part 135

3.6K 520 1
                                    

Unicode

အမှိုက်ကောင်ပြန်ရှင်လာပြီ

အပိုင်း (၁၃၅)

ရထားလုံးထဲတွင် ချီရှောက်ရုန်က မဲမှောင်စွာဖြင့် ရေရွတ်နေသည်။

မူတင်းရွှယ်က ချီရှောက်ရုန်ကို ကြည့်ကာ ပြော၏။
‘‘သခင်လေး ဘာဖြစ်လို့လဲ’’

ချီရှောက်ရုန်က ညင်သာစွာပြော၏။
‘‘အဲဒီ မိန်းမက ငါက ရုပ်ဆိုးတယ်လို့ပြောသွားတယ်၊ငါ စိတ်အခြေအနေ မကောင်းတော့ဘူး’’

‘‘အာ’’
မူတင်းရွှယ်လည်း မည်သို့ဆက်ပြောရမည်မှန်းမသိတော့ပေ။

ချီရှောက်ရုန်က မူတင်းရွှယ်ကို ကြည့်သည်။ထို့အပြင် သူ့ကို အာ ဟုသာအသံပြုပြီး တိတ်သွားသည့်အခါ သူအမှန်ပင် ထိုသို့ရုပ်ဆိုးကြောင်း ခံစားမိသွား၏။
ငါ့ကို နည်းနည်းပါးပါးနှစ်သိမ့်သင့်တာ မဟုတ်ဘူးလား

‘‘မင်းမှာ ဘာပြောစရာမှ မရှိဘူလား’’
ချီရှောက်ရုန်က မေးသည်။

မူတင်းရွှယ်က ချီရှောက်ရုန်ကို ကြည့်သည်။
‘‘သခင်လေး ရုပ်ရည်ဆိုတာ အပေါ်ယံအရေပြားပါပဲ၊အတွင်းစိတ်ကသာ အရေးကြီးဆုံးပါ၊သခင်လေးက ကျွင်းဟောင်လောက် မကြည့်ကောင်းဘူးဆိုရင်တောင်မှ သခင်လေးဒါကို စိတ်ထဲထားစရာမလိုအပ်ပါဘူး’’

ချီရှောက်ရုန်‘‘…’’
ကံကောင်းတာက သူမူတင်းရွှယ်ကို နည်းစနစ်တွေကို နားလည်အောင်ပြောထားခဲ့လို့ပဲ။မဟုတ်ရင်တော့ သွားပြီပဲ။
သူ မူတင်းရွှယ်ကိုသာ စီးပွားရေးကိစ္စတွေကို ကိုင်တွယ်ခိုင်းလိုက်မယ်ဆိုရင် သူ ဒေဝါလီခံသွားရမှာပဲ။ရီဖန်ရဲ့ အမြင်စွမ်းအားကတော့ ဆိုးလိုက်တာ

မူတင်းရွှယ်က ချီရှောက်ရုံ၏ မျက်နှာကို ကြည့်ပြီး မေးသည်။
‘‘သခင်လေး အဆင်ပြေရဲ့လား ’’

ချီရှောက်ရုန် ခေါင်းခါသည်။
‘‘အင်း အရမ်းအဆင်ပြေတယ်’’

‘‘သခင်လေး၊သခင်လေးကျွင်းဟောင်က သခင်လေးထက်အများကြီး ကြည့်ကောင်းမယ် ဆိုရင်တောင်မှ ကိစ္စကြီးမှ မဟုတ်တာ’’

ချီရှောက်ရုန်က မူတင်းရွှယ်ကို ကြည့်ကာ တွေးလိုက်၏။
မူတင်းရွှမ်ကို ပါးစပ်ပိတ်နေခိုင်းတာက အကောင်းဆုံးဖြစ်မယ်လို့ ငါသိသွားပြီ။
သူ့မှာ ခွေးသွားတွေရှိနေတာပဲ။ပြောလိုက်တိုင်း စိတ်ပျက်စရာတွေပဲ။
…..

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now