Unicode
အပိုင်း ၁၂၃
“စကားမစပ်ငါ ကြားခဲ့တာ ရှိတယ်။”
ထန်းထျန်းရင်က အတင်းပြောရန်အနားသို့ ကပ်လာသည်။ သူ၏မျက်နှာကို ယပ်တောင်ဖြင့်ကွယ်ကာ ပြော၏။“ဘာလဲ။”
ကျွင်းချန်ကလည်း ဝင်မေးလာသည်။ထန်းထျန်းရင်က ပြုံး၏။
“အားချန် ခန့်မှန်းကြည့်ပါလား။”“စတုတ္ထမင်းသားက လူလိမ်ပဲ၊ ကျွန်တော့်ကိုသာ တိုက်ရိုက်ပြောလိုက်ပါ။”
“ချီရှောက်ရုန်...သတို့သမီးလောင်းကို သယ်လာပေးမယ့်သူက ဘယ်သူဖြစ်နိုင်မလဲလို့ ခန့်မှန်းကြည့်။”
“ချီမိသားစုကတော့ မဟုတ်တာ သေချာတယ်၊ ချီရှောက်ရုန်က ဒီလူတွေနဲ့ မပတ်သက်ဘူး၊ သူက မိသားစုကို ပြန်သွားဖို့က လုံးဝမဖြစ်နိုင်ဘူး၊ ဒီတော့ ချီမိသားစုက လူမဖြစ်ဖို့က အသေချာဆုံးပဲ၊ ချီမိသားစုကလူ မဟုတ်မှတော့ ကျောင်းအုပ်ဟူဖုန်းပေါ့။”
ထန်းထျန်းရင်က ပြုံးသည်။
“ငါလည်း ဟူဖုန်းလို့ထင်ခဲ့တာပဲ၊ ဒါပေမယ့် ထျန်းလန်အကယ်ဒမီက ကြားခဲ့တဲ့အတိုင်းဆိုရင် ချီရှောက်ရုန်က ရီဖန်လို့ ရွေးလိုက်တယ်၊ ချီရှောက်ရုန်က ပိုက်ဆံကို ထိန်းသိမ်းထားချင်တယ်တဲ့လေ။”ကျွင်းချန်က နှုတ်ခမ်းစူသည်။
“ရီဖန်...သူက ရီမိသားစုကအကောင်ပဲ။”မိသားစုလေးခုက အမြဲယှဉ်ပြိုင်နေခဲ့ကြကာ ချီမိသားစုနှင့်ရီမိသားစုက မည်သည့်အချိန်ကမျှ ဆက်ဆံရေးမကောင်းခဲ့ပေ။ ချီရှောက်ရုန်နှင့်ရီဖန်က အလွန်ရင်းနှီးနေကြ၏။
ချီရှောက်ရုန်က ရီဖန်ကို သူ့ကို ပို့ဆောင်ပေးရန်ပင် ဖိတ်ကြားခဲ့သေးသည်။ ရီမိသားစုနှင့်ချီမိသားစုကသာ ကြားခဲ့ပါက ချီရှောက်ရုန်ကိုသာ ဝိုင်းမုန်းကြတော့မည် ဖြစ်သည်။
ထန်းထျန်းရင်က ကျွင်းဟောင်ကို တည်ငြိမ်စွာကြည့်ကာ ပြော၏။
“အားဟောင်က မအံ့ဩတဲ့ပုံပဲ။”ကျွင်းဟောင်က တည်ငြိမ်စွာဖြင့် လက်ဖက်ရည်တစ်ငုံ သောက်ပြီးပြော၏။
“သူသာ စေ့စပ်ထားတာကို ဖျက်သိမ်းတာ မဟုတ်ရင် ဘာမဆိုအဆင်ပြေတယ်။”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...