Part 7

10.1K 1.6K 27
                                    

Zawgyi
အပိုင်း-၇

ချီဟန်က ခေါင်းညိတ်ကာဆိုသည်။

"ဒါပေါ့ သခင်လေးက ပြောဖူးတယ်။ အချိန်က ပိုက်ဆံနဲ့ ညီမျှတယ်တဲ့။ တစ်မိနစ်တစ်စက္ကန့်ကလဲ ဖြုန်းတီးလို့ မဖြစ်ဘူး။ အချိန်ကိုဖြုန်းတီးတာက ဘဝကို အဆုံးရှုံးခံလိုက်သလိုပဲ လူတိုင်းက သခင်လေးရှန်းလိုမျိုး အားလပ်နေကြတာမှ မဟုတ်တာ။ သူများတွေအတွက်တောင်မှ အလုပ်လိုက်ရှုပ် ပေးနိုင်ကြသေးတယ်"

ရှန်းယွမ် "..."

ချီဟန်က ခေါင်းလှည့်ကာ ကျွင်းဟောင်ကို ကြည့်ပြီး ပြောသည်။

"ကျွင်းရှောက်က သဘောတူညီချက်စာချုပ်မှာ လက်မှတ်ထိုးပြီးသွားပြီလား"

ကျွင်းဟောင်က ခေါင်းညိတ်ကာပြောသည်။

"ငါ ထိုးပြီးသွားပြီ"

ချီဟန်က စာချုပ်ကို စစ်ဆေးပြီးနောက်ပြောသည်။

"ကျွင်းရှောက်က နှစ်ရက်ထဲ ကြာသေးတာတောင် လက်မှတ်ထိုးပြီးသွားပြီပဲ။ ဒီထက်ပိုပြီး ကြာဦးမယ်တောင် ကျွန်တော်က ထင်နေတာ"

"များများ အချိန်ဆွဲလေလေ အန္တရာယ်က ပိုများလေလေပဲ မဟုတ်လား"

ကျွင်းဟောင်က မေးသည်။

ချီဟန်က ခေါင်းညိတ်ကာဖြေသည်။

"အမှန်ပဲ ဒါပေမဲ့သာမာန်သူတွေကတော့ ဒီလောက်ထိမြန်မြန် စိတ်မဆုံးဖြတ်နိုင်ကြဘူးလေ"

"ခဏနေပါဦး။ ဒီမှာ ကျေးဇူးပြုပြီး စောင့်ကြပါ။ ကျွန်တော် အထဲကို ဝင်ပြီး အခြေအနေကို ကြည့်လိုက်ဦးမယ်"

ချီဟန်က စာချုပ်ကို ယူပြီးနောက် အထဲသို့ဝင်သွားသည်။

ရှန်းယွမ်က မျက်မှောင်ကြုတ်ကာ ပြောသည်။

"ဘာလို့ နတ်ဆိုးသမားတော်ရော သူရောက ငါ့ကို ရန်လိုနေတယ်လို့ ခံစားနေရတာလဲ"

ကျွင်းချန်က ရှန်းယွမ်ကိုကြည့်ပြီးနောက် မျက်မှောင်ကြုတ်ရင်း ပြောလာသည်။

"အစ်ကိုရှန်း အတွေးလွန်နေတာပဲ ဖြစ်မှာပါ"

ရှန်းယွမ်က မျက်မှောင်ကြုတ် လိုက်သည်။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now