unicode
အပိုင်း ၁၁၀ရီမိသားစုတွင်။
“အားရွှယ် ဘာဖြစ်လာတာလဲ”ယန်မန်က ရီချူးရွှယ်ကိုကြည့်၏။ ရီချူးရွှယ်၏မျက်နှာက အလွန်ဖြူဖျော့နေကြောင်း မြင်သည့်အခါ ရီရွှမ်းကိုမေး၏။
ရီရွှမ်း၏မျက်နှာကလည်း တင်းကြပ်သွားကာ ပြော၏။
“သူ သူ အရမ်းအံ့ဩနေလို့ပါ”“အံ့ဩတယ်၊ ဒါမှမဟုတ် တစ်ခုခုကိုပဲ ထိတ်လန့်နေလို့လား၊ ဘာကို ထိတ်လန့်တာလဲ”
ယန်မန်က ပဟေဠိဖြစ်သွား၏။“မင်းသမီးက ရီဖန်ကို သွားတွေ့ခဲ့တယ်၊ ရီဖန်ရဲ့မြွေကြောင့် ထိတ်လန့်သွားခဲ့တာပဲ”
ရီရွှမ်းက ပြောသည်။ရီရွှမ်းက လက်သီးကို တင်းကြပ်စွာ ဆုပ်ထား၏။ ရီဖန်၏နေရာသို့ ပြဿနာရှာရန် သွားခဲ့သော်လည်း ရီဖန်ကသာ သူ့ကို သင်ခန်းစာပေးလိုက်ကာ သူ၏ အစောင့်တိုင်းကို ကန်ထုတ်ခံလိုက်ရသည်။ ရီဖန်က မည်သူ့ကိုမျှ မသတ်ခဲ့သည်မှာ ထိုသူတွေအားလုံးက အဆိပ်ဒဏ်မိပြီးသောကြောင့်ဖြစ်သည်။ ထိုလူတွေအားလုံး၏ခွန်အားက လျော့ကျသွားမည်ဖြစ်၏။ ရီရွှမ်းက ရီဖန်ကို ဦးဆောင်လမ်းပြပေးရန် လက်လျှော့ခံရသည့်အပြင် စကားပင် ပြောနိုင်စွမ်းမရှိခဲ့ပေ။
ရီချူးရွှယ်က အိပ်ယာတွင်လှဲနေသည်။ သူမက မျက်ရည်တွေအပြည့်ဖြင့် ဖြစ်နေ၏။
“မဟုတ်ဘူး၊ မလာနဲ့၊ ငါ့ဆီ မလာပါနဲ့”ရီချူးရွှယ်၏အိပ်ယာဘေးတွင် ထိုင်နေသည့် ရီဟောင်က ရီချူးရွှယ်၏ ထိတ်လန့်နေသည့် မျက်နှာအမူအရာကို ကြည့်ကာ ကျေနပ်သွားပုံရသည်။
ကောင်းလိုက်တာ၊ ရီချူးရွှယ် နောက်ဆုံးတော့ သူကိုယ်တိုင်လည်း စိတ်ပိုင်းဆိုင်ရာ ဒုက္ခိတဖြစ်သွားပြီပဲ။ယန်မန်က ရီချူးရွှယ်ကို ကြည့်သည်။ သူမ၏သွေးသားအရင်းအချာမှာ တစ်ယောက်ပြီးတစ်ယောက် ဒုက္ခရောက်နေခြင်းကို ကြည့်နေရကာ အလွန်ပင်ပန်းနေခဲ့ချေပြီ။
“ရီဖန် မင်း ဒါတွေ လုပ်ခဲ့တာပဲ၊ နင် တကယ်ပဲ ဘာလိုချင်နေတာလဲ”
ရီရွှမ်းကလည်း မျက်လုံးကိုမှိတ်ထားကာ စိတ်ပျက်အားငယ်နေ၏။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...