Unicode
အပိုင်း (၁၆၃)ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ကာပြော၏။
“အေးနေလို့လား၊ အေးနေတယ်ဆိုရင် ငါ့ကို ဖက်ထားလို့ရတယ်”ချီရှောက်ရုန်က ကျွင်းဟောင်ကိုကြည့်ပြီးပြောသည်။
“မအေးပါဘူး ဒီအတိုင်း နံနေလို့”ကျွင်းဟောင် “…”
“အဲဒီအရူးကောင် သေချာပေါက် စောင်အောက်မှာ မုန့်စားလို့ ကြွက်ကိုက်သွားတာ ဖြစ်မယ်”
ကျွင်းဟောင်က ပြောသည်။ချီရှောက်ရုန် “…”
ယွန်ဟူက ဆက်တိုက်ဟောက်နေခဲ့ကာ အသံကကျယ်သထက် ကျယ်လာသည်။ ချီရှောက်ရုန်၏နားထဲတွင် ဟိန်းထွက်နေပြီး နာကျင်လာသည်။
“ဒီမျိုးမစစ်ကောင်က တကယ်ဆူတာပဲ”
နောက်တစ်နေ့မနက်ခင်းတွင် ယွန်ဟူက ချီရှောက်ရုန်၏ညိုမဲနေသည့် မျက်ကွင်းများကို ကြည့်ပြီး ပြောသည်။
“ဟေး မနေ့ညက ကောင်းကောင်း မအိပ်ပျော်ခဲ့ဘူးလား”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“အင်း”“သူခိုးဖြစ်ရတာ ဆိုးတယ်ဆိုတာကို နားလည်သွားလို့ နောင်တတွေရပြီး အိပ်မပျော်နိုင်တာ မဟုတ်လား”
ချီရှောက်ရုန် “…”
အရူးကောင် မင်း အရမ်းဟောက်နေပြီး ဆူညံနေလို့ ငါ အိပ်လို့မရတာလေ။
“ဟုတ်သားပဲ ငါ နောင်တရနေလို့ အိပ်လို့မရတာ”
ငါသာသိခဲ့ရင်တခြားသူရဲ့အဝတ်တွေပဲ ခိုးခဲ့မှာပေါ့။“စိတ်မကောင်းတာ ကောင်းတယ်၊ အနည်းဆုံးတော့ အမှားတွေကနေပြန်ပြီး သင်ယူလေ့လာလို့ ရသေးတာပေါ့”
ယွန်ဟူက ပြောသည်။ချီရှောက်ရုန် “…”
“သွားပြီး အဝတ်တွေကို လျှော်လိုက်တော့ မင်းထတာနောက်ကျတယ်၊ မင်းရဲ့အပေါင်းအသင်းဆိုရင် အခု ထင်းတွေတောင် ခွဲနေပြီ”
ယွန်ဟူက ပြောသည်။ချီရှောက်ရုန်က ယွန်ဟူအနောက်သို့ လိုက်သွားရင်းမှ ထင်းခွဲနေသည့် ကျွင်းဟောင်ကို တွေ့သွားသည်။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...