောင်ပံပြာကျားပေါက်လေးကို ဘယ်လောက်အာရုံစိုက်ထားလဲဆိုတာကို မင်းသိနေတာပဲ၊ ဒီလိုလူမျိုးက အင်ပါယာရဲ့မျက်လုံးထဲကို ဝင်သွားပြီ”
ယန်မန်က အံကိုကြိတ်ကာ ရှင်းပြသည်။
“ဒါပေမယ့် ရှင် ကျွင်းမိသားစုကို သွားပြီး လက်ထပ်ဖို့ကိစ္စအကြောင်း သွားပြောတော့ ကျွင်းဟောင်က မငြင်းလိုက်ဘူးလား၊ ချူးရွှယ်က ကျွင်းဟောင် နတ်ဆိုးသမားတော်ကို သဘောကျနေတယ်ဆိုတာကို သိခဲ့ရတယ်၊ နတ်ဆိုးသမားတော်က ဒီအတိုင်း လူအိုကြီးပဲလေ၊ ကျွင်းဟောင်က အခြားတစ်ယောက်ကို ကြိုက်ရင်တောင် ဖြေသာပါသေးတယ်၊ ဒါပေမယ့် ဘာလို့ ဒီလိုလူအိုကြီးကိုလဲ၊ အားရွှယ်က ဘယ်ပျော်ပါတော့မလဲ”
ရီရွှမ်း”…”
ယန်မန်က မျက်မှောင်ကြုတ်သည်။
“ကျွင်းဟောင်က ဘာတွေ တွေးနေမှန်းကို မသိဘူး၊ ကျွန်မတို့ ရီမိသားစုက ကျွင်းမိသားစုထက် ဘယ်နေရာကများ နိမ့်ကျနေလို့လဲ၊ သူတို့က တကယ် လိုက်ဖက်ကြတာပဲ၊ ရွှယ်လေးက ကျွင်းဟောင်ကို နက်နက်ရှိုင်းရှိုင်းကို ချစ်မြတ်နိုးနေတာ၊ ကျွင်းဟောင် အခုလုပ်လိုက်တာကို ကြည့်စမ်းပါအုံး၊ ကျွင်းဟောင်က ရွေးစရာမရှိလို့ အဖိုးကြီးတစ်ယောက်ကို ကောက်ရွေးလိုက်တာလားပဲ”
“နေစမ်းပါ၊ ချိုမြိန်တဲ့ချစ်ခြင်းမရနိုင်တဲ့ ဒီလိုလက်ထပ်ပွဲမျိုးကို ငါလည်း စိတ်မဝင်စားတော့ဘူး၊ ကျွင်းဟောင်က ချူးရွှယ်ကို တကယ်မကြိုက်ဘူးဆိုရင် ဒီအကြောင်းကို မေ့လိုက်တော့”
ရီရွှမ်းက သက်ပြင်းချသည်။
ယန်မန်ကလည်း ခေါင်းညိတ်သည်။
“ကျွန်မ သိပါတယ်”
“တတိယသခင်လေး မလာဘူးလား”
ယန်မန်က အနားတွင်ရှိသော အစေခံတစ်ယောက်ကို လှမ်းမေးလိုက်သည်။
ထိုအစေခံက ပြောသည်။
“ကျွန်တော် တတိယသခင်လေးအိမ်တော်ကို လူလွှတ်ပြီး ခေါ်ခိုင်းလိုက်ပါတယ်၊ ဒါပေမယ့် တတိယသခင်လေးက အပျော်ဂေဟာကို သွားပြီး သောက်စားနေတယ်လို့ ပြောပါတယ်၊ အကြီးဆုံးသခင်လေး သေသွားရင်တော့ သူ့ကိုအကြောင်းလာကြားလို့ သတိပေးလိုက်ပါတယ်”
ယန်မန်က မျက်မှောင်ကြုတ်ကာ သက်ပြင်းချသည်။
“ဒီကလေးကတော့ ဒီလိုတောင် ပြောရဲလိုက်တာ”
ယန်မန်က မျက်နှာတွင် စိတ်ပျက်သည့်အမူအရာကို ဖော်ထုတ်ပြနေသည့် တိုင်အောင် စိတ်ထဲတွင်မူ ပျော်ရွှင်နေပေသည်။ အထူးသဖြင့် ရီရွှမ်းက ဒေါသတကြီး ပေါက်ကွဲသည့်အခါတွင်ဖြစ်သည်။
“ဒီမွေးရကျိုးမနပ်တဲ့ သားကတော့ သူ့အစ်ကိုတစ်ယောက်လုံး ဒီလောက်ဖြစ်နေတာတောင်မှ အရက်သွားသောက်ရဲသေးတယ်”
ယန်မန်က ရီရွှမ်း၏ အင်္ကျီလက်ကိုဆွဲကာ ပြောသည်။
“ထားလိုက်ပါ၊ ဒီကလေးက ငယ်သေးတာကိုး၊ ဒါကြောင့် နားမလည်သေးတာက ပုံမှန်ပါပဲ”
ရီရွှမ်းက အံကိုကြိတ်ထားကာ အချိန်အတန်ကြာသည့်အခါ ဒေါသတွေကို မထိန်းနိုင်တော့ပေ။
ယန်မန်က ရီဟောင်၏ အိပ်ယာနားသို့ ကပ်သွားကာ ဝမ်းနည်းစွာပြောသည်။
“ဘယ်လောက်ကံဆိုးလိုက်သလဲ အားရွှမ်း အားဟောင်က နာကျင်မှုနဲ့ အော်ဟစ်နေရပြီ၊ သမားတော်က ဘယ်အချိန်များမှ ရောက်လာမှာလဲ”
ရီရွှမ်းက မျက်မှောင်ကိုကြုတ်ထားကာ ပြောသည်။
“ငါ အင်ပါယာမြို့တော်က အကျော်ကြားဆုံး သမားတော်တွေကို ငှားရမ်းပြီးပြီလေ၊ သူတို့ တစ်ယောက်မှ အသုံးမဝင်ဘူးဆိုရင် ငါ နတ်ဆိုးသမားတော်ကိုပဲ သွားရှာဖို့ ရှိတော့တယ်”
ရီရွှမ်းက လက်သီးကို ဆုပ်ထားသည်။ နတ်ဆိုးသမားတော်သာ နန်းတော်ထဲက ထွက်လာရင် ငါသေချာပေါက် …။
ဒါပေမယ့် ကံဆိုးတာက နတ်ဆိုးသမားတော်က နန်းတော်ထဲမှာ နေနေတာပဲ၊ ကျားအင်ပါယာကလည်း နန်းတော်ထဲမှာရှိနေတယ်၊ ကျားအင်ပါယာက ဘယ်လောက် စွမ်းအားကြီးလိုက်သလဲ၊ ငါ ဘယ်နည်းနဲ့မှ သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။
ရီချူးရွှယ်ကလည်း အနားတွင် ရပ်နေသည်။ သူမက လက်ကို တင်းကြပ်စွာ ဆုပ်ထားလေ၏။ သူမ မမျှော်လင့်ထားသည်မှာ ရီဟောင်က ယခုလောက်အထိ ဆိုးရွားစွာ ခံစားလာခဲ့ရခြင်းကို ဖြစ်သည်။
နတ်ဆိုးသမားတော်၊ နင်အရမ်းမောက်မာလွန်းတယ်။
…..........
နန်းတော်ထဲတွင် ကျားပေါက်လေးက ပြန်လည်သက်သာသွားသည်။ သူက ပါးစပ်လေးကို ဖွင့်ထားကာ ချီရှောက်ရုန် သွားသန့်စင်ပေးနေသည်ကို ငြိမ်သက်စွာ ခံယူနေသည်။ ကျားပေါက်လေးက သွားတိုက်ရသည်ကို မုန်းတီးသော်လည်း ယခုလို ချီရှောက်ရုန် လုပ်ပေးနေသည့်အခါ ကျေနပ်စွာဖြင့် သဘောကျနေတော့ပေသည်။
တောင်ပံပြာ ကျားအင်ပါယာကလည်း ပျင်းရိလေးတွဲစွာဖြင့် အနားတွင် လှဲနေသည်။ သူက အမြှီးကို အချိန်တိုင်း ရမ်းနေတော့ကာ ချီရှောက်ရုန်ကိုသာ မျက်လုံးကြီးတွေဖြင့် ကြည့်နေ၏။
ချီရှောက်ရုန်က အသက်ပြင်းပြင်းရှူလိုက်ကာ ကျွင်းဟောင်ကိုကြည့်ပြီး ပြောသည်။
“ငါ့ကို ဒီကျားအိုကြီးက မစားဘူးဆိုတာ သေချာတယ်မဟုတ်လား”
ကျွင်းဟောင်က ခေါင်းခါသည်။
“မစိုးရိမ်ပါနဲ့ အဆင်ပြေပါတယ်”
“…”
ကျားအင်ပါယာက ပါးစပ်ကြီးကို ပြင်းထန်စွာ ဟလိုက်သည့်အချိန်တိုင်း ပြင်းထန်သည့်အနံ့က ချီရှောက်ရုန်ထံသို့ ချဉ်းကပ်လာသည်။ ချီရှောက်ရုန်မှာ လဲကျလုမတတ် ဖြစ်သွားရပေကာ ကျွင်းဟောင်က နောက်မှ ဖမ်းထိန်းပေးရ၏။
ကျွင်းဟောင် ရှက်သွားသည်။ သူက ချီရှောက်ရုန်ကို ဖမ်းထိန်းထားရင်းမှ ပြော၏။
“ကျားအင်ပါယာက သမ်းလိုက်တာပါ၊ မကြောက်ပါနဲ့”
ချီရှောက်ရုန်က ခပ်မြန်မြန် ထထိုင်လိုက်သည်။ ကျားအိုကြီးကို ကြောက်သော်လည်း အခုလို အခြားသူ တစ်ယောက်ထံသို့ ရောက်သွားသည်ကလည်း ဆိုးရွားသေးပေသည်။
ရှက်ဖို့ကောင်းလိုက်တာ။
ချီရှောက်ရုန်၏ နဖူးတွင် အမဲစင်းရာတွေပင် ပေါ်လာတော့ပေ၏။ ချီရှောက်ရုန်က နာရီဝက်ခန့်သုံးပြီး ကျားပေါက်လေးကို သွားတိုက်ပေးလိုက်ရသည်။
သွားသန့်စင်ပေးပြီးနောက် ကျားပေါက်လေးက ပျော်ရွှင်စွာဖြင့် စိတ်လှုပ်ရှားစွာဖြင့် ကြမ်းပြင်ပေါ်တွင် တုံးလုံးလေး လှဲနေတော့ပေသည်။ ချီရှောက်ရုန်က ကျားပေါက်လေးကို ကြည့်လိုက်သည်။ ကျားပေါက်လေးကလည်း ချီရှောက်ရုန်ကို ပြန်ကြည့်ကာ စိတ်ချမ်းသာနေပုံရ၏။
ချီရှောက်ရုန်က ထွက်သွားတော့မည့်အချိန်တွင် ကျားအင်ပါယာအိုကြီးက သူ့နားသို့ ရောက်လာသည်။ ချီရှောက်ရုန် သတိအနေအထား ဖြစ်သွား၏။
“ဘာလုပ်မလို့လဲ”
ချီရှောက်ရုန်က ကျွင်းဟောင်ကို မေးသည်။
ကျွင်းဟောင်က မျက်မှောင်ကြုတ်သည်။ ထို့နောက် ပြော၏။
“ကြည့်ရတာ သူလည်း သွားတိုက်ချင်နေတာ ထင်တယ်”
ချီရှောက်ရုန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူက ကျွင်းဟောင်ကို မယုံနိုင်သလိုကြည့်၏။
“မင်း နားကြားမှားတာတော့ မဟုတ်ပါဘူးနော်”
ချီရှောက်ရုန်က အသက်ပြင်းပြင်းရှူလိုက်သည်။
ကျွင်းဟောင်က ခေါင်းခါကာ ပြော၏။
“ကျွန်တော်တော့ သူ သွားတိုက်ချင်နေတယ်လို့ပဲ ထင်တယ်”
ချီရှောက်ရုန်က မြင့်မားကြီးမားလှသည့် ကျားအင်ပါယာကြီးကို ကြည့်ကာ ငိုချင်သွားသည်။
ကျားပေါက်လေးကို သွားတိုက်ပေးနေရတာနဲ့တင် တော်တော်လေးကို ပင်ပန်းနေပြီဟုတ်ပြီလား၊ ဒီလောက်ကြီးတဲ့ဟာကြီးကို သူ ဘယ်လိုလုပ်နိုင်မှာလဲ။
ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ကာ မေးသည်။
“အဆင်ပြေရဲ့လား”
ချီရှောက်ရုန်က ခေါင်းခါလိုက်ကာ ပြောသည်။
“ရပါတယ်၊ မင်း ရေစွမ်းအင်ကို အသုံးပြုနိုင်တယ် မဟုတ်လား၊ သူ့ရဲ့သွားတွေကို အရင်ဆေးကြောပေးလိုက်”
ကျွင်းဟောင်က ခေါင်းညိတ်သည်။
“ဟုတ်ကဲ့”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now