Unicode
အပိုင်း ၁၅၈ရီဖန်က ကျောပြင်တွင် လက်ပို့လျက် ပြောသည်။
“ရှန်းမန်ရဲ့လှုပ်ရှားမှုတွေက မြန်ဆန်ပြီး ငါတို့ ထင်ထားတာထက် မုန်းတီးဖို့ ကောင်းနေသေးတယ်၊ မူမိသားစုက တကယ်ကို စုတ်ပြတ်သတ်နေပြီပဲ”ရီဖန်က မဲမှောင်စွာ တွေးလိုက်သည်။ မူမိသားစုရဲ့ အဓိကမိသားစုက အချိန်အကြာအကြီး ရှင်သန်နိုင်တော့မယ် မထင်ဘူး၊ ဒါပေမဲ့ ဂိုဏ်းခွဲတွေက အဓိကမိသားစုကသာ ခွဲထွက်သွားမယ်ဆိုရင် အပြင်ဘက်ပြဿနာတွေက ဖြစ်လာနိုင်သေးတယ်။
မူတင်းရွှယ်က မျက်လုံးကို မှိတ်လိုက်သည်။ မူမိသားစုကို ဖျက်ဆီးခြင်းက သူ၏အိပ်မက် ဖြစ်သည်။ တကယ်တမ်း ပျက်စီးနေသည့် အချိန်တွင်လည်း သူ မပျော်ပါပေ။
ချီရှောက်ရုန်က ရီဖန်နှင့်မူတင်းရွှယ်ကို ကြည့်ကာ ပြောသည်။
“ငါ လုပ်စရာရှိသေးတယ်၊ စီနီယာဖုန်းယွမ်ကို သွားပြီး စကားပြောစရာ ရှိသေးတာမို့လို့ မင်းတို့ အရင် ပြန်လို့ရမလား”ကျွင်းဟောင်က ချီရှောက်ရုန်နောက်သို့ လိုက်လာမည်သာ ဖြစ်သည်။ သူက ပြော၏။
“ငါလည်း လုပ်စရာရှိသေးတယ်၊ စီနီယာဖုန်းယွမ်ကို သွားတွေ့မှာမို့လို့ မင်းတို့ အရင်ပြန်လို့ရမလား”ထို့နောက် ကျွင်းဟောင်က ချီရှောက်ရုန်ကိုလှည့်ကြည့်၏။
“ငါလည်း လိုက်မယ်”ရီဖန်က ကျွင်းဟောင်နှင့်ချီရှောက်ရုန်တို့၏ ကျောပြင်ကို ကြည့်ကာ မူတင်းရွှယ်၏လက်ကို ဖမ်းဆွဲရင်းပြော၏။
“အရင် ပြန်ကြစို့”ရှန်းယွမ်က ရီဖန်နှင့်မူတင်းရွှမ်တို့နောက်မှ လိုက်သွားလျက် ကျွင်းဟောင်နှင့် ချီရှောက်ရုန်တို့၏ ကျောပြင်ကို တစ်ချက်ကြည့်သည်။ သူ၏စိတ်ထဲတွင် မကျေမနပ်မှုက မြင့်တက်လာခဲ့၏။
သူလည်း တတ်နိုင်လျှင် အမြန်ဆုံး လက်တွဲဖော်ကို ရှာရမယ်၊ မဟုတ်ရင် သူတော့ ခွေးစာစားရလို့ သေတော့မှာပဲ…။
.......
ဖုန်းစံအိမ်တွင်။
“မဟာသခင် ရှန်းမန်က တိုင်းပြည်အနှံ့ကို အုပ်ချုပ်နိုင်ခဲ့တာက ရှန်းမန်က ဘယ်တော့မှ အင်အားစုတွေအကြား တိုက်ပွဲတွေကို ဝင်မပါခဲ့ဘူးလို့ပဲ၊ အခု ချီရှောက်ရုန်ကြောင့်နဲ့ မဟာသခင်က ရှန်းမန်ကို ပေါ်ပေါ်တင်တင် ဝင်ရောက်တိုက်ခိုက်ဖို့ကို ဆုံးဖြတ်လိုက်ပြီ”
ဖုန်းဟယ်က ပြောသည်။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...