အပိုင်း ၄၇ အကယ်ဒမီရဲ့ အထူးနယ်မြေ
ချီရှောက်ရုန် အဆောင်သို့ ပြန်ရောက်ချိန်တွင် ချီဟန်က စာတစ်စောင် ပေးလာသည်။
“သခင်လေးကို ချီမိသားစုက ပြန်လာဖို့ အကြောင်းကြားထားပါတယ်”ချီရှောက်ရုန်က လက်ထဲသို့ ရောက်လာသည့် စာကို ကြည့်ကာ သက်ပြင်းချသည်။
“ဆယ်နှစ်လောက် ငါ့ကို ပစ်ထားခဲ့ပြီး အခု မျိုးနွယ်ခွဲက ဖက်တီးကောင်ကြောင့် အိမ်တော်ကို ြ ပန်ခေါ်တယ်တဲ့လား။ ငါ့လို အဓိက မိသားစုက လူက ဖက်တီးတစ်ယောက်လောက်တောင် အသုံးမကျပါလား”ချီဟန်က မေးသည်။
“သခင်လေး ပြန်သွားမှာလား”“ငါ့မှာ လုပ်စရာ ကိစ္စရှိလို့ မလာနိုင်ဘူးလို့သာ ပြောလိုက်။ သူတို့ စောင့်နေပါပစေ”
ချီဟန်က ခေါင်းညိတ်သည်။
“သခင်လေး စာကြည့်တိုက်ကို သွားမှာလား”“မသွားဘူ။ အဲဒီမျိုးမစစ်ကျောင်းအုပ်က လှည့်ဖြားထားတယ်လေ”
“သူက ဘာလုပ်ထားလို့လဲ”
“စာကြည့်တိုက်ကို နယ်မြေသုံးမျိုး ခွဲထားတယ်။ ပထမနယ်မြေက ကျောင်းသားတိုင်း ဝင်ဖတ်လို့ရတယ်။ သာမန်စာအုပ်တွေပါပဲ တန်ဖိုးမရှိဘူး။ တန်ဖိုးရှိတဲ့ စာအုပ်ကလည်း နည်းနည်းပဲရှိတယ်။ အားလုံး ဟန်ပြတွေပဲ”
“ဒုတိယ နယ်မြေကတော့ အဆင့်မြင့်တယ်။ လုပ်ဆောင်နိုင်စွမ်းရည်မြင့်တဲ့ ဆရာနဲ့ ကျောင်းသားတွေပဲ ဝင်ခွင့်ရှိတယ်။ ဒီလို ဝင်နိုင်ဖို့ စာရင်းပေးပြီး ဝင်ကြေးပါ ပေးရတယ်။ ဒါပေမယ့် ဒုတိယမြောက်နယ်မြေကိုလည်း အမျိုးမျိုး နယ်ပယ်တွေ ခွဲသေးတယ်။ “
“တတိယ နယ်မြေကတော့ တန်ဖိုးအကြီးဆုံးပဲ။ ကဏ္ဍအသီးသီး ခွဲထားတယ်။ အဲဒီထဲမှာ တန်ဖိုးကြီး လက်ရေးမူတွေတောင် ရှိတယ်ဆိုပဲ။ အကယ်ဒမီက လူနည်းစုလောက်ပဲ အဲဒီထဲ ဝင်ခွင့်ရှိကြတယ်”
“တတိယနယ်မြေကတေ့ မဖြစ်နိုင်ပေမယ့် ဒုတိယနယ်မြေကိုတော့ စမ်းကြည့်နိုင်တယ်”
ချီဟန်က ပြောသည်။
“သခင်လေး စာရင်းပေးရင်တောင် မလွယ်လောက်သေးဘူးထင်တယ်”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...