အပိုင်း ၂၉ ကျွင်းလင်း နေကောင်းသွားပြီ
ကျွင်းဟောင်သည် ရီဖန်ကို အသက်ပြင်းပြင်း ရှူကာ ပြန်ကြည့်လိုက်သည်။
“အစ်မလင်း အဆင်ပြေနိုင်မှာလား”“ဒါက သူမရဲ့ ကံအပေါ်မူတည်တယ်။ သူမကသာ ကပ်ပါးကောင်ရဲ့ ဆေးအစွမ်းကို ဝါးမြိုနိုင်မယ်ဆိုရင် ရာစုနှစ်နဲ့ချီ ကျင့်ကြံထားလောက်အောင် စွမ်းအားတွေ တိုးတက်လာလိမ့်မယ်”
ကျွင်းချန်၏ မျက်၀န်းတို့ တောက်ပသွားလေသည်။
“မိုက်သားပဲ”“ဒါပေမယ့် မင်း မအောင်မြင်ရင် သေရမှာလေ”
ကျွင်းလင်းယွမ် ရှေ့ထွက်လာကာ ပြောသည်။
“ဆရာသခင် ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ။ ကျွန်တော် လင်းအာကို ကယ်မယ်။ လင်းအာသာ တစ်ခုခုဖြစ်သွားရင် ကျွန်တော် ဆက်ရှင်နိုင်တော့မယ် မထင်ဘူး”ရီဖန်က သူ့ကို ကြည့်သည်။
“ခင်များက ဖခင်ကောင်းပဲ”ရီဖန်က စာရင်းတစ်ခု ထုတ်ပေးသည်။
“ဒါက ဆေးစာရင်းပဲ။ ဒီဆေးတွေကိုသာ မိန်းကလေးလင်းကို သုံးခိုင်းလိုက်ပါ ဆေးစွမ်းကို ထိန်းချုပ်ပြီး ကပ်ပါးကောင်ကို တိုက်ဖျက်ဖို့ကတော့ ခင်များ ကူညီရမယ်။ ကျန်တာကတော့ မိန်းကလေးလင်းနဲ့ပဲ သက်ဆိုင်တော့မယ်”“ကျေးဇူးတင်ပါတယ်”
ကျွင်းလင်းယွမ်က ပြောသည်။နှစ်ရက်ကြာပြီးနောက် ကျွင်းလင်း၏ ခြံ၀န်းထဲ ရေလှိုင်းတို့ မြင့်တက်လာကာ တံခါးပင် လှိုင်းဖြင့် ရိုက်ခတ်မိပြီး ကျိုးပဲ့သွားလေသည်။
ကျွင်းချန်က ပျော်ရွှင်စွာ ပြောသည်။
“အစ်မလင်း ပြန်ကောင်းသွားပြီထင်တယ်။ အခု မှော်စွမ်းအင်ဖိအားကို ခံစားနေရပြီ”ခြံ၀န်းတွင် ရှိကာ စောင့်ဆိုင်းနေသည့် ရီဖန်က သက်ပြင်းချသည်။
“ကျော်ဖြတ်နိုင်သွားပြီပဲ။ ဒါက မိန်းကလေးလင်း စွမ်းအား မထိန်းချုပ်နိုင်သေးလို့ ဖြစ်လာတာပဲ”ချီရှောက်ရုန်လည်း ခေါင်းညိတ် လိုက်သည်။
“ဟုတ်တယ်။ တော်တော် ကံကောင်းတာပဲ”ရီဖန်က ထရပ်ကာ ပြောသည်။
“ဒါဆို ကျွန်တော် သွားတော့မယ်”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...