အပိုင်း ၄၄
ကျွင်းလေး၏ သံသယ
ချီရှောက်ရုန်က စာကြည့်တိုက်တွင် နေကာ ကျွင်းဟောင်နှင့်ကျွင်းလင်းတို့ ဝင်လာခြင်းအား ကြည့်လိုက်သည်။
“ကျွင်းလင်း”
ချီရှောက်ရုန်က ရေရွတ်လိုက်သည်။
ကျွင်းလင်းက ချီရှောက်ရုန်ကိုကြည့်ကာ အံ့အားတကြီးပြောလာ၏။
“စတုတ္ထသခင်လေး ချီ၊ ကျွန်မကို မမြင်ဖူးလို့လား”
ချီရှောက်ရုန်က ခေါင်းခါကာ ပြော၏။
“အိုး အဲဒီလိုမဟုတ်ပါဘူး၊ ကျွန်တော် နတ်ဆိုးသမားတော်ဆီကနေ ခင်ဗျားအကြောင်း ကြားဖူးပါတယ်၊ ဒါကြောင့် အခုအခွင့်အရေးရပြီး တွေ့ရတဲ့အတွက် ဝမ်းသာမိပါတယ်”
ချီရှောက်ရုန်က လည်ချောင်းတွေက တင်းကြပ်သွားသည်။ သူက တွေး၏။
ငါ သတိမထားမိသလိုဖြစ်သွားတယ်၊ နတ်ဆိုးသမားတော်နဲ့ ကျွင်းလင်းက တစ်ခါဆုံခဲ့ဖူးတာပဲ၊ ဒါပေမယ့် ငါနဲ့ကတော့ ပထမဆုံးအကြိမ်ဆုံတာ။
ကျွင်းလင်း၏အကြည့်တွေက ချီရှောက်ရုန်ထံသို့ ရောက်လာပြီးနောက် သူမ၏ မျက်ဝန်းက အလင်းရောင်တွေ လက်သွား၏။
“ဟုတ်သားပဲ စတုတ္ထသခင်လေးချီ၊ ကျွန်မကို ဘာကြောင့် သိသလဲလို့ ကျွန်မ တွေးနေတာ”
ကျွင်းလင်းက ပြုံးလိုက်သည်။
“မိန်းကလေးကျွင်း အကယ်ဒမီကို ဘာလာလုပ်တာပါလဲ”
ချီရှောက်ရုန်က မေးလိုက်သည်။
“ဒီနှစ် ကျွန်မက အကယ်ဒမီရဲ့သမိုင်းဌာနက ဆရာမလေ၊ စတုတ္ထသခင်လေးချီက ကျွန်မအတန်းကို ယူထားတယ်၊ ဒါကြောင့် ကျွန်မတို့ အနာဂါတ်မှာလည်း တွေ့ဖို့ ရှိအုံးမှာပါ”
ကျွင်းလင်းက ပြောသည်။
ချီရှောက်ရုန်က ခေါင်းညိတ်လိုက်သည်။
“အို့ ဒီလိုကိုး၊ ဒါဆိုရင်တော့ ကျွန်တော် တောင်းပန်ပါတယ် ဆရာမကျွင်းလင်း”
“စတုတ္ထသခင်လေးချီ ငါ မင်းကိုမေးစရာရှိတယ်”
ကျွင်းဟောင်က တည့်ထိုးမေးလာသည်။
ချီရှောက်ရုန်က ကျွင်းဟောင်၏ လက်ခုံကို တစ်ချက်ကြည့်ကာ ပြော၏။
“သခင်လေးကျွင်းက ဘာများမေးချင်လို့လဲ၊ ဒီနေရာမှာ ဒဏ်ရာရထားတယ် ထင်တယ်”
ကျွင်းဟောင်က လက်ကိုပြန်ရုတ်ကာ ပြောသည်။
“ဘာရယ်မဟုတ်ပါဘူး၊ ဒီအတိုင်း ငါက နတ်ဆိုးသမားတော် ဘယ်မှာရှိသလဲ ဆိုတာကို သိချင်တာ”
ချီရှောက်ရုန်က ကျွင်းဟောင်ကိုကြည့်ကာ ကူကယ်ရာမဲ့သွားသည်။
“နတ်ဆိုးသမားတော် သူ့ရဲ့ရည်မှန်းချက်က တစ်လောကလုံးအနှံ့ သွားလာနိုင်ဖို့ပဲ၊ ဒါကြောင့် သူ ဘယ်မှာ ရှိနေနိုင်မလဲဆိုတာကို ငါ မသိဘူး”
ကျွင်းဟောင်က ချီရှောက်ရုန်ကိုကြည့်ကာ ပြောသည်။
“ဒါဆိုရင် သူ အပျော်ဂေဟာကို သွားတယ်လို့ မင်းဘယ်လို သိသလဲ”
“နတ်ဆိုးသမားတော် ဘယ်ကိုပဲ သွားသွား သေချာပေါက် အပျော်ဂေဟာကိုတော့ သွားအုံးမှာပဲလေ၊ ဒါက အမျိုးသားတွေ လုပ်နေကြပဲ၊ သခင်လေးကျွင်းက ဘယ်လိုထင်လို့လဲ”
“ငါတော့ ဒီလိုမထင်ဘူး”
ချီရှောက်ရုန်က ကျွင်းဟောင်ကိုကြည့်ကာ မေးသည်။
“ဒါကြောင့် အားရှဲ့က ပြောတာ၊ သခင်လေးကျွင်းက မရင့်ကျက်ဘူးတဲ့”
“ငါ အခုသွားတော့မယ်”
ကျွင်းဟောင်က ချက်ချင်းပင် ထွက်သွားသည်။ ဒေါသထွက်သွားပုံလည်းရ၏။
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“သခင်လေးကျွင်း ဖြည်းဖြည်းသွားပါ”
…........
ကျွင်းလင်းက ချီရှောက်ရုန်နှင့် မျက်နှာချင်းဆိုင် ဝင်ထိုင်သည်။ ချီရှောက်ရုန်က ကြည့်ကာ သူမကို မေး၏။
“ဆရာကျွင်းလင်း ကျွင်းဟောင်သွားပြီလေ”
“သူ သွားရင်လည်း သွားပေါ့၊ ငါတို့ကတော့ ဆက်ပြောလို့ရတယ်”
ကျွင်းလင်းက ချီရှောက်ရုန်ကို စိုက်ကြည့်နေသည်။
“ဆရာမ ကျွင်းလင်း၊ ကျွန်တော် ဘာများ ကူညီပေးရမလဲ”
ချီရှောက်ရုန်က ခေါင်းကို အနည်းငယ်ငုံ့လိုက်ကာ လက်ထဲတွင်ကိုင်ထားသည့် စာအုပ်မှ စာမျက်နှာကို တစ်ချက်လှန်လိုက်သည်။
ကျွင်းလင်းက ပြုံးလိုက်သည်။
“စတုတ္ထသခင်လေးချီ၊ စတုတ္ထသခင်လေးချီနဲ့ နတ်ဆိုးသမားတော်နဲ့က တူတယ်လို့ထင်လား”
ချီရှောက်ရုန်က ပြုံးလိုက်သည်။
“ကျွန်တော်တို့ နှစ်ယောက်လုံး အပျော်ဂေဟာကို သွားလည်ရတာ ကြိုက်တာကလွဲရင် ကျန်တဲ့အချက်တွေက သိပ်တူမယ်လို့ မထင်ပါဘူး”
ကျွင်းလင်းက ခေါင်းခါသည်။
“စတုတ္ထသခင်လေးချီ မှားနေပြီ၊ ကျွန်မက ငယ်ငယ်ကတည်းက ဆေးဝါးကောင်းတွေကို သုံးဆောင်ခဲ့ရလို့ ကျွန်မရဲ့အာရုံခံနိုင်စွမ်းက အရမ်းမြင့်တယ်၊ ဒါကြောင့် စတုတ္ထသခင်လေးချီဆီကနေ နတ်ဆိုးသမားတော်ဆီက ရတဲ့ ကိုယ်သင်းရနံ့ကို ရတယ်”
ချီရှောက်ရုန်က ပြုံးလိုက်သည်။
“သခင်မလေးကျွင်း သခင်မလေးကျွင်း မှားနေပြီ၊ ဒါက တကယ်တော့ ကိုယ်သင်းနံ့ မဟုတ်ပါဘူး၊ ဒါက ရေမွှေးပါ၊ နတ်ဆိုးသမားတော်နဲ့ ကျွန်တော် နှစ်ယောက်လုံး သုံးတဲ့ရေမွှေးနံ့ပေါ့၊ ဒါကြောင့် အနံ့က တူနေတာ”
ကျွင်းလင်းက ပြုံးလိုက်သည်။
“ဒါကြောင့် အနံ့တူနေတာကိုး၊ အံ့ဩစရာမရှိဘူးပဲ၊ ကျွန်မကြားတာတော့ စတုတ္ထသခင်လေးချီနဲ့ နတ်ဆိုးသမားတော်က တစ်အိပ်ယာထဲမှာ လှဲအိပ်ရလောက်အထိ ရင်းနှီးကြတာဆို”
ချီရှောက်ရုန်က ခေါင်းမော့ကာ ပြုံးလာသည်။
“သခင်မလေး ကျွင်းလင်း၊ သခင်မလေးကျွင်း နောက်နေတာဖြစ်မယ်၊ နတ်ဆိုးသမားတော်မှာ နောက်လိုက်တွေ အများကြီးရှိတယ်၊ ဘယ်လိုဖြစ်ပြီး ကျွန်တော်က သူနဲ့ နေ့တိုင်း အိပ်နိုင်တဲ့အဆင့်အထိ ရှိနိုင်မှာလဲ”
“ကိုယ့်ကိုယ်ကို နှိမ့်ချမနေပါနဲ့ စတုတ္ထသခင်လေး ချီ၊ စတုတ္ထသခင်လေးချီရဲ့ ကျော့ရှင်းမှုတွေကလည်း မနိမ့်ကျပါဘူး၊ သခင်လေးက ကျွင်းဟောင်ကို ဘယ်လိုထင်လဲ”
“ရူးမိုက်တယ်၊ သူ့ရဲ့ ခင်ပွန်းလောင်းဟောင်းတစ်ယောက်အနေနဲ့ပြောရရင် ဒါကို ဖျက်သိမ်းခဲ့တဲ့အတွက် သူ့ကို မမုန်းတီးရင်တောင်မှ ကျွန်တော့်ရှေ့ကို ရောက်လာတိုင်း သူ့ကို သဘောမကျသလို ဖြစ်မိတာတော့ အမှန်ပဲ”
ချီရှောက်ရုန်က တည့်ထိုးပင် ပြောသည်။
ကျွင်းလင်းက ခေါင်းညိတ်သည်။
“ဒါက ရူးမိုက်တာ ဟုတ်ပါ့မလား၊ နောက်ပြီး သူက မဆင်မခြင်လည်း လုပ်တတ်တယ်၊ သူက ဘာကိုမှ မတွေး ဘာကိုမှ ဂရုမစိုက်ဘူး၊ ဒါပေမယ့် သူက ကလေးကောင်းတစ်ယောက်ပါ၊ သခင်လေးချီက ဘယ်လိုထင်လဲ”
ချီရှောက်ရုန်က ပြောလိုက်သည်။
“ဒါပေါ့ ကျွန်တော်လည်း သခင်လေးကျွင်းက နေရာအနှံ့လှည့်လည်သွားလာပြီး ကျော်ကြားလာခဲ့တဲ့အကြောင်းတွေကို ကြားထားဖူးပါတယ်၊ ဆရာမကျွင်း သူသာ မကောင်းဘူးဆိုရင် ကျွန်တော့်ရဲ့ ပဉ္စမမြောက်ညီမနဲ့ ရီမိသားစုက သခင်မလေးတို့က တစ်ချိန်လုံး သူ့နောက်ကို ပြေးလိုက်နေပါ့မလား”
ကျွင်းလင်းက ပြောသည်။
“အားဟောင်က လွတ်လွတ်လပ်လပ် နေတတ်တဲ့ သူမျိုးပဲ၊ အင်ပါယာမြို့တော်မှာ သူ့ကို သဘောကျတဲ့သူတွေက အများကြီးပဲ၊ ဒါပေမယ့် သူက ဘယ်သူကိုမှ သဘောမကျခဲ့ဘူး၊ သူ တစ်စုံတစ်ယောက်ကို သဘောကျသွားတဲ့အချိန်မှာ စကားတစ်ခွန်းတောင် ပြောစရာမလိုဘဲ ထွက်သွားခဲ့တာကို ခံရတယ်”
ချီရှောက်ရုန်က ရယ်သည်။
“ကျွင်းဟောင်က ငယ်ပါသေးတယ်၊ ရက်အနည်းငယ်အတွင်းမှာ သူ ဒါကိုမေ့သွားလိမ့်မယ်”
“စတုတ္ထသခင်လေးချီ၊ စတုတ္ထသခင်လေးချီက အားဟောင်ထက်တောင် ပိုငယ်အုံးမှာနော်၊ သခင်လေး ပြောနေတဲ့ပုံက နတ်ဆိုးသမားတော် ကျနေတာပဲ။"
ကျွင်းလင်းက နောက်သည်။
ချီရှောက်ရုန်က ရယ်သည်။
“ကျွန်တော်က ရင့်ကျက်နေလို့ပါ”
“ချီရှောက်ရုန်က သူတို့ ပြောသလိုလဲ မဟုတ်ပါလား၊ အားဟောင်ရဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းခဲ့တဲ့လုပ်ရပ်က ဒီဘဝမှာ အဆိုးဆုံးဖြစ်မယ်လို့ ငါတော့ ထင်တယ်”
ချီရှောက်ရုန်က ပြုံးလိုက်သည်။
“ဆရာမကျွင်းက နောက်နေတာပဲဖြစ်ရမယ်၊ ကျွင်းဟောင်က ဒီလောက်ကောင်းတာ”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...