1111အွန်လိုင်းဈေးရောင်းပွဲတော်
Descriptionတွင်ကြည့်ပါ
အပိုင်း ၂၈
ချီရှောက်ရုန်က ရီဖန်ကို ကြည့်ကာပြောသည်။
“အခြားနည်းလမ်း မရှိတော့ဘူးလား”
ရီဖန်က ခေါင်းခါကာပြောသည်။
“နည်းလမ်းတော့ရှိပေမယ့် ဒီကပ်ပါးကောင်က ဆေးစွမ်းအင်အားလုံးကို စုပ်ယူထားလို့ မိန်းကလေးကျွင်းနဲ့ သွေးသားတော်စပ်တဲ့သူက ဒါကို ခြေဖျက်ပေးလို့တော့ရတယ်၊ ဒါက ကျား၂ကောင် တိုက်ခိုက်သလိုဖြစ်နိုင်ပြီး တစ်စုံတစ်ယောက်ကတော့ ပြင်းပြင်းထန်ထန် နာကျင်ရလိမ့်မယ်။ အောင်မြင်နိုင်ချေက နှစ်ဆယ်ရာခိုင်နှုန်းပဲရှိတယ်”
ကျွင်းချန်က မျက်မှောင်ကျုံ့သည်။
“နှစ်ဆယ်ပဲ ဟုတ်လား”
ရီဖန်က ခေါင်းညိတ်သည်။
“နှစ်ဆယ်ကတောင် မဆိုးဘူးလို့ ပြောရမှာ၊ ဘာပဲဖြစ်ဖြစ် မိန်းကလေးကျွင်းရဲ့ အစာအိမ်ထဲမှာ ကပ်ပါးကောင်က ရှိနေခဲ့တာလေ။ အကျိုးသာနေတဲ့ အချိန်မျိုးမှာ တစ်စုံတစ်ယောက်ကသာ သူမကို ဝိညာဉ်စွမ်းအင်တွေ ပေးလိုက်မယ်ဆိုရင် ဒီကပ်ပါးကောင်ကို သေချာပေါက် တိုက်ခိုက်နိုင်လိမ့်မယ်၊ အဲဒီချိန်ကျရင် အောင်မြင်နိုင်နှုန်းက ခုနှစ်ဆယ်အထိ မြင့်တက်သွားလိမ့်မယ်”
ကျွင်းချန်က ခေါင်းညိတ်သည်။
“ဒါကမှ ပိုကောင်းသေးတယ်”
ရီဖန်က ကျွင်းချန်ကို ကြည့်ကာပြောသည်။
“အဲဒီ ၅၀ဆိုတာက ကပ်ပါးကောင် သေသွားမယ်ဆိုရင်တောင်မှ မိန်းကလေးကျွင်းကို စွမ်းအားတွေပေးတဲ့ သူရဲ့စွမ်းအားက ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
“ငါ လုပ်မယ်”
ကျွင်းလင်းယွမ်က ပြောသည်။
ရီဖန်က ကျွင်းလင်းယွမ်ကို ကြည့်ကာပြောသည်။
“အကြီးအကဲကျွင်းက သမီးကို တကယ်ချစ်တာပဲ”
ကျွင်းလင်းယွမ်က ခါးသီးစွာပြုံးသည်။
“မဟုတ်တာ ဒါက ငါ့အမှားတွေပါ”
“အဖေ ဒီလောက်ထိ လုပ်ဖို့ မလိုအပ်ပါဘူး၊ ဒါက စွမ်းအား ခုနှစ်ဆယ်ရာခိုင်နှုန်းတောင် ဆုံးရှုံးသွားမှာလေ၊ ဖြစ်နိုင်မယ်ဆိုရင် အခြားနည်းလမ်းကိုပဲ သုံးစေချင်တယ်”
ရီဖန်က ကျွင်းလင်းယွမ်နှင့်ကျွင်းလင်းတို့ကို ကြည့်ကာပြောသည်။
“ခင်ဗျားတို့ အချိန်ယူလိုက်ကြပါ၊ ကျွန်တော် ပြန်လာခဲ့မယ်”
ချီရှောက်ရုန်က ရီဖန်၏အနောက်မှ လိုက်လာသည်။
“ဘာဖြစ်လို့လဲ မင်း နေမကောင်းဘူးလား”
ရီဖန်က မျက်မှောင်ကြုတ်သည်။
“ဘာရယ်မဟုတ်ပါဘူး၊ ဒီလိုမြင်ကွင်းမျိုးတွေဆိုရင် ငါ မသက်မသာ ဖြစ်တယ်လေ”
ရီဖန်က မျက်လုံးကို မှိတ်လိုက်သည်။ သူ့မိခင် ရီရွှမ်းနှင့် လက်ထပ်ခဲ့ချိန်တွင် ရီရွှမ်းက သူမကို မိသားစုမှ ပဏာမဇနီးအဖြစ် လက်ထပ်ယူခဲ့သည်။ သို့သော် သူသား၏အရည်အချင်း အဆင့် သတ်မှတ်ချက်က မကောင်းသောကြောင့် နောက်ဆုံးတွင် ရီရွှမ်းက ပါရမီကြီးလှသော သားနှစ်ယောက်ကို အပြင်ဖက် မိသားစုကွဲမှ ခေါ်လာခဲ့ပြီး အဓိကအိမ်တော်တွင် နေစေသည်။
ရီမိသားစုက ရီဟောင်နှင့် ရီပင်းတို့ကို မွေးရာပါပါရမီကိုသာ ကြည့်ပြီး မြင့်မားစွာ တွေးထားကြသည်။ သူမွေးဖွားလာသည့်အခါ ရီရွှမ်းက သူ့ကို အလွန်နှစ်သက်ခဲ့သော်လည်း သူ့သားတွေနဲ့ အလွန်ကွာခြား သွားခဲ့ပေ၏။ သူ၏မိခင်က အလွန်ညင်သာသိမ်မွေ့သည့် အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း စိတ်ပျော့သည်။ ထို့ကြောင့် နောက်ဆုံးတွင် သေသွားရတော့ပေ၏။
ထို့အပြင် ရီဖန်၏ပါရမီက သိပ်မဆိုးရုံသာရှိသည့်အတွက် သူ၏ဖခင်က အာရုံ မစိုက်တော့လေဘဲ ကိုယ်လုပ်တော်တွေ လက်ထဲသို့သာ ထားခဲ့တော့ပေ၏။
ချီရှောက်ရုန်က ရီဖန်၏ပုခုံးကို ပုတ်ကာပြောသည်။
“စိတ်အေးအေးထားပါ”
ကျွင်းဟောင်က ချီရှောင်ရုန်နှင့် ရီဖန်တို့၏ အမူအရာကို လှမ်းကြည့်ကာ မျက်မှောင်ကျုံ့နေသည်။ ကျွင်းချန်က ကျွင်းဟောင်အနားတွင် ရှိနေသည်။ သူကပြော၏။
“အစ်ကိုကြီး နတ်ဆိုးသမားတော်နဲ့ အဲဒီလူထူးလူဆန်းက တော်တော်လေးကို ဆက်ဆံရေးကောင်းတဲ့ပုံပဲ”
ကျွင်းဟောင်က လက်သီးကိုဆုပ်ကာအံကိုကြိတ်သည်။
“ငါ မြင်တယ်”
ကျွင်းချန် “…”
ကျွင်းရန်ချွမ်က ချီရှောက်ရုန်တို့ အနားသို့ ရောက်လာကာ ပြောသည်။
“အကြီးအကဲနတ်ဆိုးသမားတော် ကျွန်တော် ခင်ဗျားနဲ့ နှစ်ယောက်တည်း စကားပြောလို့ရမလား”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ရတာပေါ့”
ချီရှောက်ရုန်က ရီဖန်ကို ခေါင်း တစ်ချက် ညိတ်ပြပြီးနောက် ကျွင်းရန်ချွမ်အနောက်သို့ လိုက်သွားသည်။ ကျွင်းရန်ချွမ်က ချီရှောက်ရုန်ကို ပြောသည်။
“အကြီးအကဲ နတ်ဆိုးသမားတော် အဲဒီလူက ယုံကြည်ရပါသလား”
“မယုံကြည်ရဘူး”
ချီရှောက်ရုန်က ပြန်လည်တွေးတောခြင်းပင် မပြုဘဲဖြေသည်။
ကျွင်းရန်ချွမ်း၏အမူအရာက ပြောင်းလဲသွားကာ ချီရှောက်ရုန်ကို ကြည့်သည်။ ချီရှောက်ရုန်က ပြုံးလိုက်၏။
“သူက မယုံကြည်ရဘူးဆိုပေမယ့် သူ့ရဲ့နတ်ဆိုးမှော်ပညာအပိုင်းမှာတော့ ကျွန်တော့်ထက်ပိုပြီး ယုံကြည့်ရပါတယ်၊ သခင်သုံးက ဒီထက်ပိုပြီး ယုံကြည်ရတဲ့သူမျိုးကို ရှာတွေ့တယ်ဆိုလည်း ကိစ္စမရှိပါဘူး ကျွန်တော်တို့ အခုချက်ချင်း ထွက်သွားမှာပါ”
ကျွင်းရန်ချွမ်က ချီရှောက်ရုန်ကို ကြည့်သည်။
“ကျွန်တော် ဒီလိုဆိုလိုတာ မဟုတ်ပါဘူး နတ်ဆိုးသမားတော်၊ ဒါပေမယ့် ကျွန်တော်ရဲ့တူမလေးက ဒီလောက်ထိ ခံစားခဲ့ပြီးပြီဆိုတော့ ဒီထက်ပိုပြီး မခံစားစေချင်တော့လို့ပါ အထူးသဖြင့် သူမကို ရှင်သန်စေချင်ပါတယ်”
ချီရှောက်ရုန်က ခါးသီးစွာ ပြုံးသည်။
“ဘယ်သိူသိနိုင်မှာလဲ လူနာကသာ စိတ်ကျေနပ်မယ်ဆိုရင် ကျွန်တော်တို့တွေက ငွေပမာဏက အပြည့်ဖြစ်မှာလေ”
ကျွင်းရန်ချွမ် “…”
ချီရှောက်ရုန်က ကျွင်းရန်ချွမ်ကို နောက်လိုက်သည်။ ထိုအချိန်တွင် ရီဖန်က ကျွင်းဟောင်နှင့် ကျွင်းချန်တို့နဲ့ စကားပြောနေ၏။
“နတ်ဆိုးသမားတော်နဲ့ ခင်များနဲ့ သိတာဘယ်လောက်ကြာပြီလဲ”
ကျွင်းဟောင်က မေးသည်။
ရီဖန်က ခေါင်းညိတ်သည်။
“တော်တော်ကြာပြီ”
“ဒါဆိုရင် လူကြီးမင်း ကျွင်းဟောင်က ချီရှောက်ရုန်ရဲ့ စေ့စပ်ပွဲဖျက်သိမ်းတာကို ဘယ်လို ထင်ပါသလဲ”
ရီဖန်က မေးသည်။
ကျွင်းချန် မျက်မှောင်ကြုတ်လိုက်သည်။ သူက သိချင်စိတ်အပြည့်ဖြင့် မေးလာ၏။
“အကြီးအကဲနတ်ဆိုးသမားတော် ပြောတာတော့ သူနဲ့ ချီရှောက်ရုန်က တော်တော်လေးကို ရင်းနှီးတာတဲ့၊ ခင်ဗျားကလည်း နတ်ဆိုးသမားတော်ရဲ့ မိတ်ဆွေဆိုတော့ ချီရှောက်ရုန်နဲ့ ရင်းနှီးနေတာပဲလား”
ရီဖန်က ခေါင်းညိတ်သည်။
“ချီရှောက်ရုန်နဲ့ငါက တော်တော်ရင်းနှီးတယ်လို့ ပြောလို့ရတယ်”
ကျွင်းချန်က ပါးဖောင်းကာ သက်ပြင်းရှည်ကြီး မှုတ်ထုတ်ပြီး ပြောသည်။
“အကြီးအကဲနတ်ဆိုးသမားတော် ပြောတာက သူနဲ့လူကြီးမင်းချီက အရမ်း အရမ်းရင်းနှီးပြီး တစ်ခန်းတည်း အတူနေကြတာဆို”
“နတ်ဆိုးသမားတော်နဲ့ ချီရှောက်ရုန်က ဆက်ဆံရေးကောင်းကြပါတယ်၊ ငါတောင်မှ သူတို့နဲ့ ဒီလောက် ဆက်ဆံရေးမကောင်းဘူး”
ရီဖန်က ပြောသည်။
“လူကြီးမင်းက ချီရှောက်ရုန်နဲ့ ဘယ်လို မိတ်ဆွေဖြစ်သွားတာလဲ”
ကျွင်းချန်က မေးသည်။
ရီဖန်က ပြောသည်။
“ကံကြမ္မာကြောင့်ပဲပေါ့”
“သခင်လေးကျွင်း တစ်ရက်မှာ ဒီလိုစေ့စပ်ပွဲဖျက်သိမ်းခဲ့လို့ နောင်တရလာမယ် ထင်တယ်၊ ရှောင်ရုန်က တကယ့်ကို ပြိုင်ဘက်ကင်းတဲ့အလှလေးပါ”
ကျွင်းချန် “…”
‘ရှန်းယွမ်ပြောတော့ ချီရှောက်ရုန်က ရုပ်ဆိုးတယ်ဆို'
“ကျွန်တော် ဒါကို ဂရုမစိုက်ဘူး”
ကျွင်းဟောင်က ပြောသည်။
ရီဖန်က ပုခုံးတွန့်ပြ၏။
“တစ်ရက်ကျရင် မင်း စိတ်မကောင်းဖြစ်လာလိမ့်မယ်၊ ငါ နောက်နေတာမဟုတ်ဘူး၊ အခု ချီရှောက်ရုန် အကြောင်းကို မပြောတော့ဘူး၊ အခြားအကြောင်းတွေ ပြောကြရအောင်”
ကျွင်းဟောင် “…”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...