unicode
အပိုင်း ၆၉
ဟူဖုန်းက ချီရှောက်ရုန်၏ အနားသို့ လျှောက်လာကာ ပခုံးကို လက်ဖြင့် ပုတ်ပြီး ပြောသည်။
“တပည့်ရေ မင်း လုပ်တာ ကောင်းတယ်ကွာ ““တပည့် ဟုတ်လား”
ချီရှောက်ရုန် ကြောင်သွားသည်။လီဟုန်က ချီရှောက်ရုန်၏ လုပ်ဆောင်မှုတွေကို ကြည့်ပြီးကတည်းက အလွန် သဘောကျနေခဲ့သည်။ ကျောင်းအုပ်နှင့် ချီရှောက်ရုန်ကြား ဆက်ဆံရေးကောင်းကောင်း ရှိနေမည်ဟု ထင်ထားခဲ့တာပင်။ သို့သော် မမျှော်လင့်ထားစွာပင် ထိုသို့ဟုတ်ပုံမရပေ။
ဟူဖုန်း မျက်နှာကို မဲ့ကာ ပြောသည်။
“ငါ မင်းကို ဒီလောက် အကြာကြီး သင်ပေးနေခဲ့တာတောင် ဆရာ မဖြစ်သေးဘူးလား”ချီရှောက်ရုန် ရယ်သည်။
“ ဟား ဆရာကတော့ နောက်ပြီ၊ ကျွန်တော်က ကံကောင်းသွားလို့ပါ”ချီရှောက်ရုန်ကလည်း နားလည်သည်။ သူ ဒီတစ်ကြိမ်တွင် လူများစွာကို ရန်စထားခဲ့သည်။ ဟူဖုန်းသာ သူ၏ဆရာဆိုလျှင် သူ့အတွက် အကာအကွယ် ရပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ဟူဖုန်းက အဆင့်ကိုး ဖြစ်နေသေးသည်။
လီဟုန်: ”ကံကောင်းလို့ ဟုတ်လား”
လီဟုန်က ပြောသည်။
“ချီရှောက်ရုန်က အရမ်းနှိမ့်ချတတ်တာပဲ။ သူက အရမ်းတော်တယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာ လူများစွာကို ရန်စခဲ့ပြီ”ဟူဖုန်းက ချီရှောက်ရုန်၏ လက်ထဲမှ ခါးပတ်ကို ဆွဲယူကာ ပြောသည်။
“မင်း လှည့်စားခံလိုက်ရပြီ။ ဒါက ဘာသိုလှောင် ခါးပတ်မှ မဟုတ်ဘူး။ သာမန် ခါးပတ်ပဲ။ တကယ့် သိုလှောင်ပစ္စည်းက ကျွင်းဟောင်ရဲ့ နားထဲမှာ ရှိတယ်”ချီရှောက်ရုန် အံကြိတ်သည်။
“ဒီအကောင့်ကို အဝတ်တွေ အကုန် ချွတ်ခဲ့သင့်တာ”ဟူဖုန်းက ပြောသည်။
“မစိုးရိမ်ပါနဲ့ ငါတို့ နိုင်လောက်ပါသေးတယ်။ မင်း ကျွင်းဟောင်ဆီကနေ အဆင့်ရှစ် နဂါးအမြုတေကို ယူခဲ့တယ် မဟုတ်လား။ အဲ့ဒါက အမှတ်အများကြီး တန်တယ်”ချီရှောက်ရုန်က အေးစက်စွာ နှာခေါင်းရှုတ်နေသည်။
“ပြိုင်ပွဲဝင်များ အားလုံးပဲ ကိုယ်စီ ပိုင်ဆိုင်ထားတဲ့ အမှတ်တွေကို ရေတွက်ဖို့ လာရောက်ပေးကြပါ”
ကြီးကြပ်သူ၏ အသံ ထွက်လာသည်။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...