part 4

11.8K 1.7K 8
                                    

zawgyi

အပိုင်း ၎

ရီချူးရွှယ်နှင့် ရှန်းယွမ်တို့ကို ပြန်ပို့ပေးပြီးသည့်နောက် ချီရှောက်ရုန်၏မျက်နှာက မဲမှောင်သွားသည်။

"ကျွင်းဟောင် ဒီမျိုးမစစ်ကတော့"

"သခင်လေး ကျွင်းဟောင်ကို သွားတွေ့မှာလား"

ချီဟန်က မေးသည်။

"ငါက ဘာလို့ သူ့ကို သွားတွေ့ရမှာလဲ"

ချီရှောက်ရုန်ကလည်း ပြန်ငြင်းသည်။

"သခင်လေးက အလှလေးတွေကို ကြိုက်တာမဟုတ်ဘူးလား။ ပြောကြတာတော့ ကျွင်းဟောင်က အရမ်းကို လှပတာပဲတဲ့။ အခုလည်း အခွင့်အရေးရှိနေပြီလေ"

ချီဟန်က ချီရှောက်ရုန်အား ဖိတ်ကြားစာကို ပြသည်။

"နတ်ဆိုးသမားတော်အတွက်လား"

ချီရှောက်ရုန်က ပိုက်ဆံရှာနိုင်ရန်အတွက် သူ၏အလုပ်ဟောင်းကို လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က စတင်လုပ်ကိုင်ခဲ့ပေသည်။ သူက အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ခြင်း၊ မျက်နှာမှ အဆီထုတ်ပေးခြင်း၊ အရေပြား ခွဲစိတ်ပြုပြင်ခြင်းနှင့် မျက်ရစ်ပြုပြင်ပေးသည့် လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပေသည်။

မည်သည့်နေရာသို့ ရောက်နေပါပစေ မိန်းမတွေထံမှ ပိုက်ဆံရှာရ အလွယ်ကူဆုံး ဖြစ်သည်။ ထို့ကြောင့် ဒီလုပ်ငန်းဖြင့် ချီရှောက်ရုန်က များစွာ ကြွယ်ဝလာပေ၏။ ထို့အပြင် သူ၏ နတ်ဆိုးသမားတော်ဆိုသည့် နာမည်ကလည်း ကျော်ကြားလာခဲ့ပေသည်။

မှော်ဆန်သည့်ပုံပန်းသွင်ပြင်ကို ထိန်းသိမ်းထားရန်နှင့် သူ၏ငယ်ရွယ်သည့် ရုပ်ရည်သွင်ပြင်က ပြဿနာများ မဖြစ်လာစေရန်အတွက် ချီရှောက်ရုန်က သူ ခွဲစိတ်ပြုပြင်ပေးသည့် အချိန်တိုင်း မျက်နှာကို မျက်နှာဖုံးဖြင့် အုပ်ထားလေ့ရှိသည်။

"ဟုတ်ပါတယ် ကျွင်းရန်ချွမ်ပါ။ သူက ကျွင်းဟောင်ရဲ့ ဦးလေးသုံးပါ။ သူ ဖျားနာနေတာ အတော်ကြာပြီ။ ပြီးတော့ သူ့အခြေအနေက ပိုပြီး ဆိုးရွားလာတဲ့ပုံပဲ။ ကျွန်တော် ကြားတာတော့ သူ သေတော့မယ်တဲ့။ ဒါကအမှန်ဟုတ်မဟုတ်တော့ မသိရပါဘူး"

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now