Part 10

9.3K 1.4K 8
                                    

Zawgyi

အပိုင်း (၁ဝ)

ချီရှောက်ရုန်နှင့် ကျွင်းဟောင်တို့ညီအစ်ကိုနှစ်ယောက် သွားနေချိန်တွင် တစ်စုံတစ်ယောက်က နှုတ်ဆက်လာသည်။

"အားဟောင် တိုက်ဆိုင်လိုက်တာ ဒီနေရာမှာ တွေ့ရပြီ"

ရီချူးရွှယ်က ကျွင်းဟောင်ကို ရှက်ရွံ့စွာ ကြည့်သည်။

ချီရှောက်ရုန်၏မျက်ဝန်းတွေက ကျဉ်းမြောင်းသွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ဒီအမျိုးသမီးက စေ့စပ်တာကို ဖျက်သိမ်းဖို့ လာတုန်းကကျတော့ မျက်နှာက ခေတ်နောက်ကျတဲ့ အမေတစ်ယောက်လို မျက်နှာမျိုးနဲ့ အခုကျတော့ ကလေးဆန်တဲ့ အပြုအမူတောင် ပြုမူနေပြသေးတယ်။ သူတို့က တကယ်ကို ရင်းနှီးနေကြတာပဲ။

"တိုက်ဆိုင်လိုက်ကြတာ"

ကျွင်းဟောင်က တည်ငြိမ်စွာ ဖြေသည်။

"အားဟောင် အားဟောင်ရဲ့ဦးလေးသုံး အခြေအနေက ကောင်းသွားပြီဆို"

ရီချူးရွှယ်က မေးသည်။ ကျွင်းဟောင်က ခေါင်းညိတ်ကာ ဖြေ၏။

"ကုသလို့ ပျောက်ကင်းသွားပါပြီ"

"ဂုဏ်ယူပါတယ်၊ ဒါနဲ့ အားဟောင်က အခုဘယ်သွားမလို့လဲ"

"ငါတို့တွေ အပျော်ဂေဟာကိုသွားပြီး အပန်းဖြေမလို့လေ"

ချီရှောက်ရုန်က ဝင်ဖြေလိုက်သည်။

ရီချူးရွှယ်က မျက်မှောင်ကျုံ့ကာ ကျွင်းဟောင်ကို ကြည့်လာသည်။

"အစ်ကိုဟောင်က အဲ့ဒီလိုနေရာကို သွားမလို့လား"

"ဒါက သဘာဝအရ အပန်းဖြေတဲ့ ကိစ္စပဲလေ၊ အမျိုးသားတွေတိုင်း သက်တောင့်သက်သာဖြစ်အောင် သွားဖို့ လိုအပ်တယ်"

ချီရှောက်ရုန်က ဖြေ၏။

"အားဟောင် လျိုဟွားရွှယ်က မိန်းမတွေက ဘာကောင်းတာရှိလို့လဲ၊ ဘာလို့ အဲ့လိုနေရာမျိုးကို သွားရတာလဲ"

ရီချူးရွှယ်က မျက်နှာကိုမဲ့ကာ ခါးသီးမှုအပြည့်ဖြင့် ပြောသည်။

"ကြည့်ရတာ ကျွင်းဟောင်ကို မင်း သေချာမသိသေးဘူးပဲ မိန်းကလေးရေ၊ ကျွင်းဟောင်က အဲ့ဒီလိုလူမျိုးတွေကိုပဲ သဘောကျတာလေ၊ သာမန်သူတွေကိုမှ စိတ်မဝင်စားတာ"

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now