Part 6

10.7K 1.6K 21
                                    

Zawgyi
အပိုင်း ၆

ရှန်းယွမ်က ချီရှောက်ရုန်ကို ကြည့်ကာပြောလာသည်။

"နတ်ဆိုးသမားတော် ကုသစရိတ်က များလွန်းတယ်လို့မထင်ဘူးလား"

ချီရှောက်ရုန်က ခေါင်းခါသည်။ သူက မကျေမနပ်ပြော၏။

"ဘယ်လို များနိုင်မှာလဲ။ ငါကသာ မျက်နှာကို ခွဲစိတ်ပြုပြင်တာမျိုး လုပ်မယ်ဆိုရင် ဒီလိုတူညီတဲ့ သဘောတူညီချက် စာချုပ်မျိုး လုပ်ခဲ့တာပဲ။ ခွဲစိတ်တာ မအောင်မြင်တာပဲဖြစ်ဖြစ် မျက်နှာက ပုံပျက်သွားတာပဲဖြစ်ဖြစ် ငါ ဘာကိုမှ တာဝန်ယူမှာ မဟုတ်ဘူး"

"ဒါဆို ခင်ဗျားရဲ့ လူနာတွေကရော လက်ခံကြတာပဲလား"

ရှန်းယွမ်က မကျေမနပ်မေးသည်။

"ဒါပေါ့ ငါ့ကို ဒီလောက် လိုက်ရှာတဲ့သူတွေ များနေတာ။ သဘောမတူတဲ့သူတွေကို လျစ်လျူရှု ထားလိုက်မှာပေါ့"

ချီရှောက်ရုန်က ဖြေသည်။

"ပြောရမယ်ဆိုရင် ငါ ဒီမြို့တော်ကို လာတဲ့အချိန်မှာ မရေမတွက်နိုင်တဲ့သူတွေက ပိုက်ဆံအများကြီးသုံးပြီး ငါ့ကို ခွဲစိတ်ပြုပြင်ပေးဖို့ တောင်းဆိုနေကြတုန်းပဲ။ အနှစ်ချုပ်ဆိုရင် ခွဲစိတ်ပြုပြင်တာက ပိုပြီးတော့ ဝန်ပေါ့တယ်။ အကျိုးအမြတ်လည်း ပိုများတယ်။ တကယ်လို့ ဒီတတိယသခင်ကသာ ဒီလောက် ခန့်ညားချောမောနေပြီး ဒီလိုလူမျိုး သေသွားမှာကိုသာ မနှမြောနေခဲ့ရင် ငါလက်ခံမိမှာ မဟုတ်ဘူး"

ချီရှောက်ရုန်က လက်ကိုဆန့်ထုတ်ကာ ရှန်းယွမ်၏ပုခုံးကို တဖက်ဖက်ပုတ်ကာပြောသည်။

"ဥပမာအားဖြင့် ရှန်းရှောက်ကသာ တတိယသခင်ရဲ့ နေရာမှာဆိုရင် စိတ်မကောင်းပါဘူး။ ငါကတော့ ကယ်ဖို့ မဖြစ်နိုင်တော့ဘူး။ နာရေးကိစ္စတွေကို ကြိုလုပ်ပြီး ဝမ်းနည်းမှုတွေကို ကြိုတင်ပြင်ဆင်ထားတော့လို့ပဲ ပြောနိုင်လိမ့်မယ်"

ရှန်းယွမ် "..."

ချီရှောက်ရုန်က ကျွင်းဟောင်ကို ပြုံးကာပြောသည်။

"သခင်ကျွင်း ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချပြီးပြီဆိုရင် ငါ့ကို လာရှာလိုက်ပါ။ ဒါပေမဲ့ ခုနစ်ရက်ထက် ပိုကျော်သွားရင်တော့ လာမရှာပါနဲ့။ နောက်ပြီး အလင်းစွမ်းအင်နဲ့ ထပ်မံ ကုသပြီးပြီ ဆိုရင်လည်း လာမရှာပါနဲ့။ အဲ့ဒီအချိန်ကျရင် သုံးဆပေးမယ်ဆိုရင်တောင် ငါ မကုနိုင်တော့ဘူး"

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now