part100

6K 756 4
                                    

unicode

အပိုင်း ၁၀၀
ချီရှောက်ရုန်က ကျွင်းချန်၏ အင်္ကျီကော်လံကိုဆွဲကာ ကျွင်းချန်ကို ရှေ့တိုးလာစေလျက် ပြောလိုက်သည်။
“ကောင်လေး မင်း ငြိမ်ငြိမ်ဆိမ်ဆိမ်လေးနေတာ ကောင်းမယ်၊ မဟုတ်ရင် ငါမင်းရဲ့ ဝတုတ်နေတဲ့ ဖင်ကိုဆွဲပြီး လူကြားထဲမှာ ရိုက်နှက်ပစ်မယ် ကြားလား”
ကျွင်းချန်က ခေါင်းညိတ်သည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့”
ကျွင်းဟောင်က ရထားလုံးထဲသို့ ဝင်လာသည့်အချိန်တွင် ကျွင်းချန်က ထောင့်နားတွင် တုန်ယင်နေပေသည်။
“အားချန် ဘာဖြစ်တာလဲ”
ကျွင်းချန်က ခေါင်းခါကာ ပြော၏။
“ဘာမှ မဖြစ်ပါဘူး”
ကျွင်းဟောင်၏ရထားလုံးက လေလံအိမ်ရှေ့တွင် ရပ်သွားသည့်အခါ ကျွင်းဟောင်နှင့် ချီရှောက်ရုန်တို့က အတူတကွ ထွက်လိုက်ကြသည်။ ရင်းနှီးကျွမ်းဝင်သည့် မျက်နှာများစွာကို မြင်လိုက်ရ၏။
ချီယွမ်က လေလံအိမ်ထဲသို့ ချီရှောက်ခန်း၊ ချီရှောက်ဖူ၊ ချီရှောက်ယွီတို့နှင့်အတူ ရောက်လာသည်။
ချီရှောက်ယွီက ကျွင်းဟောင်နှင့် ချီရှောက်ရုန်အတူ ထွက်လာကြောင်း မြင်သည့်အခါ မနာလိုမှုတွေက ပြည့်နှက်သွားသည်။
ချီရှောက်ခန်းကလည်း ရှေ့သို့တက်လာကာ ချီရှောက်ရုန်ကို ခေါင်းညိတ်ပြပြီး ပြော၏။
“စတုတ္ထညီငယ် မင်းလည်း လေလံအိမ်ကို လာတာလား”
“ဟုတ်ပါတယ်”
ချီရှောက်ရုန်က ပြုံးကာ ချီယွမ်ကို ကြည့်ကာ ပြော၏။
“အကြီးအကဲချီယွမ် ကျွန်တော် အရင်တစ်ခေါက်က နည်းနည်း ကြမ်းတမ်းမိသွားတယ် ထင်တယ်၊ အကြီးအကဲရဲ့ ဒဏ်ရာတွေရော သက်သာရဲ့လား”
ချီယွမ်က အင်္ကျီလက်ကို ဒေါသတကြီး ဝှေ့ယမ်းရင်း ပြောသည်။
“ငါ့ကို လာမမေးနဲ့”
ချီယွမ်က အထဲသို့ ဒေါသတကြီး ဝင်သွားတော့ပေသည်။ ထို့နောက် ချီရှောက်ယွီက ကျွင်းဟောင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်ပြီးနောက် ဝင်လိုက်သွားသည်။
“ဒီလူအိုကြီးကတော့ ဒေါသကြီးနေတာပဲ၊ ငါက သူ့ကို ဂရုစိုက်လို့ မေးတာကို ဒီလိုမျိုး လုပ်သွားဖို့ လိုလို့လား၊ ဟမ့် ဒီလောက်ဒေါသကြီးနေတာ အသက်တိုမှာ သေချာတယ်”
ချီရှောက်ရုန်က မကျေမနပ်ပြောသည်။
ကျွင်းချန်”…”
တကယ်တော့ မင်းပြောတာက စိုးရိမ်တဲ့လေသံမှ မဟုတ်တာ၊ တမင်သက်သက် ရန်စနေတာ အသိသာကြီးကို။
ချီရှောက်ရုန်က ကျွင်းချန်၏ မျက်နှာအမူအရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ဖက်တီးလေး ဘာတွေ တွေးနေတာလဲ”
ကျွင်းချန်က အလောတကြီးခေါင်းခါသည်။
“ဘာမှ မတွေးပါဘူး”
ထိုအချိန်တွင် ရထားလုံး တစ်စီးက သူတို့နားမှ အမြန်ဖြတ်သန်းသွားသည်။ ချီရှောက်ရုန်က ကြည့်ကာ ပြော၏။
“ဒီရထားလုံးကို မြင်ဖူးနေသလိုပဲ”
ချီဟန်က ချီရှောက်ရုန်၏အနားသို့ ကပ်လာကာ ပြော၏။
“သခင်လေး ဒါက ရှန်းမိသားစုရဲ့မိသားစု ရထားလုံးပါ”
“အိုး ဒီတော့ ရှန်းမိသားစုကပေါ့၊ သြော် အဲဒီအရူးရှန်းယွမ်ရဲ့ ဝတ်ပုံစားပုံကို မှတ်မိသွားပြီ၊ သူ့ရဲ့အင်္ကျီမှာလည်း ဒီတံဆိပ်ကိုမြင်ဖူးသလိုပဲ”
ရှန်းယွမ်က ရှန်းမိသားစုမှ အကြီးအကဲတွေနောက်မှ လိုက်လာကာ ရထားလုံးထဲမှ ထွက်လာသည်။ ကျွင်းဟောင်နှင့် ချီရှောက်ရုန်ကို တံခါးဝတွင် မြင်သည့်အခါ ရှန်းယွမ်၏မျက်နှာက နာကျင်မှုတွေနှင့် ပြည့်နှက်သွားသည်။
ရှန်းယွမ်က ချီရှောက်ရုန်နှင့် ကျွင်းဟောင်အနားသို့ လျှောက်လာကာ ပြော၏။
“စတုတ္ထသခင်လေးချီ၊ သခင်လေးကျွင်း၊ နှစ်ယောက်လုံး ဒီကို ရောက်နေတာကိုး”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“သခင်လေးရှန်း သက်သာသွားပြီပဲ၊ ငါ ကြားထားတဲ့အတိုင်းဆိုရင် သခင်လေး ဖောင်းကားနေအောင် အရိုက်ခံလိုက်ရတယ်ဆို၊ ဒါကြောင့် ဝိတ်တောင် ကျသွားသလိုပဲ၊ အစားများ လျှော့စားနေတာလား”
ရှန်းယွမ်”…”
“သခင်လေးချီကတော့ နောက်နေပြန်ပါပြီ၊ ကျွန်တော် အဲဒီအချိန်က စေ့စပ်ပွဲဖျက်သိမ်းခဲ့တဲ့ ကိစ္စအတွက် တကယ်စိတ်မကောင်းပါဘူး”
“တောင်းပန်ဖို့မလိုပါဘူး သခင်လေးရှန်းရယ်၊ ဒါက မှန်နေတာပဲ၊ ပြောရမယ်ဆိုရင် ဒီလိုခန့်ညားချောမောတဲ့ ငါက လှပတဲ့မျက်နှာကို အခြေအနေမှာ ဇနီးမယား (၁ဝ) ယောက်၊ (၁၁) ယောက်ယူတာက ပုံမှန်ပါပဲ၊ ကျွင်းဟောင် သူ့မှာ ဘာရင်သားမှ မရှိသလို၊ ဘာမှ လှတာမဟုတ်ဘူး၊ သူ့ကို ဘာလို့များ သဘောကျရမှာလဲ”
ချီရှောက်ရုန်က ရှန်းယွမ်၏ပုခုံးကိုပုတ်ကာ မကျေမနပ်ပြောသည်။
ရှန်းယွမ်က ကျွင်းဟောင်၏ မဲမှောင်နေသည့်မျက်နှာကို ကြည့်ကာ စိတ်ပျက်သွားသည်။ သူ ခေါင်းကိုက်သွား၏။
သခင်လေးချီရယ်၊ လူကြားထဲမှာ ဒီလိုစကားကို အကျယ်ကြီးပြောရသလား၊ တမင်သက်သက် သူ့ကို ရန်စနေသလိုပဲ။
“စတုတ္ထသခင်လေးချီ၊ နောက်ကျနေပြီ အထဲဝင်ရအောင်”
ရှန်းယွမ်က ပြောလိုက်သည်။
ချီရှောက်ရုန်က ခေါင်းညိတ်၏။
“အင်း”
…......
ချီယွမ်က အခန်းထဲသို့ ရောက်သွားသည့်အခါ မကျေမနပ်ပြောသည်။
“ဒီချီရှောက်ရုန်ဆိုတဲ့ အကောင်က ကျွင်းဟောင်နဲ့ ဆက်ဆံရေးကောင်းနေတဲ့ပုံပဲ”
ချီယွမ်က နှာခေါင်းကို ရှုံ့နေသည်။ ချီရှောက်ရုန်နှင့် ကျွင်းဟောင်ကြားမှ စေ့စပ်ပွဲဖြစ်သွားလျှင်ပင် ချီမိသားစုက ဘာအကျိုးအမြတ်မှ ရတော့မည်မဟုတ်ပေ။
“ကျွင်းဟောင်က နတ်ဆိုးသမားတော်ကို ကြိုက်တယ်၊ နတ်ဆိုးသမားတော်က စတုတ္ထညီလေးဖြစ်သွားတော့ ကျွင်းဟောင် အခု စတုတ္ထညီလေးကို ကြိုက်တာက ပုံမှန်ပါပဲ”
ချီရှောက်ဖူက ပြောသည်။
“ဘာကို ပုံမှန်ရမှာလဲ၊ ဒီစတုတ္ထအစ်ကိုက ကျွင်းဟောင်ကို သက်သက်မဲ့ လှည့်စားနေတာ”
ချီရှောက်ယွီက မကျေမနပ်ပြော၏။
ချီရှောက်ဖူက ချီရှောက်ယွီကို ကြည့်သည်။
“ညီမ(၅)၊ စတုတ္ထညီလေး မရှိရင်တောင်မှ ကျွင်းဟောင်က မင်းကို လက်ထပ်မှာ မဟုတ်ဘူး”
ချီရှောက်ယွီက ချီရှောက်ဖူကို တည်တင်းစွာကြည့်၏။
ချီရှောက်ယွီက ပတ်ဝန်းကျင်ကို ပျင်းရိစွာ လှည့်ကြည့်နေပြီးနောက် အောက်ထပ်ကို ကြည့်ကာ မျက်ဝန်းက တောက်ပသွားသည်။
“အကြီးအကဲ သမီး လေလံပွဲမစခင် အောက်ကို ခဏဆင်းပြီး လေကောင်းလေသန့်ရှူလို့ ရမလား”
ချီယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
“အခု ဘယ်အချိန်ရောက်နေပြီလဲ၊ ဒါတောင် အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူချင်နေတုန်းပဲလား”
“ခဏလေးနေရင် ပြန်လာမှာပါ”
ချီရှောက်ခန်းက မျက်မှောင်ကြုတ်သည်။
“ရှောက်ယွီ ဘာတွေဖြစ်နေတာလဲ၊ ကျွင်းဟောင်ကို သွားတွေ့မလို့များလား”
ချီရှောက်ဖူက ခေါင်းခါသည်။ အောက်ကိုကြည့်ကာ ပြော၏။
“အခုက ကျွင်းဟောင် မဟုတ်ဘူး၊ ရီချူးရွှယ်ပဲ၊ ငါတို့ရဲ့ ညီမ(၅) က ရီချူးရွှယ်ကို သွားရှာတာလေ”
“ဒီကလေးမကတော့..”
ချီရှောက်ခန်းက ခေါင်းခါနေတော့သည်။
ချီရှောက်ဖူက မေးစေ့ကို ပွတ်သည်။ ရီပင်းနှင့်ရီဟောင်တို့၏ အခြေအနေကြောင့် ရီချူးရွှယ်နှင့်ချီရှောက်ယွီတို့ကြားမှ ဘက်ညီနေခဲ့သည့် အဆင့်အတန်းက ကွာခြားသွားခဲ့သည်။ ယခုအခါတွင် အရာအားလုံးတွင် ချီရှောက်ယွီက သာလွန်သွားခဲ့ပြီး ရီချူးရွှယ်ကမူ နိမ့်ကျသွားခဲ့ရပေ၏။
ချီရှောက်ဖူက ခေါင်းကို ခါနေသည်။ ချီရှောက်ယွီ၏ သည်ကိစ္စတွင် သူသည်လည်း ဝင်ပါလိမ့်မည် မဟုတ်ပါပေ။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now