Unicode
အမှိုက်ကောင်ပြန်ရှင်လာပြီ
အပိုင်း ၁၃၇
ရီဖန်က အခန်းထဲဝင်လာရာမူတင်းရွှယ်က ကုတင်တွင် ကိုယ်တစ်ဝက် လှဲလျက်အိပ်နေကြောင်းမြင်လိုက်ရသည်။
“တင်းရွှယ် ဘာဖြစ်လို့လဲ”“ဘာမှ မဖြစ်ပါဘူး”
မူတင်းရွှယ်က ပြန်ဖြေသည်။ရီဖန် မျက်မှောင်ကြုတ်ပြီး အနားတွင် ဝင်ထိုင်လိုက်ကာ မေး၏။
“ဘာမှ မဖြစ်ဘူးဆိုရင် ငါ့ကို ပြောပြလေ”မူတင်းရွှယ်က ရယ်သည်။ ထို့နောက် အိပ်ယာတွင် ပြန်မှီလိုက်ကာ ပြော၏။
“ငါ တည်ငြိမ်နိုင်မယ်လို့ ထင်ခဲ့ပေမဲ့ မလုပ်နိုင်ဘူးပဲ”မူတင်းရွှယ်က ခေါင်းမော့ကာ ရီဖန်ကို ကြည့်ပြီးပြောသည်။
“မူရှင်းကျီက ငါ့အဖေပဲ”ရီဖန် ဘာစကားမျှ မပြောပေ။ မူတင်းရွှယ်ထိုသူအကြောင်းကြားစဉ်က တုန့်ပြန်မှုအရ သူ မျှော်မှန်းထားပြီးသားဖြစ်သည်။
“ငါ ပထမဆုံးအကြိမ် မင်းမိသားစုအကြောင်းပြောတာကို ကြားရဖူးခြင်းပဲ”
မူတင်းရွှယ်၏အတိတ်က အကြောင်းကို ကြားရသည်မှာ ရီဖန်ကို ထိတ်လန့်လာစေသည်။ ရီဖန်၏မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။ မူတင်းရွှယ်ကို သူ ကောင်းကောင်းနားလည်၏။ သို့သော် မူတင်းရွှယ်၏စိတ်ထဲမှ အကြောင်းအရာများကို သူ သိရန်က ခက်ခဲပေသည်။ မူတင်းရွှယ် ယအခုလို ပွင့်လင်းလာခြင်းကိုမြင်ရသည်မှာ ရီဖန်ကို စိတ်လှုပ်ရှားလာစေ၏။
“ငါ ငါ အမြဲတမ်း သူ့ကိုမုန်းနေခဲ့တာ၊ ငါ အမြဲတမ်း မုန်းနေခဲ့တာ၊ ငါ့အဖေကို မူမိသားစုက လေ့ကျင့်သင်ကြားပေးထားခဲ့ပြီး သူက အသေခံတပ်သားလို ဖြစ်နေခဲ့တာ၊ သူ့ကိုဦးနှောက်ဆေးထားသလို မူမိသားစုရဲ့အမိန့်ကို နာခံရမယ်ဆိုတဲ့အသိက သူ့ရဲ့စိတ်ထဲကိုစွဲမြဲနေခဲ့တာ၊ ငါ ကလေးဘဝတုန်းက ငါ့အဖေကို ကြိမ်ဖန်များစွာ ပြောနေခဲ့ပေမဲ့ သူ လုံးဝ နားမထောင်ခဲ့ဘူး”
“ငါ မွေးလာတော့ ကံကြမ္မာဖတ်သူက ငါက မိသားစုကို ပျက်စီးစေမယ့်သူလို့ သိတာနဲ့ သူက ချက်ချင်း အိမ်တော်ပြင်ပကိုနှင်ထုတ်ပြီး သီးသန့်နေစေခဲ့တယ်၊ အခြားသူတွေက သူတို့ရဲ့အဖေတွေနဲ့အတူ ပျော်ပါးနေချိန်မှာ ငါကတော့ အိုမင်းနေတဲ့ တဲတစ်လုံးထဲမှာပဲ ကောင်းကောင်းမပြုစုတတ်တဲ့ အစေခံတစ်ယောက်နဲ့အတူ နေခဲ့ရတယ်”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...