part 148

3.6K 483 3
                                    

Unicode

အပိုင်း (၁၄၈)

ကျွင်းဟောင်က တံခါးကိုဖွင့်ပြီးနောက် မူတင်းရွှယ်နှင့် အပြင်ဘက်တွင်ရှိနေသည့် ရီဖန်ကို ကြည့်လိုက်သည်။
“မင်းတို့နှစ်ယောက် ပြန်လာပြီလား၊ ဝင်လာကြလေ”

မူတင်းရွှယ်က ကျွင်းဟောင်ကို ကြည့်ကာ ပြောသည်။
“သခင်လေးကျွင်းဟောင် ကျွန်တော်ကြားတာတော့ သခင်လေးကျွင်းနဲ့ သခင်လေးတို့က ကျွန်တော်တို့မရှိခင် တိုက်ခိုက်ခံရတယ်ဆို”

“သူခိုးတစ်ကောင်ပါပဲ၊ မင်းသခင်လေးရဲ့ ပိုက်ဆံကို ခိုးသွားတာလေ၊ သူက လိုက်ချင်တော့ ဒီတိုင်း သိုင်းပြိုင်တဲ့ပုံစံမျိုး ဖြစ်သွားရုံပါပဲ၊ ကိစ္စကြီးတော့ မဟုတ်ပါဘူး”
ကျွင်းဟောင်က ဖြည်းညင်းစွာပြောလာ၏။

မူတင်းရွှယ်က တောင်းပန်ကာပြောသည်။
“ကျွန်တော်တောင်းပန်ပါတယ်၊ကျွန်တော်သခင်လေးကျွင်းကို ဒုက္ခများစေမိပြီ”

“မင်းက အရမ်းကြင်နာနေပြန်ပြီ၊သခင်လေးမူ ဘာကိုများစိုးရိမ်နေတာလဲ”
ကျွင်းဟောင်က ပြော၏။

မူတင်းရွှယ်နှင့် ကျွင်းဟောင်တို့က အချင်းချင်းကျေးဇူးတင်သည့် စကားများပြောပြီးသည့်နောက်တွင် သူတို့က အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။ထိုအခါ ရီဖန်နှင့် ကျွင်းဟောင်ကသာ အပြင်တွင် ကျန်ရစ်ခဲ့သည်။

မူတင်းရွှယ် ထွက်သွားချိန်တွင် ကျွင်းဟောင်၏ အပြုအမူက ချက်ချင်းပင်ပြောင်းလဲသွားသည်။

“အပြင်ထွက်သွားတာ ဘာမှတိုးတက်မှု မရှိဘူးလား”
ကျွင်းဟောင်က မျက်လုံးတစ်ဖက်မှိတ်ကာ အတင်းပြောသလိုဟန်ဖြင့် မေးလိုက်၏။

ရီဖန်၏ နှုတ်ခမ်းများက ကော့တက်သွားကာ ပြောသည်။
“မူတင်းရွှယ်နဲ့ငါက အဆင်ပြေပြေ ရှိနေပါတယ်”

ကျွင်းဟောင်က တွေးတောသလိုပြော၏။
“အမြဲတမ်း ပြေနေရင် ပြီးတာပါပဲ၊ ဒါပေမယ့် အမြဲတမ်းပုံသေ ဖြစ်နေမယ်ဆိုရင်တော့ တိုးတက်မှု မရှိဘူးလို့ ဆိုလိုတာပဲ မဟုတ်လား၊ ငါပြောချင်တာကကွာ မင်းက မစွမ်းဆောင်နေတာ သိလား၊ မင်းလိုလူမျိုးက တစ်သက်လုံး လူပျိုကြီး လုပ်သွားရမှာ”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now